ကျောက်စိမ်းဝယ်ယူသူများအတွက်ဆောင်ရန်၊ ရှောင်ရန်များ(၁)

ကျောက်စိမ်းဝယ်ယူသူများအတွက်ဆောင်ရန်၊ ရှောင်ရန်များ(၁) google

ကျောက်စိမ်းဝယ်ယူမည့်သူများသည် အရောင်မှားအဝယ်မှားမဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်များထဲမှ

 

ပထမဆုံး (၃) ချက်ကို ဖော်ပြပေးလိုက်ပါသည်။ ကျန်ရှိသည့်အချက်များကို အပိုင်းများခွဲ၍ ထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။

 

(၁) ၁၀ ဆချဲ့အဏုကြည့်ကိရိယာတစ်ခုသည်သယ်ဆောင်ရန် လွယ်ကူပြီးတန်ဖိုးလည်း အလွန်မများသည့်အတွက်

 

ကျောက်မျက်လုပ်ငန်းနှင့်သက်ဆိုင်သူတိုင်းကိုင်ဆောင်ထားသင့်ပါတယ်။

 

ထိုကိရိယာဖြင့်ကျောက်စိမ်း၏ အက်ကြောင်းများအတွင်းရှိဆိုးဆေးများစုပုံနေသည်ကို မြင်နိုင်သည်။

 

ထို့ပြင်ခြစ်ရာများ၊ တွင်းပေါက်ငယ်များ၊ အက်ရာ၊ အက်ကွဲကြောင်းများနှင့်ယမ်းဖတ်၊

 

ယမ်းစေ့များ၏အရွယ်အစားကိုပါ မြင်တွေ့စစ်ဆေးနိုင်ပါသည်။

 

(၂) ကျောက်မျက်ရတနာအရောင်းဆိုင်တွင် ဆိုင်ရှင်သည်အားကောင်းသောအလင်းရောင်အောက်တွင်ေ

 

ကျာက်စိမ်းကိုပြသလေ့ရှိပါသည်။

 

ကျောက်စိမ်း၏အရောင်ကို ထိုအလင်းရောင်တစ်မျိုးတည်းဖြင့်အကဲမဖြတ်သင့်ပါ။

 

စကားပုံတစ်ခုအဆိုတွင် “ လရောင်အောက်တွင်မိန်းကလေးသည်ပိုလှပြီး

 

မီးရောင်အောက်တွင် ကျောက်စိမ်းသည်ပိုလှပသည်”။

 

ထို့ကြောင့်ကျောက်စိမ်းပေါ်သို့ကျရောက်နေသောအလင်းရောင် သို့မဟုတ်

 

(ပတ်ဝန်းကျင်)ရှိအရောင်သည် ဝယ်ယူသူ၏အကဲဖြတ်ချက်ကိုလွှမ်းမိုးမှုရှိနေပါသည်။

 

သဘာဝနေ့ခင်းအလင်းရောင်ဖြင့်ကျောက်စိမ်း၏အရောင်ကိုစစ်ဆေးပါ။

 

စူးရှသောအလင်း (သို့မဟုတ်) အားပြင်းအလင်းရောင်သည် ဒဏ်ရာများနှင့်အောင်းဝင်းများကို ပိုမိုလွယ်ကူစွာတွေ့မြင်နိုင်သည်။

 

ထို့ပြင်ကျောက်၏ သန့်စင်ကြည်လင်မှုအဆင့်အတန်းကိုလည်း စစ်ဆေးနိုင်ပါသည်။

 

(၃) အလင်းရောင်လုံလောက်မှုမရှိပါက အိပ်ဆောင်လက်နှိပ်ဓာတ်မီးကိုအသုံးပြုခြင်းဖြင့်

 

ကျောက်၏ဖွဲ့သားအသားခံနှင့် အောင်းဝင်းများကိုအသေးစိတ်ကြည့်ရှု့စစ်ဆေးနိုင်ပါသည်။

 

ကျောက်၏အစိတ်အပိုင်းအားလုံးကိုလားရာဘက်အမျိုးမျိုးမှစစ်ဆေးရပါမည်။

 

မှောင်သောပတ်ဝန်းကျင်တွင် အစိမ်းနုသည်ပို၍အရောင်ပြည့်ဝစွာမြင်တွေ့ရပြီး

 

အလင်းရောင်အားကောင်းသောအခြေအနေတွင် အစိမ်းရင့်သည်ပို၍ဆွဲဆောင်မှုရှိကြောင်းမြင်တွေ့ရပါသည်။

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)