တ႐ုတ္ ရတနာဘုရင္မ ေႂကြးႏြံနစ္

တ႐ုတ္ ရတနာဘုရင္မ ေႂကြးႏြံနစ္

တ႐ုတ္ႏိုင္ငံမွာ စီးပြားေရး ေႏွးေကြးေနသည္။ သို႔ျဖစ္ရာ ႏိုင္ငံတြင္းရွိ အႀကီးမားဆုံး ပုဂၢလိက ကုမၸဏီအခ်ဳိ႕တို႔ ေငြမလည္သျဖင့္ ေခ်းေငြမ်ား မႏိုင္မနင္း ျဖစ္ကုန္သည္။

လြန္ကၽြံေနေသာ အေႂကြးကို စီမံေပးႏိုင္ဖို႔ ႀကိဳးစား ႐ုန္းကန္ေနၾကရသည္။

 

သူမ အသက္ ဆယ္ေက်ာ္သက္အရြယ္ ၁၉၇၀ ျပည့္လြန္ႏွစ္မ်ားတြင္ က်ဴး ေရွာင္ေဂါင္သည္ တစ္ၿမိဳ႕၀င္ တစ္ၿမိဳ႕ထြက္ နယ္တကာလွည့္ၿပီး

 

တန္ဖိုး သိပ္မႀကီးသည့္ လက္၀တ္ရတနာမ်ားကို ေရာင္းခ်သည္။ ရထားေပၚ ခရီးႏွင္ရင္ အိပ္ခဲ့ရသည္မ်ားလည္း ရွိသည္။

 

ဤသည္တို႔မွာ အႀကီးမားဆုံး လက္၀တ္ရတနာ ကုန္သည္အျဖစ္သို႔ မေရာက္ရွိခင္ အစပ်ဳိးကာလျဖစ္သည္။

 

ယခုအခါ သူမသည္ တ႐ုတ္ႏိုင္ငံတြင္ အႀကီးမားဆုံး လက္ဝတ္ရတနာလုပ္ငန္းတစ္ခု ျဖစ္ေသာ Neoglory Holdings Group Co  ကို ပိုင္ဆိုင္သူတစ္ဦး ျဖစ္သည္။

 

 သူမသည္ ေရွးယခင္ကနည္းတူ ေဈးမႀကီးသည့္ လက္ဝတ္ရတနာမ်ဳိးတို႔ကိုသာ အဓိကထားၿပီး လုပ္ကိုင္သည္။

 

တန္ဖိုးသင့္ လက္ဝတ္ရတနာ အင္ပါယာတစ္ခုကို ထူေထာင္ထားသည္။ ဖက္ရွင္ထည္အျဖစ္ လက္ဝတ္ရတနာမ်ားကို ထုတ္လုပ္ေရာင္းခ်သည္။

 

သူမ၏ အင္ပါယာတြင္ လက္ဝတ္ရတနာ တစ္မ်ဳိးတည္းကိုသာ အားျပဳထားျခင္း မဟုတ္ေခ်။ ဟိုတယ္မ်ား၊ ႐ုံးခန္းမ်ား၊ ေဈးဆိုင္တန္းမ်ားကို ၀ယ္ယူၿပီး အားျဖည့္တင္းထားသည္။

 

က်ဴးေရွာင္ေဂါင္သည္ ၾသဇတိကၠမ ႀကီးမားေသာ သူေဌးမ တစ္ဦးျဖစ္သည္။

 

ျမန္မာႏိုင္ငံမွ နာမည္ေက်ာ္ ေရႊလုပ္ငန္းရွင္ အမ်ဳိးသမီးတစ္ဦးကဲ့သို႔ပင္ သူမသည္လည္း ပါလီမန္ အမတ္တစ္ဦး ျဖစ္သည္။

 

တ႐ုတ္ႏိုင္ငံ အမ်ဳိးသားလႊတ္ေတာ္အမတ္ ျဖစ္သည္။  Ernst & Young ၏ “Entrepreneur of the Year" ဆုအပါအ၀င္ ဂုဏ္ထူးေဆာင္ ဆုမ်ား ဘြဲ႕မ်ား ရရွိထားသူလည္း ျဖစ္သည္။

 

 

ယခု တ႐ုတ္ျပည္ စီးပြားေရး ေႏွးေကြးေနေသာအခါ က်ဴး မ်က္ျဖဴဆိုက္သည္။ ေခ်းေငြမ်ားျဖင့္ လုပ္ငန္းလည္ပတ္ေနရာ၌ ေငြမလည္ေတာ့ေခ်။

