ရှေးဟောင်းရွှေထည်ပစ္စည်းအား ပြန်အပ်ပြီး ဝယ်ယူငွေကို ကိုဗစ်ကော်မတီများအား လှူဒါန်း

ရှေးဟောင်းရွှေထည်ပစ္စည်းအား ပြန်အပ်ပြီး ဝယ်ယူငွေကို ကိုဗစ်ကော်မတီများအား လှူဒါန်း Google

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူရွာရဲ့ ဧရာဝတီမြစ် လက်တက်မှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းရွှေတည်ပစ္စည်းကို ဝယ်ယူထားတဲ့ ရွှေဆိုင်ပိုင်ရှင်က ပြန်လည်ပေးအပ်ပြီး ဝယ်ယူစဥ်က ပေးချေခဲ့တဲ့ ကျပ်(၁၈)သိန်းကိုလည်း

 

ကိုဗစ်ကော်မတီတွေ အတွက် လှူဒါန်းခဲ့တယ်လို့ မြောင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ကတေပြာပါတယ်။

 

"ရွှေဆိုင်ပိုင်ရှင်ဟာ ရှေးလက်ရာမပျက် ထိန်းသိမ်းထားပြီး လိုလိုလားလားနဲ့ ပြန်လည်အပ်နှံပေးခဲ့ ပါတယ်"လို့ ဦးတင်ထွန်းအောင်ကပြောပါတယ်။

 No description available.

အဲဒီ ရှေးဟောင်း ရွှေတည်ပစ္စည်းကို ကျောင်းဖြူကျေးရွာ မြစ်ကမ်းပါးအနီးကနေ နိုဝင်ဘာလ(၂၈)ရက်က ကောက်ရခဲ့တာလို့ သိရပြီး ကောက်ရခဲ့တဲ့သူက ငွေကျပ်(၁၈)သိန်း နဲ့ မြင်းခြံမြို့က ရွှေဆိုင်ကို ရောင်းချထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချခဲ့တဲ့ ရွှေထည်ပစ္စည်းဟာ ခန့်မှန်းအလေးချိန် ၁ ကျပ် ၁၂ပဲ ကျော်ရှိပြီး နိုင်ငံတော်ကို အပ်နှံရမှာဖြစ်တာကြောင့် ဝယ်ယူစဥ်ကပေးချေခဲ့တဲ့ ငွေကို ကိုဗစ်ကော်မတီကို လှူဒါန်းပြီး အဲဒီပစ္စည်းကို ပြန်လည်အပ်နှံခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။"ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် ငွေလှူလိုက်ရတာ ဝမ်းသာ ကျေးဇူးတင်ပါတယ် ။ နိုဝင်ဘာလ (၂၈)ရက် က ရှေးဟောင်းပစ္စည်းရတာကို ဘာမှမလုပ်သေးဘဲ သိမ်းထား ပါတယ်။ "လို့ ရွှေဆိုင်ပိုင်ရှင် ဒေါက်တာသန်းဝင်းက ပြောပါတယ်။ 

ရှေးဟောင်းရွှေထည်ပစ္စည်းကို ပြန်လည်ပေးအပ်ဖို့ ဒီဇင်ဘာလ(၁၉ )ရက်က သဘော တူခဲ့တာကြောင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ ကျောက်ရစ်ရဲစခန်းမှူးတို့ သွားရောက် တွေ့ဆုံပြီး ရွှေထည်ပစ္စည်းနဲ့ အလှူငွေတွေကို လက်ခံခဲ့တာ ဖြစ်တယ်လို့ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ က ပြောပါတယ်။

No description available.

"ပြန်လည်အပ်နှံခဲ့တဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို အပ်နှံသွားမှာ ဖြစ်ပါတယ်"လို့ မြောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ကပြောပါတယ်။
ဒေါက်တာသန်းဝင်းက ငွေကျပ်(၁၈)သိန်းကို မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ အတွက်(၁၀)သိန်းနဲ့ မြောင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွေအတွက် (၈)သိန်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

 

One News Myanmar

Read times Last modified on Tuesday, 22 December 2020 14:32
Rate this item
(0 votes)