ထိုင်းပြည်တွင်းရွှေဈေး စံချိန်သစ်တင် မြင့်တက်

ထိုင်းပြည်တွင်းရွှေဈေး စံချိန်သစ်တင် မြင့်တက်

ထိုင်းပြည်တွင်းရွှေဈေး စံချိန်သစ်တင် မြင့်တက်

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းပြည်တွင်းရွှေဈေးသည် ကြာသပတေးနေ့တွင် အလေးချိန် တစ်ဘတ်လျှင် ၃၄,၁၀၀ ဘတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ထက် ဘတ် ၅၀၀ မြင့်တက်သည်ဟာ ထိုင်း ရွှေကုန်သည်များအသင်း Gold Traders Association (GTA) က ပြောကြားသည်။

 

ပြည်တွင်းရွှေ ၉၆.၅% ရွှေထည်များ၏ ရောင်းဈေးမှာ အလေးချိန် ၁ ဘတ်လျှင်  ၃၄,၁၀၀ ဘတ်နှင့် ဝယ်ဈေးမှာ အလေးချိန် ၁ ဘတ်လျှင် ၅၂,၈၉၇,၂၀ ဘတ် ဖြစ်ကြောင်း ကြာသပတေးနေ့တွင် အသင်းမှ ကြေညာခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တအောင်စ US$1,949 ဖြစ်ပါသည်။

 

ရွှေချောင်း ဝယ်ဈေး အလေးချိန် တဘတ်လျှင် ၃၃,၆၀၀ ဘတ် ဖြစ်ပါသည်။

 

“ထိုင်းပြည်တွင်းရွှေဈေးဟာ အောက်တိုဘာ ၁၈ ရက်မှာ ဘတ် ၃၃,၈၀၀ မှ အောက်တိုဘာ ၁၉ ရက်မှာ ၃၄,၁၀၀ ဘတ်အထိ ဆက်လက်မြင့်တက်ခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိနေပါတယ်"ဟု GTA ဥက္ကဋ္ဌ Jitti Tangsithpakdi က ပြောသည်။

 

ထိုင်းရွှေကုန်သည် Hua Seng Heng က စစ်မက်ပဋိပက္ခ ဖြစ်ပွားနေလျှင် ရွှေဈေး ထိုးတက်သည်။ ဂါဇာရှိ ဆေးရုံတစ်ခုတွင် လူအသေအပျောက်များသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ရွှေဈေးများ သိသိသာသာ မြင့်တက်လာသည်ဟု ဆန်းစစ်ချက် ထုတ်ပြန်ခဲ့သည်။

ဝယ်လိုအား လျော့ကျရေချိန် $1,950 ကို ဖောက်ထွက်ပြီး မြင့်တက်သွားခဲ့သည်။ 

ယခုအခါ ကမ္ဘာ့ရွှေစျေး ဝယ်လိုအား လျော့ကျရေချိန်မှာ တစ်အောင်စလျှင် $1,962-1,980 ဖြစ်ပြီး ဝယ်လိုအား ထက်သန်သည့် ရေချိန်မှာ $1,930-1,920 ဖြစ်ကြောင်း Hua Seng Heng က ပြောသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 20 October 2023 18:22
Rate this item
(0 votes)