 

ထိုအခါ ေႂကြးႏြံထဲ နစ္သည္။ ႐ုန္းမထြက္ႏိုင္ေတာ့သျဖင့္ ေဒဝါလီ ခံလိုက္ရသည္။

 

Neoglory Holdings Group Co  သည္ အေမရိကန္ ဘီလ်ံခ်ီေသာ ေႂကြးမ်ား အခ်ိန္မီ ျပန္ဆပ္ရန္ ပ်က္ကြက္ေနခဲ့သျဖင့္

 

၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ တရား႐ုံး၌ ေဒဝါလီ ခံလိုက္ျခင္း ျဖစ္သည္။

 

လုပ္ငန္းမွာ ပိုင္ဆိုင္သမွ် စုစုေပါင္း တန္ဖိုးသည္ ေႂကြးပမာဏထက္ နည္းေနသည္။ ေႂကြးမ်ား အကုန္လုံး ျပန္ဆပ္ႏိုင္မည္ မဟုတ္ေခ်။

 

တ႐ုတ္ျပည္ စီးပြားေရး စန္းထခဲ့စဥ္ ရတနာဘုရင္မကဲ့သို႔ေသာ လုပ္ငန္းရွင္ သူေဌးမ်ား ေပၚထြက္လာခဲ့သည္။

 

ယခုအခါ စီးပြားေရး ေႏွးေကြးေနသျဖင္ ေႂကြးထဲ ပိတ္မိေနေသာ လုပ္ငန္းရွင္သူေဌး အမ်ားအျပား ရွိေနသည္။

 

 

 

ရွန္ဟိုင္းၿမိဳ႕ေတာ္ Yiwu  အရပ္တြင္ တည္ရွိေသာ နီယိုဂလိုရီ စက္႐ုံတြင္ ဖက္ရွင္ထည္ လက္၀တ္ရတနာမ်ား ထုတ္လုပ္ေနပုံ

 

တ႐ုတ္စီးပြားေရး စန္းထၿပီး ႀကီးထြားေနသည့္ကာလတြင္ လုပ္ငန္းရွင္တို႔သည္ ေခ်းေငြမ်ား ရယူၿပီး လုပ္ငန္းကို တိုးခ်ဲ႕ၾကသည္။

 

ပင္လယ္ရပ္ျခား ရင္းႏွီးျမႇုဳပ္ႏွံမႈမ်ား ျပဳၾကသည္။

 

ရွန္ဟိုင္းၿမိဳ႕မွ ႂကြယ္၀သူမ်ား ေစာင့္ၾကည့္မွတ္တမ္းတင္ေသာ လုပ္ငန္းတစ္ခု ျဖစ္သည့္ Hurun Report ထုတ္ျပန္ခဲ့ရာ၌

 

၂၉၁၈ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံသည္ သီတင္းပတ္ တစ္ပတ္လွ်င္ ပ်မ္းမွ်အားျဖင့္ ဘီလ်ံနာ ၄ ဦး ထြက္ေပၚေစခဲ့သည္။

 

မိဘေဆြမ်ဳိး အေမြေၾကာင့္ မဟုတ္ဘဲ ကိုယ္ထူကိုယ္ထ ခ်မ္းသာေအာင္ လုပ္ကိုင္ခဲ့သည့္

 

ဘီလ်ံနာ သူေဌးမ်ား၊ သူေဌးမမ်ား ကမ႓ာေပၚတြင္ အမ်ားဆုံး ေပၚေပါက္ခဲ့ေသာ ႏိုင္ငံ ျဖစ္သည္။

 

ဘဏ္လုပ္ငန္းမ်ားထံမွ ေခ်းေငြ ရရွိရန္ မခဲယဥ္းေတာ့သည့္အခါ ေခ်းေငြကို လြယ္လြယ္ယူသည္။

 

လုပ္ငန္းကို တိုးခ်ဲ႕လုပ္ကိုင္သည္။ ထိုအခါ မဆင္မျခင္ တိုးခ်ဲ႕လုပ္ကိုင္သည္မ်ား ပါ၀င္ေနသျဖင့္ အလြန္အကၽြံ ခ်ဲ႕ထြင္မႈမ်ား ရွိေနခဲ့သည္။

 

