ဘဏ်ဖွင့်ရက် ၃ ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁၁ သန်း ဝယ်ယူ

ဘဏ်ဖွင့်ရက် ၃ ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁၁ သန်း ဝယ်ယူ

စက်တင်ဘာလ ၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအားဝယ်ယူခဲ့သည်။

 

နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၂၆ ဒသမ ၄ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

ဘဏ်ဖွင့်ရက် ၃ ရက်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

CBM_1_sep.PNG

 

 

ဩဂုတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းအားဝယ်ယူခဲ့သည်။ ဩဂုတ်လ ၃၁ ရက်တွင် ပုဂ္ဂလိကဘဏ် ဝယ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၃၀ အောက်အထိ ကျဆင်းလျက် ရှိသည်။ နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၃၃ ဒသမ ၇ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန်ဒေါ်လာ ဈေး တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၅၁ ကျပ်အထိ ၂ ရက်အတွင်း ၁၉ ကျပ်ခန့် ဈေးကျဆင်းသည့်အချိန်တွင် သြဂုတ် ၂၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအားဝယ်ယူခဲ့သည်။ နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၄၀ ဒသမ ၉ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

 

CBM.PNG

 

 

 

 

 

ဒေါ်လာဈေး အတက်အကျ အခြေအနေ

 

တစ်ပတ်တာ ကာလ

 

dollar_rate.PNG

 

 

 

တစ်လတာ ကာလ

 

dollar_rate_month.PNG

 

 

တစ်ဆယ်လတာ ကာလ

 

dollar_rate_year.PNG

 

 

 

 

Read times Last modified on Tuesday, 01 September 2020 17:42
Rate this item
(0 votes)