ထင်ရှားကျော်ကြား နန်းစဉ် ရတနာများ

ထင်ရှားကျော်ကြား နန်းစဉ် ရတနာများ Google

ကမ္ဘာတစ်လွှားမှာ ရှိကြတဲ့ တော်ဝင်မိသားစုတွေမှာ ကျောက်မျက်ရတနာတွေ၊ လက်ဝတ်ရတနာတွေ ရှိကြတာ မဆန်းပါဘူး။

 

တချို့ ကျောက်မျက်ရတနာ လက်ဝတ်တန်ဆာတွေမှာ နောက်ခံ ဇာတ်လမ်း ရှိကြတယ်။ တချို့ နန်းစဉ်ရတနာတွေကတော့ ဝတ်ဆင်တဲ့ တော်ဝင်မိသားစုဝင်တွေကြောင့် ထင်ရှားကျော်ကြားတယ်။ တချို့ ရတနာတွေကျတော့ တန်ဖိုးကြီးမားတာကြောင့် ထင်ရှားကျော်ကြားပါတယ်။

 

 La Peregrina Pearl

 

Liz Taylor's La Peregrina pearl necklace sells for record $11m at auction

 

ထင်ရှား ကျော်ကြား နန်းစဉ်ရတနာတွေထဲမှာ မြေအောက်ကရတဲ့ တွင်းထွက်ကျောက်မျက်တွေအပြင် ရှားရှားပါးပါး ရေထွက်ပစ္စည်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။ လာပီရီဂရီနာ ပုလဲဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပုလဲတွေထဲမှ တစ်ခု ဖြစ်ပါတယ်။ ၅၈.၅ ကာရက် ရှိပြီး ပနားမား ကမ်းခြေမှာ ၁၆ ရာစုတုန်းက ရရှိခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ဘုရင် ဖြစ်တဲ့ ဒုတိယမြောက် ဖိလစ်ဘုရင်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ ဖိလစ်ဘုရင်က အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး မယ်ရီကို မင်္ဂဆောင်လက်ဖွဲ့အဖြစ် ပေးအပ်ခဲ့တာမို့ ဗြိတိသျှ နန်းစဉ်ရတနာ အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

 

 

Princess Diana's Sapphire Ring

 

How much is Princess Diana's ring worth today? - Quora

 

ဗြိတိသျှနန်းတွင်း ရတနာတွေထဲမှာ ထင်ရှားတဲ့ လက်စွပ်ကတော့ ပြာလဲ့လဲ့ နီလာလက်စွပ် ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်ဖြစ်ပြီး မင်းသမီးဒိုင်ယာနာ ဆင်မြန်းခဲ့တာကြောင့် လူသိများခဲ့ပါတယ်။ အခုတော့  မင်းသားဝီလျံရဲ့ ဇနီးဖြစ်သူ Kate Middleton က အမွေဆက်ခံခဲ့လို့ သူရဲ့ လက်မှာ ဆင်မြန်းထားပါတာကို ပုံမှာ တွေ့မြင်နိုင်ပါတယ်။ လက်စွပ်အမည်က “အိပ်မက်ဆန်သော စေ့စပ်လက်စွပ်” ဖြစ်ပါတယ်။ အလယ်မှာ ၁၈ ကာရက် သီဟိုဠ်နီလာတစ်ပွင့်ရှိပြီး ဘဲဥပုံ သွေးထားပါတယ်။ နီလာရဲ့ ပတ်ပတ်လည်မှာတော့ စိန် ၁၄ ပွင့် ခြံရံပေးထားပါတယ်။

 

နန်းစဉ်ရတနာတွေအကြောင်း ပြောရင် သရဖူမပါရင် မပြည့်စုံဘူး။

 

The Koh-I-Noor Diamond

 

Kohinoor: History, journey and price of India's famous diamond! | India.com 

 

Koh-I-Noor Diamond စိန်ကြီးပါတဲ့ သရဖူဟာ ထင်ရှားကျော်ကြားတယ်။ မူရင်း အရွယ်အစားက ၇၉၃ ကာရက် ဖြစ်ပြီး နန်းဆက် အဆက်ဆက်မှာ သွေးခဲ့ကြတာကြောင့် အခုအခါမှာ ၁၀၉ ကာရက်ပဲ ရှိပါတော့တယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ငါးထောင် ရှိပြီဖြစ်တဲ့ နန်းစဉ်ရတနာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပန်ဂျပ်ကို ဗြိတိသျှတွေ သိမ်းတော့ ကိုအီနော စိန်ကြီးကို ရရှိခဲ့ပြီး ဗြိတိသျှ ဘုရင်မ ဗစ်တိုရီးယားကို ဆက်သခဲ့ကြပါတယ်။ ဗြိတိသျှနန်းဆက်ရဲ့ သရဖူမှာ တပ်ဆင် အသုံးပြုခဲ့ပြီး နန်းတက်ပွဲမှာ ဆောင်းတဲ့ သရဖူအဖြစ် သုံးစွဲကြပါတယ်။

 

 

Read times Last modified on Monday, 21 September 2020 12:46
Rate this item
(0 votes)
Tagged under