ကမ္ဘာ့အကြီးမားဆုံး စိန်တွင်း ပိတ်သိမ်းတော့မည်

ကမ္ဘာ့အကြီးမားဆုံး စိန်တွင်း ပိတ်သိမ်းတော့မည် google

 

ကမ္ဘာ့ စိန်ဈေးကွက်တွင် ဈေးအကြီးဆုံး တွင်းထွက် ရတနာဖြစ်သော ပန်းနုစိန်  pink diamond များ၏ ၉၀ ရာခိုင်နှုန်းကို အဆိုပါ စိန်တွင်းမှ နှစ်စဉ် ထုတ်လုပ်ပေးခဲ့သည်။ 

 

 

 

အဆိုပါစိန်တွင်းသည် သြစေတးလျနိုင်ငံ အနောက်ပိုင်း အိစ်ကင်ဘာလီဒေသတွင် တည်ရှိပြီး  Argyle Diamond Mine ဟု အမည်တွင်းသဖြင့်

 

၎င်းမိုင်းတွင်းမှ ထွက်သော ပန်းနုစိန်များကို Argyle pink diamond ဟု ခေါ်ကြသည်။ 

 

ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သည်

*********************

ကမ္ဘာ့အကြီးမားဆုံး စိန်တွင်းမှ ဈေးကောင်းရသည့် ပန်းနုနှင့် အနီ စိန်များ ထွက်ရှိမှု နည်းပါးနေပြီး အခြား အရည်အသွေး အနိမ့်စား ကျောက်မျက်

 

များကိုသာ ရရှိတော့သဖြင် စိန်တွင်း ပိုင်ရှင်ဖြစ်သော  Rio Tinto Group သည် နှစ်ပေါင်း ၄၀ ကြာ တူးဖော်ထုတ်လုပ်ခဲ့ပြီးချိန်၌ ရပ်ဆိုင်းဖို့

 

ဆုံးဖြတ်ချက် ချခဲ့သည်။

 

ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မကာမိတော့သဖြင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး ဤသို့ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့စိန်ဈေးကွက်တွင်

 

ဈေးနှုန်း အပြောင်းအလဲမျာ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းကြသည်။ 

 

Argyle Diamond Mine သည် ၁၉၈၃ ခုနှစ်မှ စ၍  စိန်များကို အနိမ့်တန်းမှ အထက်တန်းအထိ အမျိုးမျိုး ထွက်ရှိသဖြင့် စိန်လောကကို

 

သက်ရောက်မှု ပေးခဲ့သည်။

 

၂၀၁၁ ခုနှစ် မှစ၍ စိန်ကောင်းများ ရရှိသည့်ပမာဏ လျော့ကျလာခဲ့သည်။ 

 

 

 

 

လာမည့်နှစ်ကုန်ပိုင်းတွင် ရနိုင်သမျှသေ စိန်များ ကုန်လုနီးပါး ဖြစ်မည်ဟု ခန့်မှန်းထားပြီး စီးပွားရေးအရ တွက်သားမကိုင်နိုင်တော့သောကြောင့်

 

မိုင်းတွင်း ပိတ်လိုက်ခြင်း ဖြစ်သည်။ 

 

“၂၀၂၀ ခုနှစ်မှာ ပိတ်မယ်။ ပြီးရင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို မိုင်းတွင်း ဧရိယာမှာ ပြန်လုပ်ပေးမယ်” ဟု

 

အစီအစဉ်ကို ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်က ပြောသည်။ 

 

Argyle သည် ပန်းနုစိန်များကြောင့် နာမည်ကြီးသည်။ နှင်းဆီရောင်သန်းနေသော စိန်များ၊ ပန်းခရမ်းရောင်း သန်းနေသော

 

စိန်များသည် ၎င်းစိန်တွင်းမှ စံချိန်တင် ဈေးကောင်းရသော စိန်များ ဖြစ်သည့်အပြင် စိန်လောကတွင် ကျော်ကြားသည့် စိန်များလည်း ဖြစ်သည်။ 

 

 

ကမ္ဘာ့စိန်မိုင်းတွင်း လုပ်ငန်းကြီးဖြစ်သော Rio Tinto Group က ၅၉ ဒသမ ၆ ကာရက်ရှိသော Pink Star ဟု အမည်တွင်သည့် စိန်တစ်ပွင့်ကို

 

၂၀၁၇ ခုနှစ် ဧပြီလ၌ Sotheby’s တွင် လေလံတင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၇၁ သန်း ရရှိသည်။ ကျောက်မျက်ရတနာတို့အကြား စံချိန်သစ်တင်သည့်

