ဂျပန် ရွှေလက်လီဈေး ယန်း ၁ သောင်းအထက် ပထမဆုံးအကြိမ် ရောက်ရှိ

ဂျပန် ရွှေလက်လီဈေး ယန်း ၁ သောင်းအထက် ပထမဆုံးအကြိမ် ရောက်ရှိ

ဂျပန် ရွှေလက်လီဈေး ယန်း ၁ သောင်းအထက် ပထမဆုံးအကြိမ် ရောက်ရှိ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဂျပန်နိုင်ငံရှိ ရွှေလက်လီဈေးသည် အင်္ဂါနေ့ (ဩဂုတ် ၂၉)တွင် တိုကျို၌ တစ်ဂရမ်လျှင် ၆၈ ဒသမ ၃၁ ဒေါ်လာအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

 

ရွှေကုန်သည် Tanaka Kikinzoku Kogyo က အင်္ဂါနေ့ (ဩဂုတ် ၂၉)တွင် ရွှေဈေး ၁ ဂရမ် ၁၀,၀၀၁ ယန်းသို့ ရောက်ရှိလာသည်။ တနင်္လာနေ့ထက် ၂၈ ယန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ စံချိန်သစ် တင်သည့် ဈေးနှုန်းဟု ၎င်းက ဆိုသည်။

ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယန်း ဈေးကျနေခြင်း၊ ကမ္ဘာ့စီးပွားရေး နှေးနေသည့်အပေါ် စိုးရိမ်သဖြင့် စိတ်ချရသော ပိုင်ဆိုင်မှုအဖြစ် ရွှေကို ဝယ်ယူကြခြင်းတို့ကြောင့် ရွှေဈေး မြင့်တက်လာသည်ဟု ၎င်းက ပြောကြားသည်။

 

ကန်ဒေါ်လာဖြင့် ရောင်းဝယ်ကြသော နိုင်ငံတကာ ရွှေဈေး မြင့်တက်နေချိန် ဂျပန်ယန်း ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ယန်း တန်ဖိုးကျနေသဖြင့် ဂျပန်ပြည်တွင်း ရွှေဈေးကို ယန်းဖြင့် တွက်ချက်သတ်မှတ်သည့်အခါ ပေါက်ဈေး ယန်း ၁၀,၀၀၀  ကျော်သို့ ရောက်ရှိသွား‌စေသည်။

Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 30 August 2023 22:35
Rate this item
(0 votes)