ထိုင်းဝန်ကြီးချုပ်က ရွှေကို နည်းနည်းချင်း ရောင်းချကြရန် ပြောကြား

ထိုင်းဝန်ကြီးချုပ်က ရွှေကို နည်းနည်းချင်း ရောင်းချကြရန် ပြောကြား

ထိုင်းဝန်ကြီးချုပ်က ရွှေကို များများစားစား တစ်ကြိမ်တည်း ရောင်းချခြင်း မပြုဘဲ

နည်းနည်းချင်း ရောင်းချကြရန် လူထုကို တိုက်တွန်းပြောကြားခဲ့သည်။

အကြောင်းမှာ ထိုင်းနိုင်ငံမှ ရွှေဆိုင်များသည် လာရောင်းသူ များပြားသည့်အခါ ရွှေဝယ်ယူရန် လက်ကျန်ငွေ ပြတ်လပ်မှုများ ဖြစ်ပေါ်လာကြသောကြောင့် ဖြစ်သည်။ ရွှေတုံးရွှေခဲနှင့် ရွှေထည်လက်ဝတ်ရတနာများကို လာရောက်ရောင်းချကြသည်။ တိုင်းပြည်စီးပွားရေးမှာ ရပ်တန့်လုနီးပါး ဖြစ်နေသဖြင့် အနီးကပ် အနာဂတ်တွင် အခြေအနေ ပြေပြေလည်လည် ဖြစ်စရာအကြောင်း မမြင်သဖြင့် လက်ထဲ ရှိသည့် ရွှေကို ရောင်းချကြသူများ ရှိသလို အခြားသူများ ရွှေရောင်းချသည်ကို တွေ့သဖြင့် လိုက်လုပ်သူများလည်း ရှိသည်။

ဝန်ကြီးချုပ် Prayuth Chan-Ocha က “ပြည်သူတွေ ရွှေထုတ်ရောင်းကြတာမှာ များများစားစား ရောင်းတာအစား နည်းနည်းခြင်းရောင်းကြဖို့ တိုက်တွန်းပါတယ်။ ရွှေဆိုင်တွေ ငွေပြတ်တာ ရင်ဆိုင်ရနိုင်တယ်” ဟု ပြောကြားခဲ့သည်။

ရွှေဈေးကလည်း စံချိန်တင် မြင့်တက်နေခြင်းသည်လည်း ရွှေထုတ်ရောင်းကြစေရန် တွန်းအားတစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရွှေသည် စုဆောင်းမှုအဖြစ် လူသုံးများကြသည်။ ‌ငွေစုခြင်းအပြင် ရွှေကိုလည်း စုကြသည်။ ကမ္ဘာ့ရွှေဈေး တက်နေရာ ခုနစ်နှစ်တာအတွင်း အမြင့်ဆုံးနီးပါးသို့ ရောက်ရှိနေသဖြင့် ဈေးကောင်းတုန်း ရောင်းလိုကြသူ များပြားခြင်းသည်လည်း အကြောင်းတစ်ချက် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းတို့ကြောင့် လူအများတို့ အလုပ်လက်မဲ့ ဖြစ်နေကြခြင်း၊ လခဖြတ်တောက်လျှော့ချခံရခြင်းတို့ကြောင့်လည်း ငွေဖော်ရန် လက်ထဲရှိသည့် ရွှေကို ရွှေဆိုင်များတွင် ရောင်းချကြသူများ များပြားနေသည်။ (ရန်ကုန်မြို့တွင်လည်း စတေးဟုမ်း မတိုင်ခင်က ရွှေဆိုင်များတွင် ရွှေလာရောင်းချသူများ များပြားနေခဲ့သည်)

ဝန်ကြီးချုပ် Prayuth Chan-Ocha က ရွှေဆိုင်များတွင် ရွှေရောင်းမည့်သူများ တန်းစီနေကြသည်မှာ ရှည်ရှည်လျားလျား ဖြစ်နေသည်ကို ဖြေရှင်းရန် တာဝန်ရှိသူတို့အား ညွှန်ကြားထားကြောင်းလည်း ပြောပြသည်။ ထိုင်းနိုင်ငံသည် တစ်စိတ်တစ်ဒေသ လော့ဒေါင်းချခြင်းကို ဧပြီလတစ်လျှောက် ဆောင်ရွက်နေသည်။ မရှိမဖြစ် လိုအပ်သော စီးပွားရေးလုပ်ငန်းများကိုသာ ဖွင့်လှစ်ရန် ခွင့်ပြုထားသည်။

Bloomberg

 