 

ဈေးနှုန်း ဖြစ်ခဲ့သည်။ ထိုသို့ ပန်းနုစိန်များ ဈေးကောင်း ရပြီး ဆွဲဆောင်မှု မြင့်မားပြီး Argyle စိန်တွင်းမှ ထုတ်လုပ်မှု စုစုပေါင်းကာရက်၏

 

သုည ဒသမ သုည တစ် ရာခိုင်နှုန်းသည် ပန်းနုစိန်များ ဖြစ်သည်။ 

စိန်တွင်းလောကမှ အကြီးမားဆုံး လုပ်ငန်းကြီး များကို ထုတ်လုပ်မှု ကာရက်ပမာဏအရ ကြည့်လျှင် 

 

Alrosa  ၃၆.၆ မီလျံ ကာရက်

 

De Beer’s ၃၄.၇ မီလျံ ကာရက်

 

Rio Tino ၁၈.၇ မီလျံ ကာရက်

 

Dominion Diamond ၈.၈ မီလျံ ကာရက်

 

Petra Diamond ၄.၅ မီလျံ ကာရက်

 

အခြား စိန်တွင်းများ ၄၄ မီလျံ ကာရက်

 

Source: Bain & Co. Data based on 2018 estimated production

 

ပေါပေါများများ ထုတ်လုပ်၍ ဈေးကွက်ပျက်

Argyle စိန်တွင်းကို လုပ်ကိုင်သည့် Rio Tinto Groupသည် ပမာဏအရ ကြည့်လျှင် တတိယ အများဆုံး ထုတ်လုပ်သည့် စိန်လုပ်ငန်း ဖြစ်သည်။

ထို့ကြောင့် စိန်လောကနှင့် ဈေးနှုန်းများအပေါ် သက်ရောက်မှု ကြီးမားသည်။ Argyle စိန်တွင်းမှ ထွက်သည့် စိန်များတွင် လေးပုံသုံးပုံသည်

တန်ဖိုးနည်း အညိုရောင်စိန်များ ဖြစ်သည်။ ပျမ်းမျှ ပေါက်ဈေးမှာ တစ် ကာရက်လျှင် ၁၅ မှ ၂၅ အမေရိကန်ဒေါ်လာ အထိ အစားစား ရှိသည်။ 

De Beers မှ တူးဖော်ထုတ်လုပ် ရောင်းချသည့် စိန်များ၏ ယမန်နှစ်က ပျမ်းမျှတန်ဖိုးသည် အမေရကိန်ဓေလာ ၁၇၁ ဖြစ်ပေရာ နှိုင်းယှဉ်ကြည့်ပါက

Argyle စိန်တွင်းမှ စိန်အများစုသည် များစွာ ဈေးပိုပေါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ၌ Rio ၏ ၀ယ်နေကျ ၀ယ်လက်အချို့တို့သည် ဈေးသက်သာသော စိန်များကို ၀ယ်ယူဖို့ ငြင်းကြသည်။

တစ်ချိန်တည်းမှာပင် De Beers သည်လည်း ဈေးနှုန်းအချို့ကို လျှော့ချပြင်ဆင်သတ်မှတ်ပြီး ၀ယ်လက်များကို ရောင်းချခဲ့ရသည်။ 

 

 

မြေအောက်လိုဏ်ဂူတွင် စိန်တူးဖော် ရယူနေပုံ

 

 

အနိမ့်တန်းမှ စိန်များ ဈေးကျဆင်းသော်လည်း စိန်လက်လီအရောင်းကဏ္ဍတွင် ၀ယ်ယူလိုမှုသည် ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။

 

သို့ဖြစ်ရာ အလားအလာ မကောင်းသောကြောင့် Argyle စိန်တွင်း အပါအ၀င် အထင်ကရ စိန်တွင်း အချို့တို့သည် စိန်တွင်း ပိတ်သိမ်းလာကြရသည်။

 

ထိုသို့ ထုတ်လုပ်မှုအပိုင်းတွင် ပိတ်သိမ်းမှုများကြောင့် စိန်ထုတ်လုပ်မှု ပမာဏများ လျော့ကျသွားပြီးသည့်အခါ ရောင်လိုအားနှင့် ၀ယ်လိုအားတို့

 

ချိန်ညှိရာ၌ ရောင်းလိုသည့်ပမာဏက လျော့နည်းနေလျှင် စိန်ဈေး အနည်းနှင့်အများ ပြန်ဦးမော့လာမည်ဟု မျှော်လင့်ထားကြသည်။ 

