ကမ္ဘာ့ရွှေဈေး US$ ၁,၉၀၀ အောက်ကျဆင်း

ကမ္ဘာ့ရွှေဈေး US$ ၁,၉၀၀ အောက်ကျဆင်း Google

"ဈေးကွက်စီးပွားရေး ကဏ္ဍတစ်ခုအနေဖြင့်ပါဝင်တဲ့ ရွှေဈေးနှုန်းအပြောင်းအလဲ နှင့် အတက်အကျ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး Myanmar Gold & Jewellery Buying Guide မှ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

30_Days.JPG

 

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် မှ စတင်၍ ကမ္ဘာ့ရွှေဈေး သာမက မြန်မာ့ရွှေဈေး ပါ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး သြဂုတ်လ (၇)ရက်နေ့တွင် (၁၃)နှစ်တာ ကာလအတွင်း ရွှေဈေးအမြင့်ဆုံး အခြေအနေထိရောက်ခဲ့တယ်လို့ သတ်မှတ်လို့ရပါတယ်။ သြဂုတ်လ ၆ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၂,၀၄၇ ဒေါ်လာ နှင့် မြန်မာ့ရွှေဈေးမှာလဲ (၁၆ပဲရည် ၁၃,၂၂၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၄၄၂၀၀ ကျပ်) ဖြင့် ဈေးပိတ်ခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေး (မနက်ဖွင့်ဈေး) တစ်အောင်စကို ဒေါ်လာ ၂,၀၆၈ ဒေါ်လာ၊ မြန်မာ့ရွှေဈေး (၁၆ပဲရည် ၁၃,၂၈၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၄၉၉၀၀ ကျပ်) ဖြင့် (၁၃)နှစ်တာ ကာလအတွင်း အမြင့်ဆုံး ဈေးဖြင့် ဈေးကွက်ကို စတင်ဖွင့်ခဲ့ ပါတယ်။

Woody_House_1923.png

 

3Days.JPG

 

(၁၃)နှစ်တာ ကာလအတွင်း ရွှေဈေးအမြင့်ဆုံး အခြေအနေထိရောက်ခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ ပြီးနောက် သြဂုတ်လ ၈ ရက်နေ့မှ စ၍ ရွှေဈေးမှာ အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ ယခုလိုဈေးနှုန်း မြင့်တက်ပြီးနောက် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ မနက်မှာတော့ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၁,၈၉၅ ဒေါ်လာ၊ မြန်မာ့ရွှေဈေး (၁၆ပဲရည် ၁၂,၉၀၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၁၄၁၀၀ ကျပ်) အထိ ကျဆင်းခဲ့ပါတယ်။

Forward_Dusk_334.png

Down_2.JPG

 

သြဂုတ်လ ၇ရက်နေ့ နှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့ရွှေဈေး မှာ (၁၇၃ ဒေါ်လာ)ကျဆင်းသွားပြီးမြန်မာ့ရွှေဈေးမှာလဲ (၁၆ပဲရည် ၃၈,၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၃၅,၈၀၀ ကျပ်) ကျဆင်း ခဲ့ပါသည်။ သြဂုတ်လ ၁၂ ရက်နေ့ ညနေမှာတော့ ကမ္ဘာ့ ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၂,၀၆၈ ဒေါ်လာ၊ မြန်မာ့ရွှေဈေး (၁၆ပဲရည် ၁၂,၈၇၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၁၁၃၀၀ ကျပ်) ဖြင့် ဈေးပိတ်ခဲ့ပါသည်။ ဒါကြောင့် "" ရွှေဈေးမှာ သြဂုတ်လ ၁၂ ရက်နေ့ တစ်ရက်ထဲတွင် မငြိမ်မသက်ဖြစ်နေပြီအတတ်အကျတွေက အရမ်းကွာဟတာကြောင့် ရွှေဝယ်ချင်တဲ့သူတွေ ၊ ရွှေဝယ်စုထား သူတွေအနေနဲ့ကတော့ ရောင်းမှား၊ ဝယ်မှား မဖြစ်ရလေအောင် (ဝယ်/ ရောင်)များ မလုပ်သေးပဲ ဈေးကွက်ကို စောင့်ကြည့်နေတာ အကောင်းဆုံးဖြစ်မယ် အကြံပေးချင်ပါတယ်။

 

ရွှေဈေး နောက်ဆုံးပေါက်ဈေးတွေကို Myanmar Gold & Jewellery Buying Guide ရဲ့ Facebook စာမျက်နှာမှာ နေ့စဉ်ဖော်ပြပေးလျက် ရှိတာမို့ ကြည့်ရှုလေ့လာနိုင်ပါတယ်။"

 

By Gold & Jewellery

MPK_Casting_99.png

Read times Last modified on Thursday, 13 August 2020 11:32
Rate this item
(2 votes)