မန္တလေးရွှေဈေးကွက် တစ်ကျပ်သား ၁၃ သိန်းကျော်ဈေးများမြင့်တက်၍ အရောင်းအဝယ်အေး

မန္တလေးရွှေဈေးကွက် တစ်ကျပ်သား ၁၃ သိန်းကျော်ဈေးများမြင့်တက်၍ အရောင်းအဝယ်အေး Google

မန္တလေးမြို့ ရွှေဈေးကွက်တွင် နိုဝင်ဘာ ၁၇ ရက်ဈေးဖွင့်ချိန်တွင် တစ်ကျပ်သား ကျပ် ၁၃၁၂၀ဝ၀  အထိ မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

Gold rate hits Rs86,250 per tola in Pakistan - Business - Dunya News

 

ရွှေထွက်ရာဒေသများ ဖြစ်သော သပိတ်ကျင်း၊ ရမည်းသင်းမြို့နယ်များတွင် ရွှေတူးဖော်၊ ရွှေကျင်ခြင်းလုပ်ငန်းများ ရပ်နားထားခြင်း၊ ဒေါ်လာလဲလှယ်နှုန်းကျဆင်းသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေခြင်းကြောင့် မြန်မာ့ရွှေဈေးများ မြင့်တက်လျက်ရှိသည်။ ရွေးကောက်ပွဲအပြီး နိုဝင်ဘာတတိယပတ်အတွင်း အခေါက်ရွှေတစ်

ကျပ်သား ကျပ် ၁၃ သိန်းအောက်ပြန်ကျရန်မဖြစ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။ ရွှေဈေးအမြင့်ဆုံးဈေးတွင် ရပ်တည်နေသောကြောင့် အရောင်းအဝယ်အေးသွားပြီး ရွှေ စုဆောင်းထားသူအချို့မှာလည်း အခေါက်ရွှေဈေးကျပ် ၁၃ သိန်းကျော်ရောက်ရှိလာသဖြင့်

ပြန်လည် ထုတ် ရောင်းချသူများ ပြားလျက်ရှိကြောင်း မန္တလေးမြို့ရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။ 

 

နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီ ရွှေအဖွင့်ဈေးအခေါက်ရွှေတစ်ကျပ်သား ၁,၃၀၆,၀၀၀ ကျပ်၊ ၁၅ ပဲရည် ၁,၂၂၉,၂၀၀ ကျပ်၊ ဒင်္ဂါး ၁၁၉၈၀ဝ၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၈၇၃ ဒေါ်လာ၊ ငွေလဲနှုန်း မှာ တစ်ဒေါ်လာ ၁၃၁၆ ကျပ်ဖြစ်ကြောင်း သိရသည်။

 

 

Ref: CityNews

Read times Last modified on Monday, 23 November 2020 10:33
Rate this item
(0 votes)