ဖားကန့်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ဖားကန့်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံ တွေ့ရှိရမှု ၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ မြို့နယ် ၂ မြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး( Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များတွင် ယင်းမြို့နယ်(၂)ခုမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်လည်း ထည့်သွင်း ကြေညာခဲ့သည်။

 

ယင်းအမိန့်သည် အောက်တိုဘာ ၂၀ ရက် နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်ပြီး အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံ၌ ယခုအထိ ဓာတ်ခွဲနမူနာပေါင်း ၅၂၉,၂၁၃ ခုအား စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၇,၂၀၅ ဦး တွေ့ရှိခဲ့ကြောင်းနှင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၇,၅၆၈ ဦး ၊ သေဆုံးသူပေါင်း ၉၁၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။

Image may contain: text

Image may contain: text

Image may contain: text that says "၃ အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။ ၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။ MYANMARDIGITALNEWS ၆။ ဤအမိန့်သည် ၂၀-၁၀-၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။ (ဒေါက်တာမြင့်ထွေး) ပြည်ထောင်စုဝန်ကြီး"

 

 

Ref: MOHS

Read times
Rate this item
(0 votes)
Tagged under