လက်ထပ်လက်စွပ် အဟောင်းဈေးကွက် ခေတ်ထ

လက်ထပ်လက်စွပ် အဟောင်းဈေးကွက် ခေတ်ထ Google

ကိုဗစ်ကြောင့် လက်ထပ်လက်စွပ် ချွတ်ရောင်းကြတာတွေ များလာလို့ တစ်ပတ်ရစ် လက်ထပ်လက်စွပ်ဈေးကွက် အမေရိကန်မှာ ခေတ်ထနေပြီး လက်ထပ်လက်စွပ် အများစုက စိန်လက်စွပ်တွေ ဖြစ်တာကြောင့် စိန်တန်ဖိုးအရ အဓိကထားပြီး ဈေးဖြတ်ကြတယ်လို့ သိရပါတယ်။

 

No description available.

 


တစ်ပတ်ရစ် လက်ထပ် လက်စွပ်တွေက ဈေးတန်တာကြောင့် ဝယ်လိုအားလည်း ကောင်းတယ်လို့ ဆိုပါတယ်။ ရောင်းလိုအားကတော့ ကိုဗစ်ကြောင့် စီးပွားရေး မပြေလည်တော့တာကြောင့် လက်စွပ်ချွတ်ရောင်းကြသူတွေ ရှိသလို ကိုဗစ်ကာလ အိမ်မှာ ရက်ကြာကြာ အတူနေခဲ့ကြရာမှ လင်မယား ကွာရှင်းပြတ်စဲကုန်ကြတာတွေ များတာကြောင့် လက်ထပ်လက်စွပ် ပြန်ရောင်းကြတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ relationships အများပြား ပြတ်စဲကုန်ကြတယ်လို့ ဆိုပါတယ်။


Legal Templates သုတေသနမှ ထုတ်ပြန်ချက်အရ မတ်လမှ ဇွန်လအတွင်း ကွာရှင်းပြတ်စဲတာတွေ များပြားနေခဲ့တယ်။ စီးပွားရေး မပြေလည်တာဟာလည်း relationships ပြတ်စဲဖို့ တွန်းပို့နေတယ်။


ကွာရှင်းကြတဲ့ လင်မယားတွေမှာ အသက် ၁၈ အောက် ကလေးရှိတဲ့ အိမ်ထောင်တွေက ၄၅ ရာခိုင်နှုန်း ရှိပြီး ၁၈ နှစ်အောက် ကလေး မရှိတဲ့ အိမ်ထောင်တွေက ၅၅ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းကတော့ အချက်အလက် ပြည့်ပြည့်စုံစုံ မသိရတဲ့ ကွာရှင်းမှု တွေ ဖြစ်ပါတယ်။

 

 

By (Gold & Jewellery Buying Guide)

Read times
Rate this item
(0 votes)
Tagged under