အမေရိကန်ဒေါ်လာဈေးဆက်တိုက်ကျဆင်း၊ ပြန်လည်ဝယ်ယူသည့်ဈေး ၁၃၀၀ အောက်အထိကျဆင်းလာ

အမေရိကန်ဒေါ်လာဈေးဆက်တိုက်ကျဆင်း၊ ပြန်လည်ဝယ်ယူသည့်ဈေး ၁၃၀၀ အောက်အထိကျဆင်းလာ Google

အောက်တိုဘာလထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နေ့စဉ်အမေရိကန်ဒေါ်လာ ဝယ်ယူမှုများရှိနေသော်လည်း ဒေါ်လာဈေးမှာ ရက်ပိုင်းအတွင်း ၁၀ ကျပ်ခန့် ကျဆင်းခဲ့ကာ

ဘဏ်များ၊ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာပြန်လည်ဝယ်ယူသည့်ဈေးသည် တစ်ဒေါ်လာလျှင်၁၂၉၅ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံခြားဈေးပြိုင်လေလံနဲ့ အမေရိကန်ဒေါ်လာကို ၃ ဒဿမ ၇ သန်းကနေ ၃ ဒဿမ ၈ သန်းအတွင်းဝယ်ယူခဲ့တယ်။ ဒီနေ့ကိုတော့ အမေရိကန်ဒေါ်လာ၇ဒဿမ၇သန်းကို ဈေးပြိုင်လေလံစနစ်နဲ့ဝယ်ယူခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ဈေးနှုန်းများတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒေါ်လာဝယ်ယူခြင်းဖြစ်ပါတယ်’’ ဟု အောက်တိုဘာ ၉ရက်တွင်ပြောသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာအားဈေးပြိုင်လေလံစနစ်ဖြင့် နေ့စဉ်နီးပါးဝယ်ယူလာခဲ့ရာ ဈေးကွက်အခြေအနေအရ လေလံဈေးကျဆင်းလျက်ရှိကြောင်း သိရသည်။အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၇ သန်းကို ပျမ်းမျှငွလဲလှယ်နှုန်း ၁၂၇၉ ဒဿမ ၄ ကျပ်ဖြင့်ဝယ်ယူခဲ့ကြောင်းသိရသည်။

 

ကမ္ဘောဇဘဏ်၏အကြီးတန်းအကြံပေးဦးသန်းလွင်က “ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်တယ်။ အခုကစီးပွားရေးတွေ အေးနေတော့ ဒေါ်လာဝယ်လိုအားဆက်တိုက်ကျဆင်းနေတယ်။ ဒါကြောင့် ဗဟိုဘဏ်က တတ်နိုင်သမျှဝင်ထိန်းပေးနေတာဖြစ်တယ်။’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။

 

အောက်တိုဘာ ၁ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင်ရောင်းဈေး ၁၃၂၅ကျပ်၊ ပြန်ဝယ်ယူသည့်ဈေး ၁၃၂၀ကျပ်ရှိပြီး အောက်တိုဘာ ၉ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင်ရောင်းဈေး ၁၃၁၅ ကျပ်၊ ပြန်ဝယ်ယူသည့်ဈေး ၁၂၉၅ ကျပ်ရှိကြောင်း သိရသည်။

 

 

Source: Xinhua

Read times
Rate this item
(0 votes)
Tagged under