ဈေးတင်ထားသော်လည်း Omega နှင့် Rolex လက်ပတ်နာရီများ ရောင်းအား ဆက်လက်မြင့်တက်

ဈေးတင်ထားသော်လည်း  Omega နှင့်  Rolex လက်ပတ်နာရီများ ရောင်းအား ဆက်လက်မြင့်တက်

ဈေးတင်ထားသော်လည်း  Omega နှင့်  Rolex လက်ပတ်နာရီများ ရောင်းအား ဆက်လက်မြင့်တက်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

 

ဆွစ်ဇာလန်နိုင်ငံမှ လက်ပတ်နာရီတင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင်  ဖရန့်  ၂၄ ဘီလီယံ(ကန်ဒေါ်လာ ၂၇.၈ ဘီလီယံ) ကျော် စံချိန်တင်ရောက်ရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်တိုးများလာနေသည်။

Omega ထုတ်လုပ်သူ Swatch Group နှင့် ဗြိတိန်၏  Rolex နာရီ အကြီးဆုံး လက်လီရောင်းချသူ တို့က ဆွစ်ဇာလန် လက်ပတ်နာရီများသည် စျေးနှုန်းများ မြှင့်တင်သတ်မှတ်ထားသော်လည်း ရောင်းအား ဆက်လက်ကြီးထွားနေဆဲ ဖြစ်ကြောင်း ပြောကြားကြသည်။ 

 

Swatch ၏ သီအီးအို  Nick Hayek က တရုတ်နှင့် အမေရိကန် နိုင်ငံများမှ ဝယ်လိုအားကြောင့် ဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင်လည်း စံချိန်တင်ရောက်ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

အကြီးမားဆုံး အမှတ်တံဆိပ်အချို့၏ စျေးနှုန်းများ မြင့်တက်နေသော်လည်း စည်းစိမ်ပြ လက်ပတ်နာရီများအတွက် ဝယ်လိုအားသည် ခိုင်မာဆဲဖြစ်ကြောင်း Switzerland Group  မှ ပြောကြားသည်။

ကမ္ဘာတစ်ဝှမ်းတွင် စတိုးဆိုင်တစ်ခုလျှင် ပျမ်းမျှရောင်းအားသည်  ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး Swatch Group သည် ၎င်း၏ကိုယ်ပိုင်လက်လီကွန်ရက်မှရရှိသော ဝင်ငွေစုစုပေါင်းသည်  ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။

 

Omega နှင့် Longines နာရီများကို ထုတ်လုပ်သူသည် ပထမနှစ်ဝက်တွင် လုပ်ငန်းလည်ပတ်အမြတ် ဖရန့် ၆၈၆ သန်းအထိ ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။ လက်ပတ်နာရီများတွင် ဈေးအနိမ့်တန်းမှ လက်ပတ်နာရီများ ရောင်းအား ပိုကောင်းသည်ဟု ဆိုသည်။ 

ရေပန်းစား လူကြိုက်များသည့် Omega MoonSwatch သည် ရောင်းဈေး ကန်ဒေါ်လာ ၂၆၀ ဝန်းကျင် ရှိသည်။  ဈေးအနိမ့်တန်း ဖြစ်သဖြင့် ဝယ်လိုအား မြင့်တက်နေဆဲ ဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားသည်။ 

 

photo_2023-07-15_18-17-59.jpg

 

 

ဆွစ်ဇာလန်တွင် ရောင်းအား ၅၀ ရာခိုင်နှုန်း မြင့်တက်သည်။ အီတလီ၊ စပိန်၊  ပြင်သစ်တို့တွင်လည်း ရောင်းအား မြင့်တက်လျက် ရှိသည်။ 

လက်ပတ်နာရီများ ရောင်းချရာတွင် ငွေလဲနှုန်းကြောင့် ဆုံးရှုံးမှုများ ရှိခဲ့သည်။ ကန်ဒေါ်လာနှင့် ယူရိုတို့ အားပျော့နေပြီး ဆွစ်ဖရန့်က မာနေသဖြင့် ယခုနှစ် ပထမ နှစ်ဝက်တွင် ငွေလဲနှုန်းကြောင့် ဖရန့် ၂၄၂ သန်း လျော့နည်းသွားစေခဲ့သည်။ 

 

မကြာသေးခင်က ဆွစ်ဇာလန်မှ လက်ပတ်နာရီကုမ္ပဏီများသည် ငွေလဲနှုန်းဒဏ်ကို ထေမိအောင် ပြည်ပဈေးကွက်များတွင် ရောင်းဈေးနှုန်းများကို မြှင့်တင်သတ်မှတ်ခဲ့ကြသည်။ Omega  သည် အမေရိကန်တွင် ၈ ရာခိုင်နှုန်းဝန်းကျင် ဈေးတင်ခဲ့သည်။ 

 

ထုတ်ကုန်အသစ်များ ထုတ်လုပ်ရောင်းချခြင်းသည် ဝယ်လိုအားကို မြှင့်တင်ပေးမည်ဖြစ်သောကြောင့် စျေးနှုန်းမြင့်တက်မှုသည် ရောင်းအားထိခိုက်မည်ဟု မမျှော်လင့်ထားကြောင်း Mr Hayek က ပြောကြားသည်။

 

Source BLOOMBERG

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Saturday, 15 July 2023 18:19
Rate this item
(0 votes)