 

တစ်နှစ်လျှင် စိန် ၂၁ သန်း ကာရက် 

***********************

 Argyle စိန်တွင်းမှ ထုတ်လုပ်သည့် ၁၄ သန်း ကာရက်အပါအ၀င် ၂၀၂၃ ခုနှစ်တွင် တစ်နှစ်တာ စိန်ထုတ်လုပ်မှု ပမာဏသည် ၂၁ သန်း

 

ကာရက်လျော့နည်းသွားမည်။ ထိုအခါ တစ်နှစ်တာ ၀ယ်လိုအား နှင့် ထုတ်လုပ်အားတို့အကြား ကွာဟမှုသည် ကာရက် ၁၁ သန်းမှ

 

၃၅ သန်း အထိ ရှိမည်။ စိန်ဈေးနှုန်းများသည် ၂၀၁၁ ခုနှစ်တွင် အမြင့်သို့ ရောက်ခဲ့ပြီးသည့်နောက် အနိမ့်သို့ ပြန်ကျနေခဲ့သည်မှာ

 

ယခုအထိ ဖြစ်သည်။ 

 

 

 

ဈေးအနိမ့်ပိုင်းမှ စိန်များတွင် ထုတ်လုပ်မှု လျော့ကျသဖြင့် ဈေးပြန်ခိုင်လာနိုင်သည်။ ပန်းနုစိန်များအနေဖြင့် Argyle စိန်တွင်း ပိတ်သိမ်းခြင်းသည်

 

ကြီးမားသော အကျိုးသက်ရောက်မှု ပေးလိ့မ်မည်။ ပန်းနု၊ အနီ၊ အပြာနှင့် ခရမ်းရောင် သန်းသော စိန်များသည် ဈေးခိုင်မာနေမည်။

 

ပန်းနုစိန်များသည် ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်းမှာ ကတည်းက ဈေးနှုန်း လေးဆ မြင့်တက်ခဲ့ပြီးပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဈေးထပ်တက်ဖို့သာ ရှိမည်။ 

 

ထပ်မံတူးဖော်ခြင်း မရှိတော့သဖြင့် ရှိပြီးသား ပန်းနုစိန်များကို ၀ယ်ယူစုဆောင်းခြင်း အားပိုကောင်းလာမည်။ 

 

Argyle စိန်တွင်း ပိတ်သိမ်းခြင်းကြောင့် Rio Tinto Group ၏ စိန်ထုတ်လုပ်မှု ၇၅% လျော့နည်း သွားမည်။ သို့သော် Rio Tinto Groupအဖို့ စိန်မှ ရသော

 

ဝင်ငွေပမာဏသည် လုပ်ငန်းစုကြီး စုစုပေါင်း ရသည့် ၀င်ငွေပမာဏ၏ ၂% သာ ရှိပေရာ အမှုထားစရာ မလိုပေ။ သံရိုင်း တူးဖော်ထုတ်လုပ်မှုထံမှ ၀င်ငွေသည်

 

ဝင်ငွေ စုစုပေါင်း၏ ၆၀% ၀န်းကျင် ရှိပေရာ Rio Tinto Group ၏ အဓိကကျသည်မှာ သံရိုင်းသာ ဖြစ်သည်။ စိန် မဟုတ်ချေ။

 

လုပ်ငန်းစုကြီးသည် ၂၀၁၅ ခုနှစ်တွင် ဇင်ဘာဘွေ နိုင်ငံရှိ ၎င်း၏ မိုင်းတွင်း  Murowa ကို ပိတ်သိမ်းခဲ့သည်။ ကနေဒါနိုင်ငံမှ Diavik မိုင်းတွင်းကို

 

လာမည့် ၂၀၂၅ ခုနှစ်တွင် ပိတ်သိမ်းရန် အစီအစဉ် ဆွဲထားသည်။ စိန်တွင်း လုပ်ငန်းကဏ္ဍသည် Rio Tinto Group အတွက်

 

အမြတ်ရရှိမှု ကောင်းမွန်သည် မှန်သောလည်း ၀င်ငွေ ပမာဏမှာ ကြီးမားခြင်း မရှိချေ။ 

 

 

 

Argyle Pink Diamonds.

 

Photographer: Carla Gottgens/Bloomberg

Read times Last modified on Monday, 15 July 2019 11:16
Rate this item
(0 votes)
Tagged under