၇နှစ်အတွင်းစံချိန်တင်ဈေးနှုန်းအဖြစ် မြင့်တက်နေတဲ့ ယနေ့ ကမ္ဘာ့ရွှေဈေးနှုန်း...

၇နှစ်အတွင်းစံချိန်တင်ဈေးနှုန်းအဖြစ် မြင့်တက်နေတဲ့ ယနေ့ ကမ္ဘာ့ရွှေဈေးနှုန်း... google

ဒီနေ့ဖေဖော်ဝါရီလ၂၁ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှု်းဟာ ၇နှစ်အတွင်းစံချိန်တင်ဈေးနှုန်းအဖြစ် တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1625.40 ဒေါ်လာပေါက်ဈေးဖြစ်နေခဲ့ပါတယ်။

တစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ 1619.56 ဒေါ်လာနဲ့ဒီနေ့ဈေးကွက်စဖွင့်ခဲ့ပြီးတော့ ဈေးနှုန်းကဆက်လက်မြင့်တက်လျှက်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံပြင်ပမှာ ဖြစ်ပွားမှုမြင့်တက်လာတာကြောင့် ရင်းနှီးမြုပ်နှံသူတွေဟာစီးပွားရေးအရထိခိုက်ဆုံးရှုးမှုတွေအပေါ်မှာစိုးရိမ်လာကြတာကြောင့်

စိတ်ချရတဲ့ ရွှေဖက်ကိုရွေးချယ်ပြီးတော့ ရင်းနှီးမြုပ်နှံလာကြတာကြောင့် အခုလိုဈေးနှုန်းကဆက်လက်မြင့်တက်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မနက် ၈နာရီမှာရရှိထားတဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကတော့ တစ်ကျပ်သားကို 1234500 ကျပ်ပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 3000 ကျပ်မြင့်တက်လာတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် 0.24% မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်...


ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုးဟာ ၇နှစ်အတွင်းစံချိန်တင်ဈေးနှုန်းအဖြစ် တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1625.40 ဒေါ်လာပေါက်ဈေးဖြစ်နေခဲ့ပါတယ်။






 

Myanmar Wedding Guide

 

1we

Read times Last modified on Friday, 21 February 2020 13:31
Rate this item
(0 votes)
Tagged under