မူဆယ်မြို့၌ ကျောက်စိမ်းတုံးများ တရားမဝင် သယ်လာသည့် မော်တော်ယာဉ်နှစ်စီးကို ဖမ်းဆီးရမိ

မူဆယ်မြို့၌ ကျောက်စိမ်းတုံးများ တရားမဝင် သယ်လာသည့် မော်တော်ယာဉ်နှစ်စီးကို ဖမ်းဆီးရမိ မြို့တော်သတင်း

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့သို့ ကျောက်စိမ်းအရိုင်းတုံးများကို မော်တော်ယာဉ်နှစ်စီး အံဝှက်များ အတွင်း ထည့်သွင်းကာ တရားမဝင်သယ်လာခြင်းကို ရဲတပ်ဖွဲ့၊ အကောက်ခွန်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့အဝင် အေးရှားဝေါလ်တိုးဂိတ်၌ လားရှိုးမြို့ဘက်မှ မောင်းနှင်လာသော Hilux အမျိုးအစား ယာဉ်နှစ်စီးကို မူဆယ်မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးရာ ယာဉ်ကြမ်းခင်း၌ အံဝှက်လုပ်၍ သယ်လာသည့် ကျောက်စိမ်းတုံးများကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျောက်စိမ်းများ တရားမဝင်သယ်လာသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းအောင်လှိုင်မြင့်နှင့် ရဲမြင့်ထွန်း၊ ယာဉ်နှစ်စီးတွင် လိုက်ပါလာသည့် ချစ်ကိုဝင်းနှင့် ခွန်ဇော်မင်းလှိုင်တို့ကို မူဆယ်မြို့မရဲစခန်းတွင် စစ်ဆေးဆဲဖြစ်ပြီး ဖမ်းဆီးရမိသည့် ကျောက်စိမ်းတုံးများကို စိစစ်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

 

 

 

Ref: မြို့တော်သတင်း

Read times
Rate this item
(0 votes)