ႏွစ္ပတ္အတြင္းမွာအျမင့္ဆံုးအေနအထားကိုေရာက္ရွိေနတဲ့ ယေန႔ကမာၻ႔ေရႊေစ်းႏႈန္း...

ႏွစ္ပတ္အတြင္းမွာအျမင့္ဆံုးအေနအထားကိုေရာက္ရွိေနတဲ့ ယေန႔ကမာၻ႔ေရႊေစ်းႏႈန္း... google

ဒီေန႔ဇန္နဝါရီလ၂၇ရက္ေန႔အတြက္ ကမာၻ႔ေရႊေစ်းႏႈန္းနဲ႕ျပည္တြင္းအေခါက္ေရႊေစ်းႏႈန္းေတြကိုေဖာ္ျပေပးပါ့မယ္။

ဒီေန႔မွာေတာ့ ကမာၻ႔ေရႊေစ်းႏႈန္းရဲ႕တစ္ထရမ္ေအာင္စဟာ အေမရိကန္ေဒၚလာ 1582.30ေဒၚလာေပါက္ေစ်းရွိပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔ကေစ်းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ 10.40 ေဒၚလာတက္လာခဲ့တာျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္0.66% တက္လာခဲ့တာပဲျဖစ္ပါတယ္။

ဒီေန႔ကမာၻ႔ေရႊေစ်းႏႈန္းဟာႏွစ္ပတ္အတြင္းမွာအျမင့္ဆံုးအေနအထားကိုေရာက္ရွိေနတာပဲျဖစ္ပါတယ္။

တရုတ္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ Corona Virus ေၾကာင့္စိုးရိမ္မႈေတြျမင့္တက္ေနၿပီးစီးပြားေရးေစ်းကြက္ကိုထိခိုက္လာႏိုင္မယ့္အလားအလာေတြရွိေနတာမု႔ိ

ရင္းႏွီးျမဳပ္ႏွံသူေတြဟာ စိတ္ခ်ရတဲ့ေရႊဖက္ကိုဝယ္ယူစုေဆာင္းမႈေတြျပဳလုပ္ေနတာေၾကာင့္ ဒီေန႔ကမာၻ႔ေရႊေစ်းႏႈန္းဟာ ႏွစ္ပတ္အတြင္းအျမင့္ဆံုးအေနအထားကိုေရာက္ရွိေနတာပဲျဖစ္ပါတယ္။

ဒီေန႔မနက္၈နာရီ၁၀မိနစ္မွာရရွိထားတဲ့သတင္းအရ ျပည္တြင္းအေခါက္ေရႊတစ္က်ပ္သားကို 1227500 က်ပ္ေပါက္ေစ်းရွိေနၿပီး ၿပီးခဲ့တဲ့စေနေန႕ကေစ်းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့3500က်ပ္ျမင့္တက္လာတာပဲျဖစ္ပါတယ္။

ရာခိုင္ႏႈန္းအားျဖင့္0.28%တက္လာခဲ့တာပဲျဖစ္ပါတယ္။

 

(Unicode ဖြင့်ဖတ်ရန်)

ဒီနေ့ဇန်နဝါရီလ၂၇ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းရဲ့တစ်ထရမ်အောင်စဟာ အမေရိကန်ဒေါ်လာ 1582.30ဒေါ်လာပေါက်ဈေးရှိပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 10.40 ဒေါ်လာတက်လာခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့်0.66% တက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာ့ရွှေဈေးနှုန်းဟာနှစ်ပတ်အတွင်းမှာအမြင့်ဆုံးအနေအထားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ Corona Virus ကြောင့်စိုးရိမ်မှုတွေမြင့်တက်နေပြီးစီးပွားရေးဈေးကွက်ကိုထိခိုက်လာနိုင်မယ့်အလားအလာတွေရှိနေတာမု့ိ

ရင်းနှီးမြုပ်နှံသူတွေဟာ စိတ်ချရတဲ့ရွှေဖက်ကိုဝယ်ယူစုဆောင်းမှုတွေပြုလုပ်နေတာကြောင့် ဒီနေ့ကမ္ဘာ့ရွှေဈေးနှုန်းဟာ နှစ်ပတ်အတွင်းအမြင့်ဆုံးအနေအထားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

ဒီနေ့မနက်၈နာရီ၁၀မိနစ်မှာရရှိထားတဲ့သတင်းအရ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို 1227500 ကျပ်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့စနေနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့3500ကျပ်မြင့်တက်လာတာပဲဖြစ်ပါတယ်။

ရာခိုင်နှုန်းအားဖြင့်0.28%တက်လာခဲ့တာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)