လက်ရှိအချိန်မှာ ပြန်လည်မြင့်တက်လျှက်ရှိတဲ့ကမ္ဘာ့ရွှေဈေးနှုန်း…

လက်ရှိအချိန်မှာ ပြန်လည်မြင့်တက်လျှက်ရှိတဲ့ကမ္ဘာ့ရွှေဈေးနှုန်း… google

ဒီနေ့ဖေဖော်ဝါရီလ3ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကို ဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းတစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ 1583.30ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 0.40ဒေါ်လာမြင့်တက်ပြီး ရာခိုင်နှုန်းအားဖြင့် 0.03% မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့မှာတော့ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ1570ဒေါ်လာပေါက်ဈေးရှိခဲ့ပါတယ်။

ဈေးကွက်ပိတ်ချိန်မှာတော့ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1589ဒေါ်လာထိမြင့်တက်သွားခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာလည်း ကမ္ဘာ့ရွှေဈေးဟာ အနည်းငယ်ပြန်လည်မြင့်တက်လျှက်ရှိနေပါတယ်။

Corona Virus ကူးစက်ပျံ့နှံ့နေချိန်မှာ ရင်းနှီးမြုပ်နှံသူတွေဟာ ရွှေကိုဝယ်ယူစုဆောင်းမှုအပြင်းအထန်များလာတဲ့အတွက်ကြောင့်

ကမ္ဘာ့ရွှေဈေးဟာလေးပတ်အတွင်းမှာ အမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့ပေမယ့်လည်း

တရုတ်ဗဟိုဘဏ်မှ ရွှေဈေးကွက်ကိုထောက်ပံ့မှုတွေပေးခဲ့တဲ့အတွက်ကြောင့် ကမ္ဘာ့ရွှေဈေးဟာ တနင်္လာနေ့ဈေးကွက်အဖွင့်မှာတော့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ ကမ္ဘာ့ရွှေဈေးဟာပြန်လည်မြင့်တက်နေပါတယ်။

ဒီနေ့မနက်၈နာရီ၄၅အချိန်မှာပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ်1,228,000ပေါက်ဈေးရှိနေပါတယ်။

စနေနေ့ကပိတ်ဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 2000ကျပ်ကျသွားပြီးရာခိုင်နှုန်းအားဖြင့်0.16%ကျသွားခဲ့တာပဲဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်...













 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under