မိမိ အကၽြမ္းတ၀င္မရွိသည့္အျပင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား မ်ားျပားေနသည့္ နယ္ပယ္မ်ားသို႔ ခ်ဲ႕ထြင္ျခင္းမ်ားလည္း ရွိေနခဲ့သည္။

 

တ႐ုတ္ျပည္ စီးပြားေရးသည္ ၂၅ ႏွစ္တာ ကာလအတြက္ ႀကီးထြားမႈ  အခ်ည့္နဲ႔ဆုံး ျဖစ္ေအာင္ ေႏွးေကြးေနသည့္အခါ ခ်ဲ႕ထြင္လုပ္ကိုင္ထားသည္တို႔မွာ

 

မွန္းခ်က္ႏွင့္ ႏွမ္းထြက္ မကိုက္ႏိုင္ေတာ့ေခ်။ ထိုအခါ ေႂကြးႏြံနစ္ကုန္ၾကရသည္မွာ သဘာ၀က်ေပသည္။

 

 

 

တစ္ႏိုင္ငံလုံး အတိုင္းအတာအရ ၾကည့္လွ်င္ ေခ်းေငြ ပမာဏသည္ ၿပီးခဲ့သည့္ ၁၀ ႏွစ္တာအတြင္း ၄ ဆ တိုးခဲ့သည္။

 

ၿပီးခဲ့သည့္ႏွစ္ တိုင္းျပည္ထုတ္ကုန္ တန္ဖိုး စုစုေပါင္း ပမာဏ၏ သုံးဆ ၀န္းက်င္ ပမာဏ ရွိခဲ့သည္။

 

ထိုေခ်းေငြမ်ားတြင္ ေကာ္ပိုရိတ္ အေႂကြးက သုံးပုံႏွစ္ပုံ ပါ၀င္သည္။

 

အေမရိကန္ေဒၚလာ ၂၆ ထရီလီယံ ေက်ာ္သည္ဟု Bank for International Settlements   က ဆိုထားသည္။ 

 

တ႐ုတ္ႏိုင္ငံ ပုဂၢလိက စီးပြားေရးက႑တြင္ ပုဂၢလိက လုပ္ငန္းမ်ားအျပင္ အစိုးရပိုင္ ကုမၸဏီႀကီးမ်ားလည္း ဝင္ေရာက္လုပ္ကိုင္လ်က္ ရွိသည္။

 

၎ ကုမၸဏီႀကီးမ်ားအေနျဖင့္ ေႂကြးကိစၥ အေရးေပၚအေျခအေန ဆိုက္ေရာက္ျခင္း မရွိေခ်။

 

အစိုးရအေနျဖင့္ အစိုးရပိုင္ လုပ္ငန္းႀကီးမ်ားက တိုင္းျပည္စီးပြားေရး၏ ပင္မစီးေၾကာင္း ျဖစ္ေစလိုသည့္ မူဝါဒ ရွိသျဖင့္

 

အစိုးရ၏ ေက်ာေထာက္ေနာက္ခံကို အျပည့္အဝ ရရွိထားသည္။ ပုဂၢလိကလုပ္ငန္းမ်ားမွာ ထိုသို႔ေသာ ေက်ာေထာက္ေနာက္ခံ မရွိၾကေခ်။

 

ၿပီးခဲ့သည္ႏွစ္က ျဖစ္ပ်က္ခဲ့သည့္ ပဲပုပ္ ဘုရင္က်ဆုံးခန္းဟု ဆိုၾကသည့္ ျဖစ္ရပ္တြင္ အစိုးရမွ ၀င္ေရာက္ ကယ္တင္ျခင္း မရွိခဲ့ေခ်။

 

ရွန္ေဒါင္ ျပည္နယ္မွ အခ်မ္းသာဆုံး သူေဌးတစ္ဦးျဖစ္ၿပီး ပဲပုပ္လုပ္ငန္းနယ္ပယ္၏ ဘုရင္ဟု ေခၚေ၀ၚျခင္း ခံရေသာ ေရွာင္ေက်ာက္ယိႏွင့္

 

၎၏ Chenxi Group   သည္ ေခ်းေငြမ်ားျဖင့္ လုပ္ငန္းခ်ဲ႕ထြင္ လုပ္ကိုင္လ်က္ ရွိရာမွ ေငြေခ်းသူမ်ားက ေခ်းေငြမ်ားကို ႐ုတ္တရက္ ျပန္ေတာင္းယူၾကရာ

 

