တရုတ္နဲ႔အေမရိကန္တို႔ရဲ႕ေငြေၾကးအင္အားေတြအားေကာင္းလာမႈေၾကာင့္ေရႊေစ်းကြက္အေပၚမွာရင္းနွီးျမဳပ္နွံလာမႈအားနည္းေန

တရုတ္နဲ႔အေမရိကန္တို႔ရဲ႕ေငြေၾကးအင္အားေတြအားေကာင္းလာမႈေၾကာင့္ေရႊေစ်းကြက္အေပၚမွာရင္းနွီးျမဳပ္နွံလာမႈအားနည္းေန google

ဒီေန႔ဇန္နဝါရီလ(၁၃)ရက္ေန႔အတြက္ ကမၻာ့ေရႊေစ်းနႈန္းနဲ႔ျပည္တြင္ေရႊေစ်းႏႈန္းေတြကိုတင္ဆက္ေပးပါမယ္။ဒီေန႔မွာေတာ့ ကမၻာ့ေရႊေစ်းႏႈန္းက တစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ1556.45 ေဒၚလာေပါက္ေစ်းရွိေနပါတယ္။

 

ၿပီးတဲ့တဲ့ေသာၾကာေန႔ကေစ်းနဲ႔ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ 5.89ေဒၚလာက်သြားခဲ့ပါတယ္။အခုလိုကမၻာ့ေရႊေစ်းႏႈန္းေတြက်ေနရတဲ့အေၾကာင္းအရင္းက တရုတ္နဲ႔အေမရိကန္တို႔ရဲ႕ၾကားျဖတ္ကုန္သြယ္ေရးသေဘာတူညီမႈအဆင့္ကို

 

လာမည့္ဇန္နဝါရီလ၁၅ရက္ေန႔မွာလက္မွတ္ေရးထိုးလာႏိုင္မလားဆိုၿပီးေတာ့ေစာင့္ၾကည့္ၿပီးေတာ့ရင္းႏွီးျမဳပ္ႏွံတာေတြရယ္၊ေနာက္တစ္ခ်က္ကေတာ့ ဒီႏွစ္နိုင္ငံရဲ႕ေငြေၾကးအင္အားေတြကအားေကာင္းလာတဲ့အတြက္ေၾကာင့္

 

 ေရႊေစ်းကြက္ေပၚမွာရင္းနွီးျမဳပ္နွံလာမႈေတြအားနည္းၿပီးေတာ့ေငြေၾကးရင္းႏွီးျမဳပ္နွံမႈေပၚမွာအားေကာင္းလာတာေၾကာင့္ပဲျဖစ္ပါတယ္။

 

ဒီေန႔မနက္ ၈နာရီ၄၀မွာရထားတဲ့ အေခါက္ေရႊတစ္က်ပ္သားရဲ႕ေပါက္ေစ်းကေတာ့ 1226500 က်ပ္ပါ။ၿပီးခဲ့တဲ့စေနေန႔ကေစ်းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့500က်ပ္က်သြားပါတယ္။ရာခိုင္ႏႈန္းအားျဖင့္ေတာ့ 0.04%က်သြားခဲ့တာပဲျဖစ္ပါတယ္။

 

 

(Unicode ဖြင့်ဖတ်ရန်)

 

ဒီနေ့ဇန်နဝါရီလ(၁၃)ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်ရွှေဈေးနှုန်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းက တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ1556.45 ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

 

ပြီးတဲ့တဲ့သောကြာနေ့ကဈေးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ 5.89ဒေါ်လာကျသွားခဲ့ပါတယ်။အခုလိုကမ္ဘာ့ရွှေဈေးနှုန်းတွေကျနေရတဲ့အကြောင်းအရင်းက တရုတ်နဲ့အမေရိကန်တို့ရဲ့ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီမှုအဆင့်ကို

 

လာမည့်ဇန်နဝါရီလ၁၅ရက်နေ့မှာလက်မှတ်ရေးထိုးလာနိုင်မလားဆိုပြီးတော့စောင့်ကြည့်ပြီးတော့ရင်းနှီးမြုပ်နှံတာတွေရယ်၊နောက်တစ်ချက်ကတော့ ဒီနှစ်နိုင်ငံရဲ့ငွေကြေးအင်အားတွေကအားကောင်းလာတဲ့အတွက်ကြောင့်

 

ရွှေဈေးကွက်ပေါ်မှာရင်းနှီးမြုပ်နှံလာမှုတွေအားနည်းပြီးတော့ငွေကြေးရင်းနှီးမြုပ်နှံမှုပေါ်မှာအားကောင်းလာတာကြောင့်ပဲဖြစ်ပါတယ်။

 

ဒီနေ့မနက် ၈နာရီ၄၀မှာရထားတဲ့ အခေါက်ရွှေတစ်ကျပ်သားရဲ့ပေါက်ဈေးကတော့ 1226500 ကျပ်ပါ။ပြီးခဲ့တဲ့စနေနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့500ကျပ်ကျသွားပါတယ်။ရာခိုင်နှုန်းအားဖြင့်တော့ 0.04%ကျသွားခဲ့တာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 13 January 2020 14:57
Rate this item
(0 votes)
Tagged under