ကမ္ဘာ့အကြီးဆုံး မြကျောက်

ကမ္ဘာ့အကြီးဆုံး မြကျောက် missgreenlady

ကမ္ဘာပေါ်မှာ အကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ မြ ဟာ သွေးပြီးတဲ့ အနေအထားမှာ ၅၇၅ဝဝ ကာရက် ရှိပြီး “နတ်ဘုရားရဲ့ လှပတဲ့ လက်ဆောင်” လို့ အမည်ရတဲ့ "သီအိုဒိုရာ" လို့ အမည်ပေးထားပါတယ်။

 

ဇန်နဝါရီ ၂၈ရက်နေ့က ကနေဒါနိုင်ငံ ဘရစ်တစ် ကိုလံဘီယာမှာ ကျင်းပတဲ့ Western Star လေလံပွဲမှာ ကြမ်းခမ်းဈေး ဒေါ်လာတစ်သန်းဖြင့် ခင်းကျင်းထားသော်လည်း လေလံပွဲ ကျင်းပသူများနဲ့ ဒီအိုဒိုကို မြင်ဖူးကြသူများက ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးရလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ သာမာန် ကျောက်မျက်ရတနာကို လေလံတင် ရောင်းချတာမျိုး မဟုတ်ဘဲ ကမ္ဘာ့အကြီးဆုံး မြကြီးကို ပိုင်ရှင်ဖြစ်လိုသူက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် တန်ဖိုးထား ပေးဝယ်တာမျိုးဖြစ်တဲ့ လေလံပွဲ လည်း ဖြစ်ပါတယ်။

 

Teodora - The World's Largest Emerald

 

ခုလက်ရှိ ပိုင်ရှင်ကတော့ Regan Reaney ဖြစ်ပြီး အချို့ကတော့ ၎င်း မြကြီးကို အရောင်သွင်း ပြုပြင်ထားတယ်လို့ ပြောကြတဲ့အတွက် ပိုင်ရှင်ဖြစ်တဲ့ Regan Reaney ကတော့ သူ့ကျောက်ကို မည်သူမဆို စစ်ဆေးနိုင်ပါတယ်လို့ အာမခံထားပါတယ်။ ဖရဲသီးတစ်လုံး အရွယ်ခန့် ရှိတဲ့ ၎င်း မြကို ဘရာဇီးနိုင်ငံကနေ တူးဖော်ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှာ သွေးတာဖြစ်ပါတယ်။ ၁၁.၅ပေါင် အလေးချိန် ရှိတဲ့ ၎င်းမြဟာ အရိုင်းတုံးအဖြစ် ထွက်ရှိပြီးသမျှ မြ တွေထဲမှာ နံပါတ်-၅ အကြီးဆုံးဖြစ်ပေ မဲ့ ဖြတ်တောက်ပြီး သွေးလိုက်တဲ့ အချိန်မှာတော့ ယခုတွေ့မြင်ရတဲ့ Teodora ကသာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာပါတယ်။ Regan Reaney က ၎င်းမြကြီးကို အိန္ဒိယနိုင်ငံက သူဌေးကြီးတစ်ဦးဆီက တဆင့်ပြန်လည်ဝယ်ယူတာဖြစ်ပြီး ၎င်းနာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

 

Image Hosted by PicturePush - Photo Sharing

 

မြအကြောင်း ဗဟုသုတအနည်းငယ် ဖြည့်စွက် ပြောရမယ်ဆိုရင် ၎င်းကျောက်မျက်ရတနာကို ကိုလံဘီယာ၊ အာဖဂန်နစ်စတန်၊ ဇင်ဘာဘွေ၊ ဘရာဇီးနဲ့ ကနေဒါတို့မှာ တူးဖော် ရရှိနိုင်ပါတယ်။ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိပြီး (ငွေရတု-၂၅၊ ရွှေရတု-၅၀၊ စိန်ရတု-၇၅ စသဖြင့် ရှိကြရာမှာ) ၅၅-ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။ မြဟာ ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၎င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်း များသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်။ လုံးဝ အပြစ်အနာကင်းတဲ့ မြကို တွေ့ဖို့ ခဲယဉ်းတယ်လို့လည်း ဆိုကြပါတယ်။ မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၎င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်။

 

ကျောက်မျက်ရတနာကို စံနှုန်းသတ်မှတ်ရာမှာ အနာအဆာကင်းစင်မှု၊ အရည်အသွေးကောင်းမွန်မှုတို့နဲ့ သတ်မှတ်ကြပြီး မြ ဆိုတဲ့ကျောက်ဟာ အနာအဆာများတဲ့ ကျောက်ဖြစ်တာမို့ ယခု မြ ဟာလည်း ကြိုးပတ်ထားသကဲ့သို့ အနာများ ပါရှိပေမဲ့ အရွယ်အစားကြီးမားတဲ့ အနေအထားမျိုး ထွက်ရှိဖို့ ခဲယဉ်းတာကြောင့်လည်း တန်ဖိုးကြီးမားပါတယ်။ မေလဖွားတို့အတွက် အဆောင်ကျောက် ဖြစ် တဲ့ မြကျောက်ဟာ အေးချမ်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။

 

Gold & Jewellery Buying Guide

Source: missgreenlady

 
Read times Last modified on Tuesday, 08 December 2020 17:13
Rate this item
(0 votes)