အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ

အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ

အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ

အန်ဂိုလာတွင်တွေ့ရှိခဲ့သော ပန်းရောင်စိန်သည် ကာရက် ၁၇၀ ရှိပြီး အကြီးမားဆုံး ပန်းရောင်စိန် ဖြစ်သည်။

 

အန်ဂိုလာနိုင်ငံရှိ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုသည် နှစ်ပေါင်း ၃၀၀ အတွင်း ကမ္ဘာ့အကြီးဆုံး ပန်းရောင်စိန်တုံးကြီးကို ရရှိခဲ့သည်။

မိုင်းတွင်းလုပ်သားများသည် ၁၇၀ ကာရက်ရှိသော ပန်းရောင်စိန်တုံးကြီးကို အာဖရိကနိုင်ငံ တောင်ပိုင်း၏ အရှေ့မြောက်ဘက်ဒေသရှိ Lulo သတ္တုတွင်း၌ ရှာဖွေတွေ့ရှိခဲ့သည်။  ဩစတြေးလျအခြေစိုက် Lucapa Diamond ကုမ္ပဏီက အဆိုပါစိန်တုံးကြီးအား

 Lulo သတ္တုတွင်းကို အစွဲပြုပြီး “Lulo နှင်းဆီ” “Lulo Rose” ဟု အမည်ပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စိန်ခုရေ ၁၀,၀၀၀ မှာ တစ်လုံးသာ ပန်းရောင်ရှိပါတယ်။  ဒါကြောင့် အရမ်းကြီးတဲ့ ပန်းရောင်စိန်ကို တွေ့ရတာဟာ  အလွန်တရာ ရှားပါးတဲ့ ပစ္စည်းတစ်မျိုးကို  တွေ့ရှိတာ ဖြစ်ကြောင်း သေချာပါတယ်” ဟု Lucapa ၏ CEO ဖြစ်သူ Stephen Wetherall က The Associated Press သို့ ပြောကြားခဲ့သည်

 

ပန်းရောင်စိန်ကြီးကို အင်ဂိုလာနိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီက နိုင်ငံတကာ တင်ဒါမှတစ်ဆင့် ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကုမ္ပဏီက ပန်းရောင်စိန်ကြီးကို မြစ်ကြမ်းပြင်မှာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 ကုမ္ပဏီက Kimberlites ကျောက်ကို ရှာဖွေစဉ် ပန်းရောင်စိန်ကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Kimberlites ကျောက် များဟာ စိန်ဖြစ်လာဖို့ မူလရင်းမြစ်ကျောက် ဖြစ်ပါသည်။ 

 စိန်ခုရေ ၁၀,၀၀၀ မှာ တစ်လုံးသာ ပန်းရောင်ရှိတာကြောင့် သဘာဝ ပန်းနုစိန်များဟာ ရှားပါးစိန်အမျိုးအစား ဖြစ်ပါသည်။ ၁ ကာရက်ကို ကန်ဒေါ်လာ ၂ သန်းအထိ ဈေးရှိကြောင်း Gemological Institute of America က ပြောကြားပါသည်။

 

ယမန်နှစ်မှာ အကြီးမားဆုံး ခရမ်းပန်းနုရောင် စိန်ကို လေလံတင်ခဲ့ရာ၌ ကန်ဒေါ်လာ ၂၉.၃ သန်း ရရှိခဲ့ကြောင့် CNBC သတင်းမှာ ဖော်ပြပါသည်။ ၎င်းစိန်ကြီးမဗာ ၁၅.၈ ကာရက်ရှိသည်။

နောက်ထပ် ခရမ်းပန်းနုရောင် စိန်ကြီးသည် ၁၄.၈ ကာရက် ရှိပြီး ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၂၆.၆ သန်းဖြင့် ရောင်းချခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြပါသည်။

#Gold & Jewellery Buying Guide
Telegram Channel  https://t.me/Guid4U

Source Associated Press

Read times
Rate this item
(0 votes)