ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း One Stop Service (OSS) လုပ်ငန်းစဉ်များ ယာယီရပ်နား

ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း One Stop Service (OSS) လုပ်ငန်းစဉ်များ ယာယီရပ်နား

COVID-19 ဖြစ်ပွားနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်နေရသဖြင့် ကျောက်မျက်အချောထည်များ ဖြစ်သော ကျောက်စိမ်းလက်ကောက်၊ ပုတီး၊ ကျောက်စိမ်းရုပ်တုများ

 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့ရန် ကျောက်မျက် အချောထည်များ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် One Stop Service (OSS) ဖြင့် စစ်ဆေး၍ ချိပ်ပိတ်ကာ အခွန်ဆောင်၍ သယ်ဆောင်ခြင်းများအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်မှ စ၍ ရပ်နားထားရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း(ရုံးချုပ်)က အကြောင်းကြား လာသည်။

 

ထို့ကြောင့် ကျောက်စိမ်းကျောက်မျက် အချောထည် ရောင်းဝယ်ရန် ခွင့်ပြုမိန့်ရထားသည့် ကုမ္ပဏီနှင့် အရောင်းဆိုင်များအား အောက်တိုဘာ ၇ ရက်က ကျောက်မျက် အချောထည်များ ပူးပေါင်း စစ်ဆေးရေး စခန်း(မန္တလေး)က အကြောင်းကြားထားကြောင်း သိရသည်။

 

 

Ref: Myanmar Digital News

Read times Last modified on Friday, 09 October 2020 10:37
Rate this item
(0 votes)