အလ်ဥ္မမီေတာ့ဘဲ လုပ္ငန္း ရပ္လိုက္ရသည္။ ေသြးထြက္ ျမန္လြန္းျခင္းဟု ေရွာင္ေက်ာက္ယီက မွတ္ခ်က္ျပဳခဲ့သည္။

 

ၿပီးခဲ့သည့္ႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ေနာက္ထပ္ ျဖစ္ရပ္တစ္ခုတြင္ စက္မႈလုပ္ငန္း စက္ကိရိယာမ်ား ထုတ္လုပ္ေသာ Zhejiang Jindun Group  ကို

 

ထူေထာင္သူသည္ အျမင့္တစ္ေနရမွ ခုန္ခ်ၿပီး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခဲ့သည္။

 

ထိုအခါက်မွ လုပ္ငန္းသည္ ေႂကြးႏြံနစ္ေနေၾကာင္း လူသိကုန္သည္။

 

အေႂကြးပမာဏမွာ ယြမ္ ၉ ဒသမ ၉ ဘီလ်ံ ရွိသည္။ အခ်ဳိ႕ေသာ ေခ်းေငြမ်ားမွာ အတိုးႏႈန္း ျမင့္မားလြန္းသျဖင့္ သာမန္ အေျခအေန၌ပင္လွ်င္ ျပန္ဆပ္ႏိုင္ဖို႔ ခဲယဥ္းမည္ ျဖစ္သည္။

 

<<< Unicode >>>

 

တရုတ်နိုင်ငံမှာ စီးပွားရေး နှေးကွေးနေသည်။ သို့ဖြစ်ရာ နိုင်ငံတွင်းရှိ အကြီးမားဆုံး ပုဂ္ဂလိက ကုမ္ပဏီအချို့တို့ ငွေမလည်သဖြင့် ချေးငွေများ မနိုင်မနင်း ဖြစ်ကုန်သည်။

လွန်ကျွံနေသော အကြွေးကို စီမံပေးနိုင်ဖို့ ကြိုးစား ရုန်းကန်နေကြရသည်။

သူမ အသက် ဆယ်ကျော်သက်အရွယ် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကျူး ရှောင်ဂေါင်သည် တစ်မြို့ဝင် တစ်မြို့ထွက် နယ်တကာလှည့်ပြီး

တန်ဖိုး သိပ်မကြီးသည့် လက်ဝတ်ရတနာများကို ရောင်းချသည်။ ရထားပေါ် ခရီးနှင်ရင် အိပ်ခဲ့ရသည်များလည်း ရှိသည်။

ဤသည်တို့မှာ အကြီးမားဆုံး လက်ဝတ်ရတနာ ကုန်သည်အဖြစ်သို့ မရောက်ရှိခင် အစပျိုးကာလဖြစ်သည်။

ယခုအခါ သူမသည် တရုတ်နိုင်ငံတွင် အကြီးမားဆုံး လက်ဝတ်ရတနာလုပ်ငန်းတစ်ခု ဖြစ်သော Neoglory Holdings Group Co ကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်သည်။

သူမသည် ရှေးယခင်ကနည်းတူ ဈေးမကြီးသည့် လက်ဝတ်ရတနာမျိုးတို့ကိုသာ အဓိကထားပြီး လုပ်ကိုင်သည်။

တန်ဖိုးသင့် လက်ဝတ်ရတနာ အင်ပါယာတစ်ခုကို ထူထောင်ထားသည်။ ဖက်ရှင်ထည်အဖြစ် လက်ဝတ်ရတနာများကို ထုတ်လုပ်ရောင်းချသည်။

သူမ၏ အင်ပါယာတွင် လက်ဝတ်ရတနာ တစ်မျိုးတည်းကိုသာ အားပြုထားခြင်း မဟုတ်ချေ။ ဟိုတယ်များ၊ ရုံးခန်းများ၊ ဈေးဆိုင်တန်းများကို ဝယ်ယူပြီး အားဖြည့်တင်းထားသည်။

ကျူးရှောင်ဂေါင်သည် သြဇတိက္ကမ ကြီးမားသော သူဌေးမ တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံမှ နာမည်ကျော် ရွှေလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကဲ့သို့ပင် သူမသည်လည်း ပါလီမန် အမတ်တစ်ဦး ဖြစ်သည်။

