အမေရိကန်တစ်ဒေါ်လာပေါက်ဈေး ၁၃၅၇ ကျပ် အထိ ဈေးတက်လာ

အမေရိကန်တစ်ဒေါ်လာပေါက်ဈေး ၁၃၅၇ ကျပ် အထိ ဈေးတက်လာ Google

အမေရိကန်ဒေါ်လာစျေးသည် ၂၀၂၀ ပြည့်နှစ်တွင် ဆက်တိုက်ကျဆင်းခဲ့ရာ နိုဝင်ဘာလ ၃၀ရက်တွင် တစ်ဒေါ်လာလျှင်ကျပ် ၁၃၀၀ ဝန်းကျင်ရှိခဲ့ရာမှာ ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ် အထိ ကျပ် ၅၀ ကျော် ဈေးတက်လာခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းက ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေလဲလှယ်နှုန်း အတက်အကျ ပေါ်မှာလည်း တည်မှီနေပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေး ဈေးကွက်ရဲ့ အနေအထားကို ပုံမှန် စောင့်ကြည့်စစ်ဆေးနေပြီး ဈေးကွက် အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေမယ့် ဈေးကစားမှုများကို ကြပ်မတ်ကွပ်ကဲလျက်ရှိပါတယ်’’ ဟု ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။


အမေရိကန်ဒေါ်လာဈေးသည် ဒီဇင်ဘာလဆန်းမှ စ၍ တအိအိ ဈေးတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၅ ကျပ်မှ ၁၀ ကျပ် နှုန်းဖြင့် နေ့စဉ်ဈေးတက်လာကြောင်း သိရသည်။


“ဒေါ်လာဈေးတက်ရတဲ့အကြောင်းတရားက သုံး၊လေး၊ ငါးချက်လောက်ရှိတယ်။ အခုက Import က COVID-19 ကာကွယ်ရေးပစ္စည်းတွေ သွင်းကြတယ်။ ဆေးဝါးနဲ့ Import ကများတယ်။ အခုက Export ကလျော့နေတယ်။ နိုင်ငံခြားမှာလည်းဒေါ်လာဈေးကပြန်မာလာတယ်။ နောက်ပြီးဝန်ထမ်းတွေကားပါမစ်သွင်းဖို့အတွက်လည်း ဒေါ်လာ ဝယ်ဖို့လိုမယ်။ ဒီအချက်တွေကြောင့် ဒေါ်လာဈေးတက်လာတာလို့ထင်ပါတယ်’’ ဟု ဒေါ်လာဈေးကွက်စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။


ပြင်ပစျေးကွက်ပေါက်စျေး အနေဖြင့် ယနေ့ ဒီဇင်ဘာ ၁၁ရက် ညနေ (၄)နာရီတွင် ဝါးခယ်မငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

 


Soure: Xinhua

Read times Last modified on Saturday, 12 December 2020 10:59
Rate this item
(0 votes)