အမေရိကန်ပြည်တွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့ပွားမှုအခြေအနေကိုသတိပေးလိုက်တာကြောင့် ဆက်လက်မြင့်တက်နေတဲ့ ယနေ့ကမ္ဘာ့ရွှေဈေး

အမေရိကန်ပြည်တွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့ပွားမှုအခြေအနေကိုသတိပေးလိုက်တာကြောင့် ဆက်လက်မြင့်တက်နေတဲ့ ယနေ့ကမ္ဘာ့ရွှေဈေး google

ဒီနေ့ဖေဖော်ဝါရီလ 26ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့ ကမ္ဘာ့ရွှေဈေးကွက်ဖွင့်ချိန်မှာတော့ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1635.16 ဒေါ်လာနဲ့ဈေးစဖွင့်ခဲ့ပြီးတော့ မနေ့ကဈေးကွက်ပိတ်ချိန်နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့0.02ဒေါ်လာတက်သွားပါတယ်။

အခုလို ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာတာဆိုရင်အမေရိကန်ကပြည်တွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့ပွားမှုအခြေအနေကိုသတိပေးလိုက်တဲ့အတွက်

ရင်းနှီးမြုပ်နှံသူတွေဟာ ကမ္ဘာ့စီးပွားရေးအပေါ်ရိုက်ခတ်မှုတွေရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကို စောင့်ကြည့်ရင်းနှီးမြုပ်နှံနေကြတဲ့အတွက် စိတ်ချရတဲ့ ရွှေဈေးကွက်အပေါ်မှာရင်းနှီးမြုပ်နှံလာတာကြောင့်

ရွှေဈေးဟာတက်လာတာဖြစ်ပြီးတော့ အခုတစ်ပတ်အတွင်းမှာလည်းရွှေဈေးနှုန်းဟာ ၇နှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိခဲ့တဲ့အခြေအနေတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ရွှေဈေးကွက်အရောင်းအဝယ်ပြုလုပ်နေတဲ့အချိန်အတွင်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1638.54ဒေါ်လာပေါက်ဈေးရှိနေပြီးတော့

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 3.40ဒေါ်လာမြင့်တက်လာတာပဲဖြစ်ပါတယ်။ဒီနေ့မနက်၈နာရီခွဲမှာရရှိထားတဲ့သတင်းအရ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို1248500 ကျပ်ပေါက်ဈေးဖြစ်နေပြီး

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 500 ကျပ်မြင့်တက်လာတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် 0.04% မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

 

Zawgyi ဖြင့်ဖတ်ရန်...









 

Myanmar Wedding Guide

 

1we

Read times
Rate this item
(1 Vote)
Tagged under