တရုတ်နိုင်ငံ အမျိုးသားလွှတ်တော်အမတ် ဖြစ်သည်။ Ernst & Young ၏ “Entrepreneur of the Year" ဆုအပါအဝင် ဂုဏ်ထူးဆောင် ဆုများ ဘွဲ့များ ရရှိထားသူလည်း ဖြစ်သည်။

ယခု တရုတ်ပြည် စီးပွားရေး နှေးကွေးနေသောအခါ ကျူး မျက်ဖြူဆိုက်သည်။ ချေးငွေများဖြင့် လုပ်ငန်းလည်ပတ်နေရာ၌ ငွေမလည်တော့ချေ။

ထိုအခါ ကြွေးနွံထဲ နစ်သည်။ ရုန်းမထွက်နိုင်တော့သဖြင့် ဒေဝါလီ ခံလိုက်ရသည်။

Neoglory Holdings Group Co သည် အမေရိကန် ဘီလျံချီသော ကြွေးများ အချိန်မီ ပြန်ဆပ်ရန် ပျက်ကွက်နေခဲ့သဖြင့်

၂၀၁၉ ခုနှစ် ဧပြီလတွင် တရားရုံး၌ ဒေဝါလီ ခံလိုက်ခြင်း ဖြစ်သည်။

လုပ်ငန်းမှာ ပိုင်ဆိုင်သမျှ စုစုပေါင်း တန်ဖိုးသည် ကြွေးပမာဏထက် နည်းနေသည်။ ကြွေးများ အကုန်လုံး ပြန်ဆပ်နိုင်မည် မဟုတ်ချေ။

တရုတ်ပြည် စီးပွားရေး စန်းထခဲ့စဉ် ရတနာဘုရင်မကဲ့သို့သော လုပ်ငန်းရှင် သူဌေးများ ပေါ်ထွက်လာခဲ့သည်။

ယခုအခါ စီးပွားရေး နှေးကွေးနေသဖြင် ကြွေးထဲ ပိတ်မိနေသော လုပ်ငန်းရှင်သူဌေး အများအပြား ရှိနေသည်။


ရှန်ဟိုင်းမြို့တော် Yiwu အရပ်တွင် တည်ရှိသော နီယိုဂလိုရီ စက်ရုံတွင် ဖက်ရှင်ထည် လက်ဝတ်ရတနာများ ထုတ်လုပ်နေပုံ

တရုတ်စီးပွားရေး စန်းထပြီး ကြီးထွားနေသည့်ကာလတွင် လုပ်ငန်းရှင်တို့သည် ချေးငွေများ ရယူပြီး လုပ်ငန်းကို တိုးချဲ့ကြသည်။

ပင်လယ်ရပ်ခြား ရင်းနှီးမြှုုပ်နှံမှုများ ပြုကြသည်။

ရှန်ဟိုင်းမြို့မှ ကြွယ်ဝသူများ စောင့်ကြည့်မှတ်တမ်းတင်သော လုပ်ငန်းတစ်ခု ဖြစ်သည့် Hurun Report ထုတ်ပြန်ခဲ့ရာ၌

၂၉၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် သီတင်းပတ် တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် ဘီလျံနာ ၄ ဦး ထွက်ပေါ်စေခဲ့သည်။

မိဘဆွေမျိုး အမွေကြောင့် မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ ချမ်းသာအောင် လုပ်ကိုင်ခဲ့သည့်

ဘီလျံနာ သူဌေးများ၊ သူဌေးမများ ကမ္ဘာပေါ်တွင် အများဆုံး ပေါ်ပေါက်ခဲ့သော နိုင်ငံ ဖြစ်သည်။

ဘဏ်လုပ်ငန်းများထံမှ ချေးငွေ ရရှိရန် မခဲယဉ်းတော့သည့်အခါ ချေးငွေကို လွယ်လွယ်ယူသည်။

လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်သည်။ ထိုအခါ မဆင်မခြင် တိုးချဲ့လုပ်ကိုင်သည်များ ပါဝင်နေသဖြင့် အလွန်အကျွံ ချဲ့ထွင်မှုများ ရှိနေခဲ့သည်။

မိမိ အကျွမ်းတဝင်မရှိသည့်အပြင် ရင်းနှီးမြှုပ်နှံသူများ များပြားနေသည့် နယ်ပယ်များသို့ ချဲ့ထွင်ခြင်းများလည်း ရှိနေခဲ့သည်။

