အဖုိးတန္ေရႊတြက္နည္း

အဖုိးတန္ေရႊတြက္နည္း google

ေရႊဆိုတာနဲ႕လူတုိင္းကတန္ဖုိးထားတဲ့အဖိုးတန္လက္ဝတ္ရတနာပဲျဖစ္ပါတယ္။

 

လက္ဝတ္လက္စားအေနနဲ႕သာမက ၁၆ပဲရည္(မီးလင္းအေခါက္ေရႊ)အျဖစ္လည္း ဝယ္ယူၾကတာကိုေတြ႕ရပါတယ္။

 

လူတုိင္းကေတာ့ေရႊကိုအနည္းနဲ႕အမွ်ဝယ္ယူၾကေပမဲ့ ေရႊတြက္နည္းကိုေတာ့လူတုိင္းကသတိျပဳမိခ်င္မွျပဳမိပါလိမ့္မယ္။

 

ဒီေန႕မွာေတာ့ ေရႊကိုစုဖုိ႕ဝယ္တာပဲျဖစ္ျဖစ္၊ ဝတ္ဖုိ႕ဝယ္တာျဖစ္ျဖစ္ ဆုိင္ကတြက္ေပးတာကို ကိုယ္ကသိၿပီးတြက္တတ္ဖုိ႕အတြက္ ဗဟုသုတအေနနဲ႕မွ်ေဝေပးလုိက္ပါတယ္။

 

ေရႊတြက္နည္း

 

၁၆ပဲရည္တစ္က်ပ္သား ေပါက္ေစ်းကို ကိုယ္တြက္ခ်င္တဲ့ ေရႊအမ်ိဳးအစား တစ္က်ပ္သားေစ်းအျဖစ္ အရင္တြက္ရပါမယ္

 

ဥပမာ ၁၄ ပဲရည္ အျပင္စပ္အတြက္

 

16÷18 ×ေပါက္ေစ်း


16÷18 × 887000=788444

 

၁၄ ပဲရည္ အတြင္းစပ္အတြက္


14÷16× ေပါက္ေစ်း

 

၁၅ ပဲရည္အတြက္


16÷17 ×ေပါက္ေစ်း (အျပင္စပ္)


15÷16× ေပါက္ေစ်း (အတြင္းစပ္)

 

ေရႊအမ်ိဳးအစားရဲ႕တစ္က်ပ္သားေစ်းတြက္ခ်က္နည္းကိုေဖာ္ျပၿပီးတဲ့ေနာက္မွာ စုစုေပါင္းအေလးခ်ိန္တြက္နည္းကို ထပ္မံေဖာ္ျပေပးလုိက္ပါတယ္။

 

ေရြး÷8+ပဲ÷16+က်ပ္×တစ္က်ပ္သားေစ်း

 

ဥပမာ

 

၁၄ ပဲရည္ အျပင္စပ္


ေရႊတင္ခ်ိန္ 1 က်ပ္ 7 ပဲ 4 ေရြး

 

အေလ်ာ့တြက္ 1 ပဲ 6 ေရြး ဆိုပါဆို႔

 

ေပါင္းလိုက္ရင္ 1 က်ပ္ 9 ပဲ 2 ေရြးပါ

 

2÷8+9÷16+1×788444=1244263 ပါ။

 

ေရႊဝယ္ၿပီး ၿပန္ေရာင္းတဲ့အခါမွာလက္ရွိေရႊေစ်းကတက္ေနေပမဲ့ ျပန္ေရာင္းတဲ့အခါအေလ်ာ့တြက္ကို ထည့္မတြက္ပဲ ေရႊတင္ခ်ိန္ကိုသာတြက္တဲ့အတြက္ ရႈံးတာျဖစ္ပါတယ္။

 

အေလ်ာ့တြက္ဆုိသည္မွာ အထည္လုပ္တဲ့အခ်ိန္ေရႊအေလအလြင့္နဲ႕ ပန္းထိမ္ဆရာလက္ခအတြက္ေပးရျခင္းေၾကာင့္ ျပန္မရျခင္းျဖစ္ပါတယ္။



ကမ႓ာ့ေရႊေစ်းကို ျမန္မာေရႊေစ်းအျဖစ္တြက္နည္းကေတာ့


ကမ႓ာ့ေရႊေစ်း÷1.875×ေဒၚလာေပါက္ေစ်းပါ


1304÷1.875×1280=890000 ပါ

 

<<< Unicode >>>

ရွှေဆိုတာနဲ့လူတိုင်းကတန်ဖိုးထားတဲ့အဖိုးတန်လက်ဝတ်ရတနာပဲဖြစ်ပါတယ်။

လက်ဝတ်လက်စားအနေနဲ့သာမက ၁၆ပဲရည်(မီးလင်းအခေါက်ရွှေ)အဖြစ်လည်း ဝယ်ယူကြတာကိုတွေ့ရပါတယ်။

လူတိုင်းကတော့ရွှေကိုအနည်းနဲ့အမျှဝယ်ယူကြပေမဲ့ ရွှေတွက်နည်းကိုတော့လူတိုင်းကသတိပြုမိချင်မှပြုမိပါလိမ့်မယ်။

ဒီနေ့မှာတော့ ရွှေကိုစုဖို့ဝယ်တာပဲဖြစ်ဖြစ်၊ ဝတ်ဖို့ဝယ်တာဖြစ်ဖြစ် ဆိုင်ကတွက်ပေးတာကို ကိုယ်ကသိပြီးတွက်တတ်ဖို့အတွက် ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။

ရွှေတွက်နည်း

၁၆ပဲရည်တစ်ကျပ်သား ပေါက်ဈေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားဈေးအဖြစ် အရင်တွက်ရပါမယ်

ဥပမာ ၁၄ ပဲရည် အပြင်စပ်အတွက်

16÷18 ×ပေါက်ဈေး


16÷18 × 887000=788444

၁၄ ပဲရည် အတွင်းစပ်အတွက်


14÷16× ပေါက်ဈေး

၁၅ ပဲရည်အတွက်


16÷17 ×ပေါက်ဈေး (အပြင်စပ်)


15÷16× ပေါက်ဈေး (အတွင်းစပ်)

ရွှေအမျိုးအစားရဲ့တစ်ကျပ်သားဈေးတွက်ချက်နည်းကိုဖော်ပြပြီးတဲ့နောက်မှာ စုစုပေါင်းအလေးချိန်တွက်နည်းကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

ရွေး÷8+ပဲ÷16+ကျပ်×တစ်ကျပ်သားဈေး

ဥပမာ

၁၄ ပဲရည် အပြင်စပ်


ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး

အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့

ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ

2÷8+9÷16+1×788444=1244263 ပါ။

ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါမှာလက်ရှိရွှေဈေးကတက်နေပေမဲ့ ပြန်ရောင်းတဲ့အခါအလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာတွက်တဲ့အတွက် ရှုံးတာဖြစ်ပါတယ်။

အလျော့တွက်ဆိုသည်မှာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့်နဲ့ ပန်းထိမ်ဆရာလက်ခအတွက်ပေးရခြင်းကြောင့် ပြန်မရခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကို မြန်မာရွှေဈေးအဖြစ်တွက်နည်းကတော့


ကမ္ဘာ့ရွှေဈေး÷1.875×ဒေါ်လာပေါက်ဈေးပါ


1304÷1.875×1280=890000 ပါ

 

Read times
Rate this item
(1 Vote)
Tagged under