ကျောက်စိမ်းအရိုင်းတုံးကိုဝယ်ဖို့ဘာတွေသိထားသင့်သလဲ???

ကျောက်စိမ်းအရိုင်းတုံးကိုဝယ်ဖို့ဘာတွေသိထားသင့်သလဲ??? google

ကျောက်စိမ်းရိုင်းတုံးတစ်တုံးကိုဝယ်မည်ဆိုပါက သိထားသင့်သည့်အချက်များကိုအောက်တွင်ဖော်ပြထားပါသည်။

 

(၁) ယမ်း ကိုကြည့်

 

ယမ်းကြမ်းလျင် အသားကြမ်းမယ် ယမ်းညက်ရင်အသားချောမယ် ယမ်းစိပ်ရင် အသားတင်းမယ်။

 

ယမ်းကြဲရင်ကျောက်သားပျော့မယ်။ ယမ်းပြားကိုရှောင်ရပါမယ်။


(၂) အခွံကိုကြည့်


မြေမှန်၊အမဲကြော(ကုန်းကျောက်)မှာ အခွံညက်ခြင်း၊ အခွံရွခြင်း၊ အခွညီခြင်းရှိလျင် အသားကောင်းသည်၊

 

အခွံကြပ်ခြင်း၊ မညီခြင်း၊ ချောခြင်းရှိလျင်ကျောက်သားညံ့တတ်သည်။


ရေခွံမှာ အခွံချောခြင်း၊ အခွညက်ခြင်း၊ အဆီရှိလျင် အသားကောင်းသည်။ အခွံကြမ်းခြင်း၊

 

မညီညာခြင်းရှိလျင်ကျောက်သားညံ့သည်။


(၃) မန်းကိုကြည့်


ကောက်လျော့မန်းကိုရှောင် ရှင်းရောတဲ့အရေကိုရှောင်၊ အပြာရိပ်ရှိသောအရေကိုရှောင်ရပါမယ်။

 

အရေပွေး၊အရေပန်း၊အရေမန်း အားကောင်းလျင် အရည်ဝင်နိင်သည်။


(၄) အထိုင်ကိုကြည့်


ကျောက်စိမ်းသည် ဖိအားမြင့်အသွင်ပြောင်းကျောက်ဖြစ်သဖြင့် ထောင့်ချိုးများရှိသောအထိုင်သည်

 

ကျောက်သားကောင်းသည်။ကျောက်လုံး ကျောက်ပြားကိုရှောင်ရပါမယ်။


(၅) အဖျက်တွေကိုကြည့် (အဖျက်၃ခုအထက်ပါလျင် အဖျက်အားသည် ကျောက်၏ ၅ ပုံ ၁ပုံပါလျင် မ၀ယ်သင့်)


အနာ- မြင်းမြှီးရိုက်။ဝက်မျှင်၊ယို့နာ၊မိုင်းဒါဏ်၊လျိုနာ

ရှင်း - ရှင်းစိမ်း၊ရှင်းမဲ၊ကပ်ရှင်း၊ဆိုက်ရှင်း။


အမဲရောင်အဖျက်များ - ငါးချိတ်၊ဖားမျက်စံ၊ဖြုတ်ချေး၊ခေ့၊မောက်သား။


ယမ်းဖျက်-ယင်ထောင်၊မာယား၊ခွေးရိုးထိုးယမ်းပြားများ ကိုရှောင်။


(၆) လုပ်ချက်ကိုကြည့်


ဆေးချက်ကျန်လား ၊ ကွမ်ရမှာလား ၊ ဖြတ်ရမှာလား၊ လုပ်ချက်မကျန်ရင် ဒီတိုင်းရောင်ခွင်လှလား။


(၇) ဈေးကိုချင့်ချိန်


သူကဘယ်လောက်ရောင်းမှာလဲ အနည်းဆုံးဈေးဘယ်လောက်နဲ့ရောင်းမှာလဲ

 

ကိုယ်က ဘယ်သူကိုပြန်ရောင်းမှာလဲ ဘယ်လိုင်းလဲ ကိုရမယ့်ဈေးထက်တ၀က်ကျော်နည်းမှဝယ်သင့်ပါတယ်။

 

Source:ဖားကန့်သတင်းများ

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)