ပိတ်ပင်ထားသည့် ရုရှားရွှေ အရောင်းအဝယ် ကောင်းနေဆဲ

ပိတ်ပင်ထားသည့် ရုရှားရွှေ အရောင်းအဝယ် ကောင်းနေဆဲ

ပိတ်ပင်ထားသည့် ရုရှားရွှေ အရောင်းအဝယ် ကောင်းနေဆဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှား၏ ယခင် အစဉ်အလာ ပို့ကုန်လမ်းကြောင်းများဖြင့် ရုရှားရွှေကို တင်ပို့ဖို့ မဖြစ်နိုင်တော့သည့်နောက်တွင် အာရပ် စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) United Arab Emirates UAE သည် ရုရှားရွှေအတွက် အဓိက ကုန်သွယ်ရေးအချက်အချာဖြစ်လာခဲ့ကြောင်း ရုရှားအကောက်ခွန်မှတ်တမ်းများအရ သိကြရသည်။

 

ရုရှားအကောက်ခွန်မှတ်တမ်းတွင် ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလ ၂၄ ရက်မှ ယခုနှစ် မတ်လ ၃ ရက်အထိ ကာလအတွင်း ရွှေတင်ပို့မှု ကြိမ်ရေ တစ်ထောင်နီးပါး၏ အသေးစိတ်အချက်များ ပါဝင်ပါသည်။

 အဆိုပါစာရင်းတွင် ရုရှားမှ မဟုတ်သော ကုမ္ပဏီ ၁၀၀ ကျော်တို့၏ အမည်များ ပါဝင်သည်။ ၎င်းကုမ္ပဏီများသည် အနောက်နိုင်ငံများက ရုရှားထံမှ ရွှေတင်သွင်းခြင်းကို ပိတ်ပင်ထားချိန်တွင် ရုရှားရွှေကို ကိုင်တွယ်ခဲ့ကြသည်။

 

အဆိုပါ စာရင်းတွင် အကြောင်းကြောင်းကြောင့် မပါဝင်သော ရွှေတင်ပို့မှုများလည်း ရှိနေပါသည်။

စာရင်းသည် ရုရှားမှ တင်ပို့သူများနှင့် ကြားခံ ရွှေကုန်သည်များ၏ အမည်ကိုသာ ဖော်ပြထားပြီး အဆုံးသတ် ဝယ်လက်များကို ဖော်ပြနိုင်ခြင်း မရှိပါ။ သို့ဖြစ်ရာ ရုရှားရွှေကို ဝယ်ယူပြီး  ရွှေသန့်စင်သူများ၊ ရွှေထည်ပြုလုပ်သူများ၊ လက်ဝတ်ရတနာ ဖန်တီးသူများ၊ ရင်းနှီးမြှုပ်နှံသူများကို မသိနိုင်ပေ။

ဟောင်ကောင်

 

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးသို့ ရုရှားရွှေတင်ပို့မှု အားလုံးနီးပါးကို တရုတ်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Vpower Finance Security Hong Kong Ltd က ကိုင်တွယ်ခဲ့သည်။

Vpower သည် ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မတ်လအတွင်း ကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိ ရုရှားရွှေ ၂၀.၅ တန် တင်ပို့မှုတွင် ပါဝင်ခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။

 

 ရုရှားမှ မဟုတ်သော ကုမ္ပဏီငါးခုသည် ရုရှားနိုင်ငံမှ ရွှေတင်သွင်းမှု တစ်တန်ကျော်ကို ကိုင်တွယ်ခဲ့ကြသည်။

ယူအေအီး

 

အကောက်ခွန်စာရင်းအရ ယူအေအီးရှိ ဒူဘိုင်းသို့ ပေးပို့သည့် ရုရှားရွှေများကို အများဆုံး ကိုင်တွယ်သည့် လုပ်ငန်း Temis Luxury Middle East ဖြစ်သည်။ ၎င်းသည် ပြင်သစ် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း Temis Luxury ၏ ဒူဘိုင်းလုပ်ငန်းခွဲ ဖြစ်သည်။ ရုရှားရွှေ  ၁၅.၆ တန် ၊ ကန်ဒေါ်လာ ၈၆၃ သန်းဖိုးကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၀၂၃ မတ်လ ၃ ရက်အထိ ကာလအတွင်း ဒူဘိုင်းသို့ တင်သွင်းခဲ့သည်။

 

Temis Luxury  က ကုန်စည်ပို့ဆောင်သူအနေဖြင့် ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး ယူအေအီး၏ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

 

လေကြောင်းလိုင်းနှင့် ဟိုတယ်များ လုပ်ကိုင်သည့် ကုမ္ပဏီစုကြီး Emirates Group ၏ လုပ်ငန်းခွဲ Transguard သည် ရုရှားရွှေ ၁၄.၆ တန်၊ ကန်ဒေါ်လာ သန်း ၈၂၀ ကို ဒူဘိုင်းသို့ တင်သွင်းခဲ့သည်။

 

