ကမ္ဘောဒီးယားရွှေ ပထမခြောက်လ ဒေါ်လာ သန်း ၅၄၀ ဖိုး တင်ပို့

ကမ္ဘောဒီးယားရွှေ ပထမခြောက်လ ဒေါ်လာ သန်း ၅၄၀ ဖိုး တင်ပို့

ကမ္ဘောဒီးယားရွှေ ပထမခြောက်လ ဒေါ်လာ သန်း ၅၄၀ ဖိုး တင်ပို့

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ကမ္ဘောဒီးယားနိုင်ငံတွင် ရွှေသန့်စင်ရေးစက်ရုံများ စီးပွားဖြစ် စတင်ထုတ်လုပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၏ ရွှေတင်ပို့မှု မြင့်တက်သွားသည်။ 

ကမ္ဘောဒီးယားသည် ယခုနှစ် ပထမခြောက်လအတွင်း ပြည်ပသို့ ကန်ဒေါ်လာ သန်း ၅၄၀ ဖိုး ရွှေတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမ ၃ လပတ်တွင် ကန်ဒေါ်လာ ၈၄ သန်းဖိုး တင်ပို့ခဲ့ပြီး ဒုတိယ ၃ လပတ်တွင် ကန်ဒေါ်လာ ၄၅၆ သန်းဖိုး တင်ပို့ခဲ့သည်။

 

ယမန်နှစ် ပထမ ၆ လတွင် ကန်ဒေါ်လာ ၁၃၄ သန်းဖိုး တင်ပို့ခဲ့သည်။

 

ယခုနှစ် ပထမ ၆ လအတွင်း ပြည်ပမှ ရွှေ တင်သွင်းခြင်း မရှိခဲ့ပါ။ 

 

လက်ရှိတွင် ကမ္ဘောဒီးယားမှာ ရွှေသတ္တုရိုင်း ထုတ်လုပ်သည့် ကုမ္ပဏီခြောက်ခုရှိသည်။ 

၎င်းကုမ္ပဏီ ၆ ခုမှာ

• Renaissance Minerals (Cambodia) Ltd 

• Xinshan 

• Delcom Cambodia

• Rong Cheng 

• Xing Yuan 

•  Late Cheng Mining Development Co., Ltd

တို့ ဖြစ်ပါသည်။

 

photo_2023-10-01_23-02-30.jpg

 

အများဆုံး ထုတ်လုပ်သည့် ကုမ္ပဏီမှာ ဩစတေးလျ အခြေစိုက် Renaissance Minerals ဖြစ်ပြီး ထုတ်လုပ်ခဲ့သည့် ရွှေသတ္တုရိုင်း ပမာဏ ၇.၈ တန် ရှိပြီ ဖြစ်သည်။ ကုမ္ပဏီသည် ရွှေသတ္တုရိုင်းကို ဩစတေးလျသို့ တင်ပို့ပြီး ဩစတေးလျတွင် သန့်စင်သည်။

 

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 01 October 2023 23:03
Rate this item
(0 votes)