ရွှေသတ္ထုအကြီးစားထုတ်လုပ်ရန် လိုင်စင် ဆိုင်းငံ့ထားမှုများကို ဆက်လက်ဆောင်ရွက်မည်

ရွှေသတ္ထုအကြီးစားထုတ်လုပ်ရန် လိုင်စင် ဆိုင်းငံ့ထားမှုများကို ဆက်လက်ဆောင်ရွက်မည်

ရွှေသတ္ထုတွင်းတူးဖော်သူများနှင့် သန့်စင်သည့်သူများအနေဖြင့် အကြီးစား ထုတ်လုပ်မှုလိုင်စင်လိုအပ်သောကြောင့် ခွင့်ပြုမိန့်ရရှိရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြင့် ရွှေသတ္ထုအကြီးစားရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေသတ္ထုအကြီးစား ရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့်လျှောက်ထားခြင်းအပေါ် လတ်တလောခွင့်ပြုမိန့်ချထားပေးရန် မဖြစ်နိုင်သေးပါသဖြင့် ဆိုင်းငံ့ထားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္ထုတွင်းလုပ်ငန်းက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံ ပြန်လည်အကြောင်း ကြားထားသည့်အတွက် ယင်းကို ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း ပြည်ပသို့ ရွှေသတ္ထုအကြီးစား ရောင်းချခြင်းနှင့် ဝယ်ယူခြင်းအတွက် ကျပ်သိန်း ၂၀ဝ၀ အထက်ကို အကြီးစားရောင်းဝယ်မှု ၊ ကျပ်သိန်း ၁၀ဝ၀ အထက်ကို အလတ်စားရောင်းဝယ်မှုနှင့် ကျပ်သိန်း ၅၀ဝ အောက်ကို အသေးစား ရောင်းဝယ်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေသတ္ထုအကြီးစားရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့်ရရှိရေးကို Covid ရောဂါ ဖြစ်ပွားမှုပြီးပါက ပြန်လည်လျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ပသို့ ရွှေတင်ပို့ရာ၌ One Stop Service (OSC)တွင် စည်ပင်မှ ခွင့်ပြုထားသည့် ဆိုင်လိုင်စင်ရှိသူနှင့် သတ္ထုတွင်းလိုင်စင်ရှိသောသူများ တင်ပို့နိုင်မည်ဖြစ်ပြီး အကြီးစားထုတ်လုပ်တင်ပို့ရောင်းချမှုများအတွက်ကိုမူ ခွင့်ပြုမိန့်ရရှိရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 


Ref: CityNews

Read times
Rate this item
(0 votes)