Tuesday, 20 October 2020 09:40

ဖားကန့်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

Monday, 19 October 2020 10:45

ဖားကန့်၌ တစ်ပတ်အတွင်း ဒုတိယအကြိမ် အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်း ထပ်မံတွေ့၊ နိုင်ငံတော်ပိုင် သိမ်းဆည်းသွားရန် ပြင်ဆင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံနှင့် ဖားပြင်ကျေးရွာ ကြား မက်လင်ချောင်မျောချောင်း၌ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းအား အောက်တိုဘာ (၁၇) ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း နှင့် နိုင်ငံတော်ပိုင် သိမ်းဆည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။