L/C ဖြင့်သာ ခွင့်ပြုသဖြင့် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့ မှု နည်းပါးသွား

L/C ဖြင့်သာ ခွင့်ပြုသဖြင့် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့ မှု နည်းပါးသွား Google

ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို

 

Telegraphic Transfer (T/T) စနစ်ဖြင့် ဆောင်ရွက်ခွင့် မပြုတော့ဘဲ တစ်ဆင့်ခံ တင်ပို့သည့် Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုတော့ သည့်အတွက် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့ မှု နည်းပါးသွားကြောင်း သိရသည်။ 

U-Win-SeinDaw-Than-Than-WinGold-Shops--Goldsmiths_0087.png

 

Telegraphic Transfer (T/T) စနစ်ဆိုပါက နေ့စဉ် ပေါက်ဈေးဖြင့် အရောင်းအဝယ်တည့်ပြီးနောက် ငွေပေးပို့သည့်အခါ မြန်ဆန်သည်။ Letter of Credit (L/C) သည် တစ်လခန့်ကြာမှ လက်ထဲ ငွေရောက်သဖြင့် ကြန့်ကြာသည်။

 

လိုင်စင်လျှောက်ထားရာတွင်လည်း နှစ်ပတ်ခန့်ကြာမြင့်လေ့ရှိသည်။ L/C အကောင့်ဖွင့်ရခြင်း၊ ရွှေပြန်ပို့ခြင်း၊ ငွေပြန်လွှဲခြင်းတို့ အဆင့်ဆင့်ဆောင်ရွက်ရာ၌ ကုန်ကျစရိတ်သည် Telegraphic Transfer (T/T) စနစ်ထက် ပိုမိုကုန်ကျသည်။ သို့ဖြစ်ရာ မူသစ်စတင်ကျင့်သုံးသည့် ဩဂုတ်လ ၁၅ ရက်နောက်ပိုင်းတွင် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့ မှု နည်းပါးသွားသည်။

 

Shwe-Nagar-MinGems_0402.png

 

Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် Grey List တွင်ပါဝင်နေသဖြင့် ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့်အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့ခြင်းနှင့် တင်သွင်းခြင်းကို ဗန်းပြ၍ တရားမဝင်သည့်နည်းလမ်းဖြင့် ရရှိသောငွေကြေးများ ဝင်ရောက်နိုင်ခြင်းမရှိစေရန် သေချာစွာစိစစ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယင်းပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို L/C စနစ်ဖြင့်သာ ခွင့်ပြုထားပြီး T/T စနစ်ဖြင့် ခွင့်မပြုတော့ချေ။

 

​By Myanmar Gold & Jewellery

Kyaw.png

Read times Last modified on Wednesday, 19 August 2020 16:33
Rate this item
(1 Vote)
Tagged under