ထိုင္း၀န္ႀကီးခ်ဳပ္က ေရႊကို နည္းနည္းခ်င္း ေရာင္းခ်ၾကရန္ ေျပာၾကား

ထိုင္း၀န္ႀကီးခ်ဳပ္က ေရႊကို မ်ားမ်ားစားစား တစ္ႀကိမ္တည္း ေရာင္းခ်ျခင္း မျပဳဘဲ နည္းနည္းခ်င္း ေရာင္းခ်ၾကရန္ လူထုကို တိုက္တြန္းေျပာၾကားခဲ့သည္။
အေၾကာင္းမွာ ထိုင္းႏိုင္ငံမွ ေရႊဆိုင္မ်ားသည္ လာေရာင္းသူ မ်ားျပားသည့္အခါ ေရႊ၀ယ္ယူရန္ လက္က်န္ေငြ ျပတ္လပ္မႈမ်ား ျဖစ္ေပၚလာၾကေသာေၾကာင့္ ျဖစ္သည္။ ေရႊတုံးေရႊခဲႏွင့္ ေရႊထည္လက္၀တ္ရတနာမ်ားကို လာေရာက္ေရာင္းခ်ၾကသည္။ တိုင္းျပည္စီးပြားေရးမွာ ရပ္တန္႔လုနီးပါး ျဖစ္ေနသျဖင့္ အနီးကပ္ အနာဂတ္တြင္ အေျခအေန ေျပေျပလည္လည္ ျဖစ္စရာအေၾကာင္း မျမင္သျဖင့္ လက္ထဲ ရွိသည့္ ေရႊကို ေရာင္းခ်ၾကသူမ်ား ရွိသလို အျခားသူမ်ား ေရႊေရာင္းခ်သည္ကို ေတြ႕သျဖင့္ လိုက္လုပ္သူမ်ားလည္း ရွိသည္။

၀န္ႀကီးခ်ဳပ္ Prayuth Chan-Ocha က “ျပည္သူေတြ ေရႊထုတ္ေရာင္းၾကတာမွာ မ်ားမ်ားစားစား ေရာင္းတာအစား နည္းနည္းျခင္းေရာင္းၾကဖို႔ တိုက္တြန္းပါတယ္။ ေရႊဆိုင္ေတြ ေငြျပတ္တာ ရင္ဆိုင္ရႏိုင္တယ္” ဟု ေျပာၾကားခဲ့သည္။

ေရႊေဈးကလည္း စံခ်ိန္တင္ ျမင့္တက္ေနျခင္းသည္လည္း ေရႊထုတ္ေရာင္းၾကေစရန္ တြန္းအားတစ္ခု ျဖစ္သည္။

ထိုင္းႏိုင္ငံတြင္ ေရႊသည္ စုေဆာင္းမႈအျဖစ္ လူသုံးမ်ားၾကသည္။ ‌ေငြစုျခင္းအျပင္ ေရႊကိုလည္း စုၾကသည္။ ကမာၻ့ေရႊေဈး တက္ေနရာ ခုနစ္ႏွစ္တာအတြင္း အျမင့္ဆုံးနီးပါးသို႔ ေရာက္ရွိေနသျဖင့္ ေဈးေကာင္းတုန္း ေရာင္းလိုၾကသူ မ်ားျပားျခင္းသည္လည္း အေၾကာင္းတစ္ခ်က္ ျဖစ္သည္။ ထိုင္းႏိုင္ငံတြင္ စီးပြားေရးလုပ္ငန္းမ်ား ရပ္ဆိုင္းျခင္း၊ ပိတ္သိမ္းျခင္းတို႔ေၾကာင့္ လူအမ်ားတို႔ အလုပ္လက္မဲ့ ျဖစ္ေနၾကျခင္း၊ လချဖတ္ေတာက္ေလွ်ာ့ခ်ခံရျခင္းတို႔ေၾကာင့္လည္း ေငြေဖာ္ရန္ လက္ထဲရွိသည့္ ေရႊကို ေရႊဆိုင္မ်ားတြင္ ေရာင္းခ်ၾကသူမ်ား မ်ားျပားေနသည္။ (ရန္ကုန္ၿမိဳ႕တြင္လည္း စေတးဟုမ္း မတိုင္ခင္က ေရႊဆိုင္မ်ားတြင္ ေရႊလာေရာင္းခ်သူမ်ား မ်ားျပားေနခဲ့သည္)

၀န္ႀကီးခ်ဳပ္ Prayuth Chan-Ocha က ေရႊဆိုင္မ်ားတြင္ ေရႊေရာင္းမည့္သူမ်ား တန္းစီေနၾကသည္မွာ ရွည္ရွည္လ်ားလ်ား ျဖစ္ေနသည္ကို ေျဖရွင္းရန္ တာ၀န္ရွိသူတို႔အား ၫႊန္ၾကားထားေၾကာင္းလည္း ေျပာျပသည္။ ထိုင္းႏိုင္ငံသည္ တစ္စိတ္တစ္ေဒသ ေလာ့ေဒါင္းခ်ျခင္းကို ဧၿပီလတစ္ေလွ်ာက္ ေဆာင္ရြက္ေနသည္။ မရွိမျဖစ္ လိုအပ္ေသာ စီးပြားေရးလုပ္ငန္းမ်ားကိုသာ ဖြင့္လွစ္ရန္ ခြင့္ျပဳထားသည္။

Bloomberg

Read times
Rate this item
(0 votes)