ကမ္ဘောဒီးယား ရွှေထုတ်လုပ်မှု ၈ ဒသမ ၂၈ တန်ကျော်အထိ ရောက်ရှိ

ကမ္ဘောဒီးယား  ရွှေထုတ်လုပ်မှု ၈ ဒသမ ၂၈ တန်ကျော်အထိ ရောက်ရှိ

ကမ္ဘောဒီးယား  ရွှေထုတ်လုပ်မှု ၈ ဒသမ ၂၈ တန်ကျော်အထိ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 


photo_2023-09-27_13-18-49.jpg

ကမ္ဘောဒီးယားတွင် တွေ့ရသော ရွှေသတ္တု အရိုင်းတုံး

 

ကမ္ဘောဒီးယားသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် စီးပွားဖြစ် ရွှေတူးဖော်မှုစတင်ကတည်းက ရွှေစင် ၉၀ ရာခိုင်နှုန်း ၈.၂၈ တန်ကျော် ထုတ်လုပ်ခဲ့သည်။

 

သတ္တုတွင်းနှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်သတ္တု အရင်းအမြစ်များ ဦးစီးဌာန အထွေထွေ ညွှန်ကြားရေးမှူး Ung Dipola က လက်ရှိတွင်  ရွှေတူးဖော်သည့် ကုမ္ပဏီ ခြောက်ခုရှိကြောင်း ပြောကြားသည်။

 

ယခုနှစ် စက်တင်ဘာလ ၂၂ ရက်အထိ ကုမ္ပဏီခြောက်ခုမှ အလေးချိန် ၈,၂၂၈ ကီလိုဂရမ်အလေးချိန်ရှိသော ရွှေချောင်း ၉၁၉ ချောင်းကို ထုတ်လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းသတ္တုတူးဖော်ရေး လုပ်ငန်းများမှ တူးဖော်ခွင့် လိုင်စင်ကြေးနှင့် အခွန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ကို အစိုးရက ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

ကမ္ဘောဒီးယားသည် Mondulkiri ပြည်နယ်ရှိ Keo Seima ခရိုင်တွင် ရွှေတူးဖော်ခြင်းကို ၂၀၂၁ ခုနှစ် ဇွန်လတွင် ရွှေတူးဖော်မှု စတင်ခဲ့ပါသည်။

 

ဩစတေးလျနိုင်ငံမှ Emerald Resources NL လက်အောက်ခံလုပ်ငန်း Renaissance Minerals မှ ရွှေတွင်း ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ပါသည်။

 

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 27 September 2023 13:21
Rate this item
(0 votes)