၂၀၂၀ ပြည့်နှစ် တွင် မြန်မာ့ရွှေဈေး စံချိန်သစ်တင်

၂၀၂၀ ပြည့်နှစ် တွင် မြန်မာ့ရွှေဈေး စံချိန်သစ်တင်

လက်ရှိ မြန်မာ့ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သား (ကျပ် ၁,၃၀၉,၀၀၀) အထိ မြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ်တွင် စံချိန်သစ်တင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဠ ဦးအောင်ဆန်းဝင်းမှ ပြောကြားခဲ့ပါသည်။

 

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ မှ စ၍ ဆက်တိုက်မြင့်တက်လျက်ရှိပြီး သြဂုတ်(၁)ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးအဖွင့်ဈေးမှာ တစ်အောင်စ (၁,၉၇၇ ဒေါ်လာ) ရှိပြီး၊ မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် (ကျပ် ၁,၂၉၂,၀၀၀)ပေါက်ဈေး ရှိခဲ့ကြောင်း၊ ၄ ရက်အတွင်း မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် (ကျပ် ၁၀,၀၀၀)ထိ ဈေးတက်ခဲ့ကြောင်း သိရသည်။

 

ဦးအောင်ဆန်းဝင်းက “ကမ္ဘာ့ရွှေဈေးက (၁၃) နှစ်အတွင်း အမြင့်ဆုံးတက်သွားတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်တက်တာပါ။ မြန်မာ့ရွှေဈေးရော၊ ကမ္ဘာ့ရွှေဈေးရော အခုဈေးနှုန်း တွေက (၁၃) နှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းတွေပါ’’ ဟုရှင်းပြခဲ့သည်။

 

မြန်မာ့ရွှေဈေးကွက်တွင် တစ်ကျပ်သားလျှင် (ကျပ် ၁,၂၀၀,၀၀၀) တန်းဖြင့်ဝယ်ယူထားသူများ အနေဖြင့် ယခု အချိန်တွင် ပြန်လည်ရောင်းချသူများကြောင်း၊ COVID-19 ရောဂါကာအတွင်း ရွှေဈေးကွက်တွင် အဝယ်ထက် ရွှေပြန်ရောင်း သူပိုမိုများလျက်ရှိကြောင်း သိရသည်။


ရန်ကုန်မြို့၊ ၂၉ လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ ရွှေဈေးက ဆက်တိုက်တက်နေတယ်။ အဓိကက ကမ္ဘာမှာလည်း ဒေါ်လာဈေးကျပြီး ရွှေဝယ်ယူမှုများတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးက ဆက်တိုက်တက်နေတာ။

 

ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေးလည်း လိုက်တက်တာပါ။ မြန်မာ့ရွှေဈေးအတက်အကျ က ကမ္ဘာ့ရွှေဈေးပေါ်မှာပဲ မူတည်ပါတယ်။’’ ဟု ဆိုသည်။ သြဂုတ် (၄) ရက်၊ ညနေပိုင်း (၅:၀၀ နာရီ) ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁,၉၈၀ ဒေါ်လာ နှင့် မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် ၁,၃၀၉၀,၀၀၀ ပေါက်ဈေး အသီးသီးရှိခဲ့ကြောင်း သိရသည်။

 

 

Source: Xinhua

Read times Last modified on Wednesday, 05 August 2020 11:42
Rate this item
(2 votes)