အမေရိကန် ဘဏ် ၃ ခုပြိုခဲ့ပြီး စတုတ္ထမြောက်ဘဏ်ပြိုမှု ဖြစ်ပွားနိုင်သဖြင့် ရွှေဈေး မြောက်တက်

အမေရိကန် ဘဏ် ၃ ခုပြိုခဲ့ပြီး စတုတ္ထမြောက်ဘဏ်ပြိုမှု ဖြစ်ပွားနိုင်သဖြင့် ရွှေဈေး မြောက်တက်

အမေရိကန် ဘဏ် ၃ ခုပြိုခဲ့ပြီး စတုတ္ထမြောက်ဘဏ်ပြိုမှု ဖြစ်ပွားနိုင်သဖြင့် ရွှေဈေး မြောက်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမေရိကန် ဘဏ် ၃ ခုပြိုခဲ့ပြီး စတုတ္ထမြောက်ဘဏ်ပြိုမှု ဖြစ်ပွားနိုင်သဖြင့် ကမ္ဘာ့ရွှေဈေး မြောက်တက်သွားခဲ့သည်။

နောက်ထပ် အမေရိကန်ဘဏ်တစ်ခု ပြိုလဲဦးမည်ဟု မျှော်လင့်ချက်ကြောင့် ကမ္ဘာ့စတော့ဈေးကွက်များမှ အရင်းအနှီးများ ဆက်လက်စီးထွက်ပြီး ရွှေမှာ ရင်းနှီးမြှုပ်နှံနေကြတာကြောင့် အင်္ဂါနေ့ (မတ် ၁၄)တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် US$ 1,900 အထက်တွင် ရောက်ရှိနေသည်။

တစ်ပတ်မပြည့်ခင်မှာ အမေရိကန်မှ ဘဏ် ၃ ခု

  • Silicon Valley Bank
  • Silvergate Bank
  • Signature Bank 

တို့ ပြိုလဲခဲ့ကြပြီး ဆန်ဖရန်စစ္စကိုအခြေစိုက် Financial Republic Bank လည်း ပြိုလဲမည်ဟု မျှော်လင့်ထားကြသည်။ ၎င်းဘဏ်၏ ရှယ်ယာဈေးနှုန်း ၇၀% ကျော် ထိုးကျသွားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့တွင် Silicon Valley ဘဏ် ရုတ်တရက်ပြိုကျမှုကြောင့် Signature Bank မှာ ငွေအပ်နှံသူများက ငွေပြန်ထုတ်ယူကြရာ အပ်ငွေဒေါ်လာ ၁၀ ဘီလီယံကျော်ကို ပြန်လည်ရယူခဲ့ကြပြီး ဘဏ်ပြိုသွားသည်။

သမ္မတ ဂျိုးဘိုင်ဒင်သည် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှုနှင့် ပတ်သက်၍ ဈေးကွက်ကို စိတ်‌ချလက်ချဖြစ်အောင် လုပ်ပေးနိုင်ခြင်း မရှိသေးသဖြင့် ဘဏ်ပြိုမည့် အရေး စိုးရိမ်စိတ်များကြောင့် အပ်နှံငွေ ထုတ်ယူကြရာမှ ဘဏ်ပြိုခြင်း ထပ်မံပေါ်ပေါက်လာနိုင်သည်။

#myanmarindustriesguide

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 16 March 2023 09:24
Rate this item
(0 votes)