မငြိမ်မသက်ဖြစ်ပွားနေသော ကမ္ဘာ့ ရွှေဈေး

မငြိမ်မသက်ဖြစ်ပွားနေသော ကမ္ဘာ့ ရွှေဈေး

ပြီးခဲ့တဲ့ သြဂုတ်လ (၂၀)ရက်ကြာသာပတေးတွင် ကမ္ဘာ့ ရွှေဈေးမှာ ကျဆင်းခဲ့၍ ဈေးကွက်အတွင်း မငြိမ်မသက်များစွာ ဖြစ်ခဲ့ပါတယ်။

 

လာမဲ့ သတ္တပတ်များတွင်လည်း ယခုလိုပဲ အတက်/ အကျ များစွာနှင့် ဈေးကွက်မတည်ငြိမ်မှုများစွာ ဆက်လက်ရှိနေအုန်းမယ်လို့ ခန့်မှန်းနေကြပါတယ်။

 

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ရွှေဈေးသည် ၁၉၀၀ ဒေါ်လာ ပတ်ချာလည်တွင် ဈေးကွက်ဖြစ်နေပြီး မကြာမှီအချိန်တွင် အမေရိကန် အစိုးအရ အပါအဝင် နိုင်ငံတော်တော် များများ မှ အစိုးရများက စီးပွားရေးကျဆင်းမှုများကို ပြန်လည် မြင့်တက်လာအောင် လုပ်ဆောင်မှုများကြောင့် ကမ္ဘာ့ ရွှေဈေးမှာ အမေရိကန် ဒေါ်လာ (၂၁၀၀) အထိ မြင့်တက်နိုင်ခြေရှိသည်ဟု စီးပွားရေးပညာရှင် တစ်ချို့က ခန့်မှန်းကြပါသည်။

 

ယခု ကဲ့သို့ ကမ္ဘာ့ ရွှေဈေး အဆမတန်မြင့်တက်ပြီး ၂လအတွင်းတွင် ရွှေဈေးကွက်မှာ ဝယ်လိုအား ကျဆင်းမှုကြောင့် အမေရိကန် ဒေါ်လာ (၁၈၀၀) အထိ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် တစ်ချို့က ခန့်မှန်းထားပါတယ်။

 ကောက်ချက်ချရရင် ရွှေဈေးက ဘေးတိုက်ပြေးနေရာမှ အတက်ဘက်ကို ဖောက်ရင် ဒေါ်လာ ၂၁၀၀ ပတ်လည် ရောက်ရှိနိုင်ပြီး အကျဘက်ကို ဖောက်ရင်တော့ ၁၈၀၀ ပတ်လည်မှာ ရှိနေပါလိမ့်မယ်။

မြန်မာ့ရွှေဈေးကတော့ ၂၁ ဩဂုတ်မှာ ၁၃၀၆၀၀၀ ကျပ်နဲ့ ဖွင့်ခဲ့ပါတယ်။

By Gold & Jewellery Buying Guide

Read times Last modified on Friday, 21 August 2020 15:22
Rate this item
(1 Vote)