ဝယ်လိုအားလျော့ကျနေမှုကြောင့်ဈေးနှုန်းကျဆင်းလာနေတဲ့ ကမ္ဘာ့ရွှေဈေး...

ဝယ်လိုအားလျော့ကျနေမှုကြောင့်ဈေးနှုန်းကျဆင်းလာနေတဲ့ ကမ္ဘာ့ရွှေဈေး... google










 

(Unicode ဖြင့်ဖတ်ရန်)

ဒီနေ့ဇန်နဝါရီလ(၁၀)ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကိုတင်ဆက်ပေးပါမယ်။

ဒီနေ့ရဲ့ကမ္ဘာ့ရွှေဈေးနှုန်းကတော့တစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ1549.26ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့3.06ဒေါ်လာကျဆင်းသွားပြီးရာခိုင်နှုန်းအားဖြင့်0.20%ကျဆင်းသွားပါတယ်။

သုံးရက်အတွင်းမှာအမြင့်ဆုံးဈေးနှုန်းအနေနဲ့ဇန်နဝါရီလ(၈)ရက်နေ့ကအမေရိကန်ဒေါ်လာ1609.97ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပါတယ်။

အနိမ့်ဆုံးဈေးနှုန်းအနေနဲ့ဇန်နဝါရီလ(၉)ရက်နေ့ကအမေရိကန်ဒေါ်လာ1540.67ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာလည်းကမ္ဘာ့ရွှေဈေးနှုန်းကအကျဖက်ကိုပဲဦးတည်နေပါတယ်။အခုလိုမျိုးကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းရတဲ့အဓိကအကြောင်းအရင်းကတော့

အမေရိကန်နဲ့အီရန်ရဲ့တင်းမာမှုတွေကပြန်လည်လျော့ကျသွားတာကြောင့်ပါ။နောက်ထပ်အကြောင်းအရင်းကတော့ရွှေဝယ်လိုအားနဲ့ဘွန်းစာချုပ်ဝယ်လိုအားတွေလျော့ကျနေတာကြောင့်လည်းဖြစ်ပါတယ်၊

ပြည်တွင်းအခေါက်ရွှေဈေးနှုန်းအနေနဲ့ဒီနေ့မနက်၉နာရီမှာရရှိထားတဲ့ဈေးနှုန်းအရအခေါက်ရွှေတစ်ကျပ်သားက 1220000 ကျပ်ပေါက်ဈေးရှိနေပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့ ကျပ်2000ဈေးကျသွားတာဖြစ်ပြီးရာခိုင်နှုန်းအားဖြင့်0.16%ကျသွားတာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under