တရုတ္ရဲ႕သြင္းကုန္ခြန္ေတြကိုလက္ရွိႏႈန္းထားအတိုင္းပဲဆက္လက္ေကာက္ခံသြားမယ္ဆိုတဲ့အေမရိကန္ရဲ႕သေဘာထားေၾကာင့္ျပန္လည္ျမင့္တက္လာခဲ့တဲ့ကမၻာ့ေရႊေစ်း

တရုတ္ရဲ႕သြင္းကုန္ခြန္ေတြကိုလက္ရွိႏႈန္းထားအတိုင္းပဲဆက္လက္ေကာက္ခံသြားမယ္ဆိုတဲ့အေမရိကန္ရဲ႕သေဘာထားေၾကာင့္ျပန္လည္ျမင့္တက္လာခဲ့တဲ့ကမၻာ့ေရႊေစ်း google

ဒီေန႔ဇန္နဝါရီလ(၁၅)ရက္ေန႔အတြက္ ကမၻာ့ေရႊေစ်းႏႈန္းနဲ႔ျပည္တြင္းအေခါက္ေရႊေစ်းႏႈန္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ဒီေန႔မွာေတာ့ ကမၻာ့ေရႊေစ်းႏႈန္းတစ္ထရမ္ေအာင္စဟာအေမရိကန္ေဒၚလာ 1551.20ေဒၚလာေပါက္ေစ်းရွိပါတယ္။

မေန႔ကေစ်းနဲ႔ႏိႈင္းယွဥ္ရင္ေတာ့ 6.60ေဒၚလာထိတက္လာခဲ့ပါတယ္။ရာခိုင္ႏႈန္းအေနနဲ႕ကေတာ့ 0.43% ျမင့္တက္လာခဲ့တာပဲျဖစ္ပါတယ္။

ဇန္နဝါရီလ(၁၃)ရက္ေန႔မွာေတာ့ ကမၻာ့ေရႊေစ်းႏႈန္းဟာတစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1561.10ေဒၚလာထိျမင့္တက္ခဲ့ပါတယ္။

မေန႔က ဇန္နဝါရီလ (၁၄)ရက္ေန႔မွာ ကမၻာ့ေရႊေစ်းဟာတစ္ထရမ္ေအာင္စကို1537.10ေဒၚလာထိေလ်ာ့က်သြားခဲ့ပါတယ္။

အခုလက္ရွိအခ်ိန္မွာလည္း ကမၻာ့ေရႊေစ်းႏႈန္းဟာတျဖည္းျဖည္းျမင့္တက္ေနတာကုိေတြ႔ရမွာပဲျဖစ္ပါတယ္။

အေမရိကန္နဲ႔တရုတ္တို႔ၾကားကုန္သြယ္ေရးသေဘာတူညီမႈအဆင့္(၂)ကိုေဆာင္ရြက္ဖို႔မတိုင္ခင္အထိအေမရိကန္ကေန

တရုတ္ရဲ႕သြင္းကုန္ခြန္ေတြကိုလက္ရွိႏႈန္းထားအတိုင္းပဲဆက္လက္ၿပီးေကာက္ခံသြားမယ္ဆိုတဲ့သေဘာထားေၾကာင့္ပဲအခုခ်ိန္မွာ ကမၻာ့ေရႊေစ်းဟာေစ်းကြက္ထဲမွာအနည္းငယ္ျပန္လည္ျမင့္တက္လာတာပဲျဖစ္ပါတယ္။

မနက္၈နာရီခြဲအခ်ိန္မွာ ျပည္တြင္းအေခါက္ေရႊတစ္က်ပ္သားဟာ1215000က်ပ္ေပါက္ေစ်းရွိပါတယ္။

မေန႔ကေစ်းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ 2500က်ပ္တက္လာတာျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္0.20%ျမင့္တက္လာတာပဲျဖစ္ပါတယ္။

 

(Unicode ဖြင့်ဖတ်ရန်)

ဒီနေ့ဇန်နဝါရီလ(၁၅)ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းတစ်ထရမ်အောင်စဟာအမေရိကန်ဒေါ်လာ 1551.20ဒေါ်လာပေါက်ဈေးရှိပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့ 6.60ဒေါ်လာထိတက်လာခဲ့ပါတယ်။ရာခိုင်နှုန်းအနေနဲ့ကတော့ 0.43% မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

ဇန်နဝါရီလ(၁၃)ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1561.10ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၄)ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးဟာတစ်ထရမ်အောင်စကို1537.10ဒေါ်လာထိလျော့ကျသွားခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာလည်း ကမ္ဘာ့ရွှေဈေးနှုန်းဟာတဖြည်းဖြည်းမြင့်တက်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

အမေရိကန်နဲ့တရုတ်တို့ကြားကုန်သွယ်ရေးသဘောတူညီမှုအဆင့်(၂)ကိုဆောင်ရွက်ဖို့မတိုင်ခင်အထိအမေရိကန်ကနေ

တရုတ်ရဲ့သွင်းကုန်ခွန်တွေကိုလက်ရှိနှုန်းထားအတိုင်းပဲဆက်လက်ပြီးကောက်ခံသွားမယ်ဆိုတဲ့သဘောထားကြောင့်ပဲအခုချိန်မှာ ကမ္ဘာ့ရွှေဈေးဟာဈေးကွက်ထဲမှာအနည်းငယ်ပြန်လည်မြင့်တက်လာတာပဲဖြစ်ပါတယ်။

မနက်၈နာရီခွဲအချိန်မှာ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားဟာ1215000ကျပ်ပေါက်ဈေးရှိပါတယ်။

မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 2500ကျပ်တက်လာတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့်0.20%မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under