၂၀၂၂ မှာ အာဆီယံတွင် ဗီယက်နမ် ရွှေအများဆုံးဝယ်ယူ

၂၀၂၂ မှာ အာဆီယံတွင် ဗီယက်နမ် ရွှေအများဆုံးဝယ်ယူ

၂၀၂၂ မှာ အာဆီယံတွင် ဗီယက်နမ် ရွှေအများဆုံးဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကို ကာကွယ်ရန်အတွက် အဖိုးတန်သတ္တု ရွှေသည် ရေပန်းစားနေဆဲဖြစ်သည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) က ပြောကြားသည်။

 

တရုတ်နိုင်ငံမှအပဖြစ်သော  အာရှပစိဖိတ်ဒေသဆိုင်ရာ WGC ၏ စီအီးအို Andrew Naylor က အာဆီယံ၏ ရွှေဝယ်လိုအားသည် ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်ကြောင်း အွန်လိုင်းမီဒီယာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

သို့သော်လည်း ကမ္ဘာ့ရွှေဝယ်လိုအားသည် ဗဟိုဘဏ်များမှ ဝယ်ယူမှုများဖြင့် အဓိကမောင်းနှင်နေသော်လည်း အာဆီယံ၏ ၀ယ်လိုအားသည် ၎င်းတို့၏ တသီးပုဂ္ဂလ ကိုယ်ပိုင်ကြွယ်ဝမှု တိုးပွားစေရန် သို့မဟုတ် အမြတ်အစွန်း ရရှိရန်အတွက် ချိန်ရွယ်သည့် ရွှေဝယ်သူများ၏ ဝယ်ယူမှုများသည် အဓိက မောင်းနှင်အားဖြစ်သည်။

ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ကိုဗစ်အကြိုကာလ ရေချိန်သို့ လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်စေသည့် တရုတ်နိုင်ငံ၏ ပြန်လည်ဖွင့်လှစ်မှုကြောင့်လည်း အာဆီယံရွှေဝယ်သူများ အားတက်ကြသည်။

Gold Demand Trend 2022 အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံသည် အာဆီယံတွင် ရွှေဝယ်ယူမှု အများဆုံးနိုင်ငံဖြစ်ပြီး ၆၉.၁ တန် ဝယ်ယူခဲ့သည်။ ၎င်းပမာဏတွင် တန် ၄၀ ဝန်းကျင်သည် ရွှေချောင်းများနှင့် ရွှေဒင်္ဂါများ ဝယ်ယူကြခြင်း ဖြစ်သည်။

အာဆီယံတွင် ရွှေဝယ်ယူမှု ဒုတိယအများဆုံးနိုင်ငံမှာ အရှေ့တောင်အာရှ၏ အကြီးဆုံး 

ရွှေထည် လက်ဝတ်ရတနာဈေးကွက်ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး တန် ၅၀ ဝယ်ယူခဲ့သည်။

ထိုင်းနိုင်ငံသည် တတိယအများဆုံးဖြစ်ပြီး ၃၇.၉ တန် ဝယ်ယူခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် ရွှေထည် လက်ဝတ်ရတနာဝယ်လိုအားသည် အရှေ့တောင်အာရှဈေးကွက်အားလုံးနီးပါးတွင် တိုးလာခဲ့သည်။ သို့သော် ရွှေချောင်းနှင့် ရွှေဒင်္ဂါး ဝယ်လိုအားသည် ထည် လက်ဝတ်ရတနာဝယ်လိုအားထက် ပိုကြီးမားသည်။

အာဆီယံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ရွှေဝယ်လိုအား ယေဘုယျအားဖြင့် ခိုင်မာနေဆဲဖြစ်သည်။

 

ငွေကြေးဖောင်းပွမှု၊ ဗဟိုဘဏ်မူဝါဒများ၊ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများသည် ရင်းနှီးမြုပ်နှံသူများကို ၎င်းတို့၏ ကြွယ်ဝမှု အစုစုကို ကာကွယ်ရန် စိတ်ချရသော ပိုင်ဆိုင်မှုများကို ရှာဖွေရန် တွန်းအားပေးခဲ့သည်ဟု Naylor က ပြောကြားသည်။

 

သို့သော်လည်း ငွေကြေးဖောင်းပွမှု မြင့်မားနေသရွေ့ လက်လီဝယ်ယူသူများထံမှ ရွှေဝယ်လိုအား ပျော့နေဦးမည်ဖြစ်သည်။

 

"ဘဏ်အတိုးနှုန်းတွေ တက်လာပြီး ဒေါ်လာဈေး အားကောင်းတဲ့အခါ ရွှေက စျေးကျလေ့ရှိပါတယ်" ဟု Naylor က ပြောကြားသည်။သို့သော်လည်း လက်ရှိ မသေချာမရေရာမှုများနှင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူအများစုသည် ရွှေကို ကိုင်ဆောင်ထားထိုက်သည့် အတိုးမဲ့ ပစ္စည်းတစ်ခုအဖြစ် မြင်ကြမည်ဖြစ်သည်ဟု သူက သုံးသပ်သည်။

 

WGC ၏ လေ့လာမှုအရ ရွှေသည် စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုပတ်ဝန်းကျင်တွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေဦးမည် ဖြစ်သည်။

 

တစ်နှစ်တာ ရွှေဝယ်ယူမှုသည် ၂၀၂၂ တွင် ၄,၇၄၁ တန်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှစ်ဖြစ်သည်။

မြင့်တက်မှု၏ အဓိက အကြောင်းတရားမှာ  တူရကီနှင့် တရုတ်နိုင်ငံတို့အပါအဝင် ဗဟိုဘဏ်များမှ ဝယ်ယူမှုမှာ ၁,၁၃၆ တန် ရှိပြီး 

၅၅ နှစ်ကြာကာလအတွင်း  အမြင့်ဆုံးဖြစ်သည်။

 

ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂,၀၈၆ တန် ဝယ်ယူခဲ့ကြသည်။

Source WGC

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 05 February 2023 18:42
Rate this item
(0 votes)