တရားဝင် ရွှေတင်ပို့ရေး အခွန်နှုန်းလျှော့ချပေးရန် စီစဉ်နေ

တရားဝင် ရွှေတင်ပို့ရေး အခွန်နှုန်းလျှော့ချပေးရန် စီစဉ်နေ google

အခွန်နှုန်းကြီးမြင့်ခြင်းကြောင့် ရွှေကို တရားဝင်တင်ပို့၊ တင်သွင်းသူမရှိ၍ အခွန်နှုန်းထား လျှော့ချပေးရန် စီစဉ်နေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားခဲ့ပါတယ်။

 

ရန်ကုန်မြို့ ပန်ဒါဟိုတယ် တွင် ဇန်နဝါရီ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် နှစ်ပတ်လည် အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က အထက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

 

ရွှေကို တင်ပို့၊ တင်သွင်းရာ တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရသည့်အစား ၂ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် ရွှေလုပ်ငန်းရှင်များက တောင်းဆိုထားပါတယ်။

 

‘‘တစ်ယောက်မှ ရွှေတင်ပို့ နိုင်ခြင်းမရှိသေးပါဘူး။ အဓိက သတ်မှတ်နှုန်းထားလေးက မကိုက်တဲ့အတွက်ကြောင့် အခွန်နှုန်းထားကို ပြန်ညှိဖို့ ဆောင်ရွက်နေပါတယ်။ တစ်နည်းနည်းနဲ့ လျှော့ဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ဦးမင်းမင်းဦးက ပြောကြားခဲ့ပါတယ်။

 

လက်ရှိ ရွှေဈေးကွက်တွင် ပြည်တွင်းရွှေဈေးမြင့်၍ ပြည်ပရွှေဝင်ရောက်ပြီး ပြည်တွင်းရွှေဈေးနိမ့်ပါက ပြည်ပသို့တင်ပို့ကြသည်။သို့သော် ထိုလုပ်ငန်းများသည် တရားမဝင်တင်သွင်း၊ တင်ပို့ခြင်း တို့သာဖြစ်သည်ဟု ပြည်တွင်း ရွှေလုပ်ငန်းရှင်အချို့ကပြောကြားခဲ့ပါတယ်။

 

တရားမဝင် လမ်းကြောင်းအရ လိုင်စင်မရှိဘဲ ရွှေတင်ပို့၊ တင်သွင်းပါက အရေးယူခံရမည်ဟု အမြဲတမ်းအတွင်းဝန်ကပြောကြားခဲ့ပါတယ်။

 

‘‘အရေးယူတာကိုပြောရရင် တမူးနယ်စပ်မှာ ရွှေတုံးရွှေခဲတွေ သွားတာရှိတယ်ပြောတယ်။ မိတာမရှိဘူး။ မိတာလို့ တရားဝင်ထုတ် ပြန်တာလည်း မရှိဘူး။ သတင်း ပေး တိုင်ကြားတာလည်း မရှိဘူး’’ ဟု ဦးမင်းမင်းဦးက ဆိုပါတယ်။

 

ရွှေတုံးရွှေခဲသည် ငွေကြေး သဘောမျိုးသာဖြစ်ပြီး နိုင်ငံတ ကာတွင် ငွေကြေးလဲလှယ်သည့် ပုံစံသာဖြစ်ကာ ရောင်းချရာ၌ အခွန်ကောက်ခံခြင်း မဖြစ်သင့် ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်ကပြောကြားခဲ့ပါတယ်။

 

ရွှေတင်သွင်း၊ တင်ပို့ရန် တစ် နေရာတည်း အပြီးဆောင်ရွက်ပေးမည့် (One Stop Service)စင်တာကို စက်တင်ဘာ ၂၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို One Stop Service စင်တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းစစ်ဆေးကြီးကြပ်ဆောင်ရွက်ပြီး တစ်နေရာတည်း၌ ခွင့်ပြုပေးမည့် နေရာဖြစ်ကာ လုပ်ငန်းရှင်များထံ မှ ဝန်ဆောင်ခကောက်ယူမည်ဟု လုပ်ငန်းရှင်အသင်းက ကြေညာခဲ့ပါတယ်။

 

 

Credit;7Day Daily

Read times Last modified on Monday, 07 January 2019 11:16
Rate this item
(1 Vote)
Tagged under