မြန်မာပတ္တမြားကို စံချိန်ချိုးမည့် ကမ္ဘာ့အကြီးဆုံး ပတ္တမြား လေလံတင်ရန် ပြင်ဆင်

မြန်မာပတ္တမြားကို စံချိန်ချိုးမည့် ကမ္ဘာ့အကြီးဆုံး ပတ္တမြား လေလံတင်ရန် ပြင်ဆင်

မြန်မာပတ္တမြားကို စံချိန်ချိုးမည့် ကမ္ဘာ့အကြီးဆုံး ပတ္တမြား လေလံတင်ရန် ပြင်ဆင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့အကြီးဆုံး ပတ္တမြားကို ဇွန်လတွင် နယူးယော့ခ်ရှိ Sotheby's မှ လေလံတင်ရောင်းချမည်။ ဒေါ်လာ သန်း ၃၀ ကျော် ရရှိရန် ခန့်မှန်းထားသည်။

၎င်းဈေးနှုန်းအရ ဆိုပါက ၅၅.၂၂ ကာရက်ရှိ Estrela de Fura ဟု အမည်ပေးထားသော ပတ္တမြားသည် လေလံပွဲမှာ ရောင်းချဖူးသမျှ တန်ဖိုးအကြီးဆုံး ပတ္တမြား ဖြစ်လာမည်။

.

Sotheby's ကျောက်မျက်ရတနာဌာနမှ အထူးကျွမ်းကျင်သူ Uni Kim က "အစဉ်အလာပိုကြီးတဲ့ ဂန္တဝင်မြန်မာပတ္တမြားတွေနဲ့ မတူတဲ့ မူရင်း အရင်းအမြစ်တစ်ခုဖြစ်တဲ့ မိုဇမ်ဘစ်က ပတ္တမြား ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

.

လက်ရှိ ကမ္ဘာစံချိန် ပတ္တမြားမှာ ၂၅.၅၉ ကာရက် ရှိ “Sunrise Ruby” ဟု အမည်ပေးထားသော မြန်မာပတ္တမြား ဖြစ်ပြီး  ဂျနီဗာမြို့ရှိ Sotheby's တွင်  ၂၀၁၅ မေလတွင် လေလံတင်ရောင်းချခဲ့ရာ ကန်ဒေါ်လာ ၃၀ ဒသမ ၃ သန်း ရရှိခဲ့သည်။

 

 photo_2023-04-18_16-28-47.jpg

.“Sunrise Ruby”

Estrela de Fura  အမည်တွင် Fura သည် ပတ္တမြား တွေ့ရှိခဲ့သည့် Fura ပတ္တမြားတွင်းကို ဆိုလိုသည်။ ပေါ်တူဂီ ဘာသာစကားဖြင့် ပေးထားသော အမည် Estrela de Fura သည် "Star of Fura" ကိုဆိုလိုသည်။ 

မိုဇမ်ဘစ်နိုင်ငံရှိ  Fura ပတ္တမြားတွင်းတွင် Estrela de Fura ပတ္တမြားကို ၂၀၂၂ ဇူလိုင်လတွင် တွေ့ရှိခဲ့သည်။ 

.

Estrela de Fura ပတ္တမြားကို  ဟောင်ကောင်တွင် ပြသခဲ့သည်။ ထို့နောက် ထိုင်ပေ၊ စင်ကာပူ၊ ဂျနီဗာ၊ ဒူဘိုင်းတို့တွင် ပြသပေးမည် ဖြစ်သည်။ ထို့နောက် ဇါန်လ ၈ ရက်တွင် နယူးယောက်တွင် လေလံတင်မည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 18 April 2023 16:31
Rate this item
(0 votes)