စတော့အရောင်းအဝယ်ပမာဏလျော့ကျနေမှုကြောင့် မြင့်တက်နေတဲ့ ကမ္ဘာ့ရွှေဈေး

စတော့အရောင်းအဝယ်ပမာဏလျော့ကျနေမှုကြောင့် မြင့်တက်နေတဲ့ ကမ္ဘာ့ရွှေဈေး google


 


 


 


 


 


 


 


 


 

(Unicode ဖြင့်ဖတ်ရန်)

 

ဒီနေ့ဒီဇင်ဘာလ၂၇ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးချင်ပါတယ်။

 

ဒီနေ့ရဲ့ကမ္ဘာ့ရွှေဈေးနှုန်းကတော့ တစ်ထရန်အောင်စကိုအမေရိကန်ဒေါ်လာ 1512.17 ဒေါ်လာပေါက်ဈေးရှိပါတယ်။မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့ 0.04% တက်လာတာပဲဖြစ်ပါတယ်။

 

ဒီနေ့မှာကမ္ဘာ့ရွှေဈေးနှုန်းကအတက်ဖက်ကိုဦးတည်နေသလိုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေးနှုန်းကအတက်ဖက်ကိုပဲဦးတည်လျှက်ရှိနေတာပါ။

 

ဒီလိုမျိုးကမ္ဘာ့ရွှေဈေးနှုန်းတက်လာခြင်းအကြောင်းရင်းကတော့ ရင်းနှီးမြုပ်နှံသူတွေက2020ပြည့်နှစ်အတွက်အာရုံစိုက်ပြီးတော့ ပြင်ဆင်နေတာကြောင့်ပါ။

 

သုံးရက်အတွင်းအနိမ့်ဆုံးဈေးနှုန်းအနေနဲ့ဒီဇင်ဘာလ၂၆ရက်နေ့က အမေရိကန်ဒေါ်လာ1497.91ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပါတယ်။

 

အမြင့်ဆုံးဈေးနှုန်းအနေနဲ့ကတော့ဒီဇင်ဘာလ၂၇ရက်နေ့ရဲ့မနက်ပိုင်းဈေးနှုန်းအရအမေရိကန်ဒေါ်လာ1512.79ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးနှုန်းတက်လာခြင်းရဲ့နောက်ထပ်အကြောင်းရင်းကတော့နှစ်သစ်ကူးကာလ စတော့ဈေးကွက်တွေပိတ်ချိန်မှာ စတော့အရောင်းအဝယ်ပမာဏကလျော့ကျနေတာကြောင့်ဖြစ်ပါတယ်။

 

ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကတော့ဒီနေ့မနက်၈နာရီခွဲအချိန်ကရရှိထားတဲ့ဈေးနှုန်းအရ အခေါက်ရွှေတစ်ကျပ်သားကို 1197500 ကျပ်ပေါက်ဈေးရှိပါတယ်။

 

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 2100ကျပ်တက်လာပြီးရာခိုင်နှုန်းအားဖြင့်0.18%တက်လာတာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 27 December 2019 13:08
Rate this item
(0 votes)
Tagged under