ကမ္ဘာ့ရွှေဈေး ၈ နှစ်တစ်ကြိမ် အနိမ့်ဆုံး အခြေဈေး ဆိုက်ရောက်ခြင်း

ကမ္ဘာ့ရွှေဈေး ၈ နှစ်တစ်ကြိမ် အနိမ့်ဆုံး အခြေဈေး ဆိုက်ရောက်ခြင်း

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁ သောင်း ကျော်သွားနိုင်သလားလို့ မေးကြတယ်။

 

ကမ္ဘာ့ရွှေဈေးက အကျဘက် ရောက်နေတယ်။ အခုလို ဈေးကျချိန်ဟာ ရေရှည်အတွက်ဆိုရင် ရွှေဝယ်သိမ်းထားသင့်တဲ့ အချိန်အခါ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ဈေးအမြင့်တစ်ခုသို့ ရွှေဈေး ရောက်ရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားကြတယ်။ ရွှေဈေးက ဒေါ်လာ ၁ သောင်း ကျော်သွားနိုင်တဲ့အထိ တက်လိမ့်မယ်လို့လည်း ပြောကြသူတွေ ရှိတယ်။

 

အဲဒီတွက်ဆချက်တွေအတွက် အခြေခံကျတဲ အချက် နှစ်ချက် ရှိနေတယ်။ ကိုဗစ်ကြောင့် အစိုးရတွေက တိုင်းပြည်စီးပွားရေးထဲ ငွေတွေ သွန်ထည့်ပေးနေကြရတယ်။ ထောက်ပံ့ငွေ၊ အတိုးနည်းနည်း ချေးငွေ၊ ကာလရှည် ချေးငွေ စသဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် သွန်ထည့်ပေးနေကြတယ်။ အဲဒီအတွက် ငွေစက္ကူတွေ ပုံနှိပ် ထုတ်ဝေကြရတယ်။ အီး-ပိုက်ဆံ ခေတ်ရောက်မှပဲ ငွေသားစက္ကူ မရိုက်ဘဲ နေလို့ ရမယ်။

 

ဘဏ်တိုးတွေလည်း လျှော့ချထားကြရတယ်။ ငွေချေးတဲ့ဘက်မှာ အတိုးလျှော့တော့ ငွေစုတဲ့သူတွေဘက်မှာလည်း အတိုးနှုန်း လျှော့ချသတ်မှတ်ရတယ်။ ငွေဖောင်းပွမှုတွေလည်း ဖြစ်ပေါ်တယ်။ ဒီတော့ ငွေတန်ဖိုး ကျတယ်။ အစိုးရက တရားဝင် ငွေလဲနှုန်းမှာ တန်ဖိုး ချ သတ်မှတ်တာ ရှိသလို ဈေးကွက် သဘောသဘာ၀အလျောက် တန်ဖိုးကျတာလည်း ရှိတယ်။ အစိုးရတွေ စီမံပုံ လွှဲချော်တာကြောင့် ငွေတန်ဖိုး ကျနေတာကို တွန်းချနေသလို ဖြစ်ပြီး ထိန်းမနိုင်အောင် ထိုးကျိကုန်တာမျိုးအထိ ရှိတယ်။ 

 

ဒီတော့ ဘဏ်မှာ ငွေစုထားတာ ကာလရှည်ကြာချိန်မှာ ငွေတန်ဖိုးက အလိုလိုနေရင်း တန်ဖိုးလျော့နေတာ ရတဲ့ အတိုးနဲ့ မကာမိတော့ဘူး။ ဘဏ်မှာ ကာလရှည်ကြာ ငွေစုထားတာထက် ရွှေတွေဝယ်ပြီး အုထားတာက ပိုဟန်ကျနေစေတာမို့ ရွှေဝယ်လိုအား အမြဲ ရှိနေစေတယ်။ ရွှေအရောင်းအဝယ်လုပ်ပြီး ကစားတဲ့သူတွေကြောင့် ရွှေဈေး အတက်အကျတွေ ဖြစ်ပေါ်နေတာ မှန်ပေမဲ့လည်း ရေရှည်မှာတော့ ရွှေဈေးက အထက်သို့သာ တက်စမြဲ ဖြစ်ပါတယ်။

 

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက ရွှေဈေးက ရှစ်နှစ်တာ စက်ဝန်းဖြင့် သွားနေတယ်။ ဆိုလိုတာက ရှစ်နှစ်အတွင်းမှာ တစ်ကြိမ် အနိမ့်ဆုံး အခြေဈေးဆီကို ရောက်တယ်။ နောက်ဆုံးရောက်ခဲ့တဲ့ နှစ်က ၂၀၁၆ ခုနှစ် ဖြစ်ပါတယ်။ ဒီတော့ ၈ နှစ်တာကာလကို တွက်ကြည့်ရင် ၂၀၂၄ မှာ အနိမ့်ဆုံး အခြေဈေးကို ရောက်နိုင်ပါတယ်။ အဲဒီအနိမ့်ဆုံး အခြေဈေးမှာ ရွှေကာလပေါက်ဈေးက  ၂၀၁၆ ခုနှစ် အနိမ့်ဆုံး အခြေဈေးထက် ပိုမြင့်မားမှာ သေချာပါတယ်။

 

 

ပုံမှာ ၂၀၁၂ မှာ တောင်ထိပ်ကိုရောက်ပြီး ပြန်စိုက်ဆင်းတာ   ၂၀၁၆ ခုနှစ် မှာ အနိမ့်ဆုံး အခြေဈေးကို ဆိုက်ရောက်ခဲ့ပါတယ်။ အခုရောက်ရှိနေတာ က စီ ဖြစ်တဲ့အတွက် ဘီအထိ နိမ့်ဆင်းသွားမှာ မဟုတ်ဘူးလို့ ကျိန်းသေ ယူဆနိုင်ပါတယ်။ အနိမ့်ဆုံး အခြေဈေးကို ရောက်နေချိန်မှ ရွှေဝယ်သိမ်းတာဟာ အကျိုးအဖြစ်ထွန်းဆုံး ရင်းနှီးမြှဒပ်နှံမှုလို့ ရှုမြင်နိုင်ပါတယ်။

 

 

By Sandy (Gold & Jewellery Buying Guide)

Read times
Rate this item
(1 Vote)
Tagged under