တရုတ်ပြည် စီးပွားရေးသည် ၂၅ နှစ်တာ ကာလအတွက် ကြီးထွားမှု အချည့်နဲ့ဆုံး ဖြစ်အောင် နှေးကွေးနေသည့်အခါ ချဲ့ထွင်လုပ်ကိုင်ထားသည်တို့မှာ

မှန်းချက်နှင့် နှမ်းထွက် မကိုက်နိုင်တော့ချေ။ ထိုအခါ ကြွေးနွံနစ်ကုန်ကြရသည်မှာ သဘာဝကျပေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ကြည့်လျှင် ချေးငွေ ပမာဏသည် ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း ၄ ဆ တိုးခဲ့သည်။

ပြီးခဲ့သည့်နှစ် တိုင်းပြည်ထုတ်ကုန် တန်ဖိုး စုစုပေါင်း ပမာဏ၏ သုံးဆ ဝန်းကျင် ပမာဏ ရှိခဲ့သည်။

ထိုချေးငွေများတွင် ကော်ပိုရိတ် အကြွေးက သုံးပုံနှစ်ပုံ ပါဝင်သည်။

အမေရိကန်ဒေါ်လာ ၂၆ ထရီလီယံ ကျော်သည်ဟု Bank for International Settlements က ဆိုထားသည်။

တရုတ်နိုင်ငံ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင် ပုဂ္ဂလိက လုပ်ငန်းများအပြင် အစိုးရပိုင် ကုမ္ပဏီကြီးများလည်း ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်။

၎င်း ကုမ္ပဏီကြီးများအနေဖြင့် ကြွေးကိစ္စ အရေးပေါ်အခြေအနေ ဆိုက်ရောက်ခြင်း မရှိချေ။

အစိုးရအနေဖြင့် အစိုးရပိုင် လုပ်ငန်းကြီးများက တိုင်းပြည်စီးပွားရေး၏ ပင်မစီးကြောင်း ဖြစ်စေလိုသည့် မူဝါဒ ရှိသဖြင့်

အစိုးရ၏ ကျောထောက်နောက်ခံကို အပြည့်အဝ ရရှိထားသည်။ ပုဂ္ဂလိကလုပ်ငန်းများမှာ ထိုသို့သော ကျောထောက်နောက်ခံ မရှိကြချေ။

ပြီးခဲ့သည်နှစ်က ဖြစ်ပျက်ခဲ့သည့် ပဲပုပ် ဘုရင်ကျဆုံးခန်းဟု ဆိုကြသည့် ဖြစ်ရပ်တွင် အစိုးရမှ ဝင်ရောက် ကယ်တင်ခြင်း မရှိခဲ့ချေ။

ရှန်ဒေါင် ပြည်နယ်မှ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်ပြီး ပဲပုပ်လုပ်ငန်းနယ်ပယ်၏ ဘုရင်ဟု ခေါ်ဝေါ်ခြင်း ခံရသော ရှောင်ကျောက်ယိနှင့်

၎င်း၏ Chenxi Group သည် ချေးငွေများဖြင့် လုပ်ငန်းချဲ့ထွင် လုပ်ကိုင်လျက် ရှိရာမှ ငွေချေးသူများက ချေးငွေများကို ရုတ်တရက် ပြန်တောင်းယူကြရာ

အလျဉ်မမီတော့ဘဲ လုပ်ငန်း ရပ်လိုက်ရသည်။ သွေးထွက် မြန်လွန်းခြင်းဟု ရှောင်ကျောက်ယီက မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် နောက်ထပ် ဖြစ်ရပ်တစ်ခုတွင် စက်မှုလုပ်ငန်း စက်ကိရိယာများ ထုတ်လုပ်သော Zhejiang Jindun Group ကို

ထူထောင်သူသည် အမြင့်တစ်နေရမှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။

ထိုအခါကျမှ လုပ်ငန်းသည် ကြွေးနွံနစ်နေကြောင်း လူသိကုန်သည်။

အကြွေးပမာဏမှာ ယွမ် ၉ ဒသမ ၉ ဘီလျံ ရှိသည်။ အချို့သော ချေးငွေများမှာ အတိုးနှုန်း မြင့်မားလွန်းသဖြင့် သာမန် အခြေအနေ၌ပင်လျှင် ပြန်ဆပ်နိုင်ဖို့ ခဲယဉ်းမည် ဖြစ်သည်။

Gold & Jewellery Buying Guide

 

 

Read times
Rate this item
(0 votes)
Tagged under