ထိုင်းရွှေဈေးကွက် အွန်လိုင်း ရွှေစုဆောင်းသူ ပိုများလာ

ထိုင်းရွှေဈေးကွက် အွန်လိုင်း ရွှေစုဆောင်းသူ ပိုများလာ

ထိုင်းရွှေဈေးကွက် အွန်လိုင်း ရွှေစုဆောင်းသူ ပိုများလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံမှ ရွှေနှင့် ကျောက်မျက်ရတနာများ ထိပ်တန်းထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူဖြစ်သည့် YLG Bullion International Co. ၏ အဆိုအရ ပြည်တွင်းရွှေဈေး စံချိန်တင် မြင့်မားနေစဉ် အွန်လိုင်းပလက်ဖောင်းများပေါ်တွင် ထိုင်းနိုင်ငံသားများ ပိုင်ဆိုင်သည့် ရွှေစုဆောင်းမှုတန်ဖိုးသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ယင်းကာလအတွင်း ကမ္ဘာ့ရွှေဈေးသည် ၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်၊

.

ဒေါ်လာဈေး ဆက်လက်ကျဆင်းနေပါက ကမ္ဘာ့ရွှေဈေး မငြိမ်မသက်ဖြစ်နေဦးမည်၊ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၀၀၀ ကျော်အထိ ဖြစ်နေဦးမည်ဟု YLG Bullion International Co. မှ အမှုဆောင်အရာရှိချုပ် Pawan Nawawattanasap က ပြောသည်။

"ကျွန်‌ေတာ်တို့ရဲ့ ပလက်ဖောင်း YLG Gold Saving မှာ  ရွှေဝယ်သူဦးရေ ပထမသုံးလပတ်မှာ ယမန်နှစ်ကထက် 60% တိုးလာပါတယ်။ Pao Tang အက်ပ်ပေါ်မှ YLG Gold Wallet မှာ ရွှေရောင်းဝယ်ရေး အကောင့်ဖွင့်တဲ့သူဦးရေ ၇၀% ကျော် တိုးပါတယ်" ဟု သူမက ပြောကြားသည်။

၎င်းဝန်ဆောင်မှု နှစ်မျိုးစလုံးသည် ရင်းနှီးမြှုပ်နှံလိုသူတိုင်း အသုံးပြုနိုင်သည်။

.

 YLG Gold Saving သည် ရင်းနှီးမြှုပ်နှံမှုပြုရန် အနည်းဆုံး ဘတ် ၁၀၀ မျှသာ လိုအပ်သည်။ ရွှေကို စုပေါင်းစပ်ပေါင်း ရင်းနှီးမြှုပ်နှံသည့်စနစ် ကျင့်သုံးသည်။ ‌၂၄ နာရီ ပတ်လည်  ပိတ်ရက်မရှိ ဖွင့်ထားသည်။ အချိန်နှင့် တပြေးညီ ကာလပေါက်ဈေးဖြင့်ရွှေဝယ်စုနိုင်သည်။ 

 စမတ်ဖုန်းဖြင့် အက်ပ်ကို အသုံးပြုပြီး အလွယ်တကူ ရွှေဝယ်စုနိုင်သည်။

 .

"ရွှေပမာဏ ၁ ဂရမ် သို့မဟုတ် ထို့ထက်ပို၍ စုမိလာပါက ရင်းနှီးမြှုပ်နှံသူက ရွှေသားကို ထုတ်ယူလို့ ရတယ်။ ရွှေမယူဘဲ ငွေသားဖြင့် ထုတ်ယူလို့လည်းရတယ်။  ဆက်လက်သိမ်းဆည်းထားမယ် ဆိုရင်လည်း ရတယ်" ဟု Ms Pawan က ပြောကြားသည်။

.

Pao Tang အက်ပ်တွင် ပါဝင်သော Gold Wallet ဝန်ဆောင်မှုသည် ရွှေကို ကန်ဒေါ်လာဖြင့် အရောင်းအဝယ် ပြုနိုင်သည်။ ဘတ်ငွေဖြင့် ပေးသွင်းပြီး ကန်ဒေါ်လာသို့ ပြောင်းလဲကာ ရွှေအရောင်းအဝယ် ဆောင်ရွက်နိုင်သည်။

.

Pao Tang အက်ပ်တွင် YLG Gold Wallet ထည့်သွင်း သုံးစွဲရန် YLG က Krungthai Bank နှင့် မိတ်ဖက်ပြုထားသည်။ ကမ္ဘာ့ရွှေစံချိန်စံညွှန်းနှင့်အညီ 99.99% ရွှေကို အရောင်းအဝယ် ပြုရန် ဝန်ဆောင်မှု ပေးသည်။

.

အာရှတွင် တရုတ်နှင့် အိန္ဒိယပြီးလျှင် ထိုင်းသည် ရွှေဝယ်ယူမှု ကမ္ဘာ့တတိယ အများဆုံးဖြစ်သည်။ 

 Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 03 May 2023 18:31
Rate this item
(1 Vote)