ဆက်လက်မြင့်တက်လျှက်ရှိတဲ့ ယနေ့ကမ္ဘာ့ရွှေဈေး…

ဆက်လက်မြင့်တက်လျှက်ရှိတဲ့ ယနေ့ကမ္ဘာ့ရွှေဈေး… google

ဒီနေ့ဖေဖော်ဝါရီလ25ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကို ဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1657.55 ဒေါ်လာပေါက်ဈေးဖြစ်နေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့ 1.83ဒေါ်လာကျဆင်းပြီးရာခိုင်နှုန်းအားဖြင့် 0.11%ကျဆင်းသွားတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ 21ရက်နေ့မှာတော့ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1619.08 ဒေါ်လာပေါက်ဈေးရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ 24ရက်နေ့မှာတော့ 1688.46 ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။

ဒီနေ့ရဲ့ဈေးကွက်အစအဖွင့်မှာတော့ ကမ္ဘာ့ရွှေဈေးဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1659.38 ဒေါ်လာ ပေါက်ဈေးရှိနေခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လုံးတိုးလာတဲ့အတွက်စီးပွားရေးအပေါ်ထိခိုက်မှုတွေရှိနေပါတယ်။

အဲ့ဒီဂယက်ကြောင့်ပဲ ကမ္ဘာ့စတော့ခ်ဈေးကွက်တွေမှာစံချိန်တင်လောက်တဲ့အထိကို စတော့ခ်ရှယ်ယာဈေးကွက်တွေဟာတဟုန်ထိုးကျဆင်းနေပြီးတော့

ကမ္ဘာ့ရွှေဈေးနှုန်းကတော့ ၇နှစ်ကျော်ကာလအတွင်းမှာ အမြင့်ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့ပါတယ်။

ဒီနေ့မနက်၈နာရီခွဲအချိန်မှာရရှိထားတဲ့သတင်းအရ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို 1252000 ကျပ်ပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးကွက်ပိတ်ချိန်ဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 9500 ကျပ်ကျပြီးရာခိုင်နှုန်းအားဖြင့် 0.75% ကျတာပဲဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်...












 

Myanmar Wedding Guide

 

1we

 

 

Read times
Rate this item
(0 votes)
Tagged under