ယူအေအီး နိုင်ငံပိုင် ရန်ပုံငွေဖြင့် လုပ်ကိုင်သည့် Emirates Group က Transguard သည် ရုရှားရွှေ ဝယ်ယူခဲ့ခြင်း မရှိဟု ငြင်းဆိုသည်။ ယခုအခါ ရုရှားရွှေချောင်းများကို သယ်ယူပို့ဆောင်ပေးခြင်း မပြုဟု ဆိုသည်။

 

ယူအေအီးမှ ရုရှားရွှေ အဝယ်များခဲ့သည့် လုပ်ငန်းများမှာ Shams Gold Trading (၈တန်)၊ Al Aseel Jewellery LLC (၃ တန်)၊ Paloma Precious DMCC (၅.၁ တန်) တို့ ဖြစ်သည်။

အကောက်ခွန်စာရင်းတွင် ရုရှားရွှေ ၅ တန် အောက် ယူအေအီးသို့ တင်သွင်းသည့် ကုမ္ပဏီ ၁၇ ခု ပါဝင်သည်။

 

ဆွစ်ဇာလန်နိုင်ငံမှ သတ္တုအမျိုးမျိုး ကုန်သည်လုပ်ငန်း Open Mineral သည် ရုရှားရွှေ ၃ တန်၊ ကန်ဒေါ်လာ ၁၆၇ သန်းကို ယူအေအီးသို့ ပေးပို့ခဲ့သည်။

 

တူရကီ 

 

တူရကီသို့လည်း ရုရှားရွှေများ ရောက်ရှိသည်။  တစ်တန်အထက် တင်သွင်းခဲ့သည့် ကုမ္ပဏီ ၈ ခု ရှိသည်။

လန်ဒန်

 

၎င်းအကောက်ခွန် မှတ်တမ်းများအရ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ရုရှားနိုင်ငံမှ ရွှေများ လန်ဒန်မြို့သို့  ရောက်ရှိခဲ့သည်။ အနောက်နိုင်ငံတို့က ရုရှားရွှေ တင်သွင်းခွင့် ပိတ်ပင်မှု မစတင်ခင်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

 

အမေရိကန် ဘဏ်လုပ်ငန်း JPMorgan သည် လန်ဒန်တွင် ရွှေတိုက် ထားရှိသည်။ ယမန်နှစ် မတ်လနှင့် ဧပြီလတွင် ရုရှားရွှေ ၇၂.၄ ကီလိုဂရမ် ကန်ဒေါ်လာ ၄ သန်းခွဲဖိုးကို လန်ဒန်ရွှေတိုက်သို့ ပေးပို့ခဲ့သည်။

 

ဆွီဒင်မှ ငွေချေးအာမခံစာချုပ်လုပ်ငန်း Loomis က ယမန်နှစ် မတ်၊ မေ နှင့် ဇွန်လတို့တွင် ရုရှားရွှေ ၉၄.၄ ကီလိုဂရမ်၊ ကန်ဒေါ်လာ ၅.၉ သန်းကို လန်ဒန်ရှိ ၎င်း၏ ရွှေတိုက်သို့ ပေးပို့ခဲ့သည်။

 

အကောက်ခွန်မှတ်တမ်းအရ ၎င်းလုပ်ငန်းနှစ်ခု၏ ရွှေများကို လက်ခံခဲ့သူမှာ ပြင်သစ်ဘဏ်လုပ်ငန်း Societe Generale ဖြစ်သည်။

 

Societe Generale က ယူကရိန်း စစ်ပွဲ မတိုင်ခင်က ကြွေးမြီအချို့ကို  ပေးဆပ်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ အဆိုပါ ရွှေချောင်းများသည် London Bullion Market Association LMBA မှ ရုရှားရွှေချောင်း ပိတ်ပင်မှု စတင်ခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက် မတိုင်ခင်က ပြုလုပ်ခဲ့သော ရွှေချောင်းများ ဖြစ်ကြောင်း Societe Generale က ပြောကြားသည်။

 

Loomis က ၎င်းသည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော မည်သည့်အဖွဲ့အစည်းနှင့်မဆို စီးပွားရေးမလုပ်ဆောင်ဘဲ ကုန်ပစ္စည်းများကို ဝယ်ယူခြင်း သို့မဟုတ် ပိုင်ဆိုင်မှု မယူဘဲ ဖောက်သည်များအတွက်သာ ပို့ဆောင်‌ပေးခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အကောက်ခွန်စာရင်း အချက်အလက်များသည် မမှန်ကန်ဟု ပြောကြားသည်။

LBMA

 

အကောက်ခွန် မှတ်တမ်းများတွင် အမည်ပါသော ကုမ္ပဏီ အနည်းဆုံး နှစ်ခုသည် London Bullion Market Association (LBMA) ၏ အဖွဲ့ဝင်များ ဖြစ်သည်။

ဟောင်ကောင်မှ Vpower Finance Security သည် တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် ဖြစ်သည်။ Transguard သည် အရန်အဖွဲ့ဝင် ဖြစ်သည်။

 

Source Reuters 

 

Source Guide4U

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 04 June 2023 17:42
Rate this item
(0 votes)