ဒုတိယအၾကီးဆုံးစိန္ပြင့္ၾကီးကိုဝယ္ယူခဲ့တဲ့ Louis Vuitton

ဒုတိယအၾကီးဆုံးစိန္ပြင့္ၾကီးကိုဝယ္ယူခဲ့တဲ့ Louis Vuitton google

ကမာၻ႕ဒုတိယအႀကီးဆုံးစိန္ပြင့္ႀကီးကုိ Louis Vuitton ကုမၸဏီကဝယ္ယူခဲ့ေၾကာင္းသိရသည္။

 

ထုိဝယ္ယူမႈကေတာ့ တန္ဖုိးႀကီးလက္ဝတ္ရတနာေစ်းကြက္နဲ႕ပတ္သက္တဲ့ျပင္သစ္ဖက္ရွင္ကုမၸဏီရဲ႕ ရည္မွန္းခ်က္တစိတ္တေဒသကိုေဖာ္ညႊန္းေနတယ္လုိ႕သိရပါသည္။

 

ထိုစိန္တုံးအေလးခ်ိန္မွာ ၁၇၅၈ ကာရက္ရွိၿပီး ၿပီးခဲ့တဲ့ႏွစ္ဧၿပီလက Botswana မွာ Lucara Diamond Corp သတၱဳတူးေဖာ္ေရးကုမၸဏီကေတြ႕ရွိခဲ့တာျဖစ္ပါသည္။

 

စိန္ပြင့္မွာ အနက္ေရာင္ျဖစ္ၿပီး အရြယ္အစားမွာ လက္ဖဝါးတစ္ခုစာရွိေၾကာင္းသိရသည္။

 

ထုိကုမၸဏီက ယင္းစိန္တုံးကုိ ေတာင္အာဖရိကမွာရွားရွားပါးပါးေတြ႕ရတဲ့ရတနာလုိ႕ အဓိပၸါယ္ရတဲ့ Sewelo ဟုအမည္ေပးခဲ့ပါတယ္။

 

ထို Sewelo ဟုအမည္တြင္တဲ့စိန္တုံးၾကီးကို အေရာင္တင္ၿပီး အရြယ္အစားပိုေသးတဲ့ ရတနာေတြအေနနဲ႕ထုတ္လုပ္ဖုိ႕အတြက္ Lucara,

 

ဘယ္လ္ဂ်ီယံစိန္ကုမၸဏီ HP တုိ႕နဲ႕ Louis Vuitton ကုမၸဏီတုိ႕အၾကားသေဘာတူညီမႈရရွိခဲ့တာပဲျဖစ္ပါတယ္။

 

Unicode

 

ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်ပွင့်ကြီးကို Louis Vuitton ကုမ္ပဏီကဝယ်ယူခဲ့ကြောင်းသိရသည်။

ထိုဝယ်ယူမှုကတော့ တန်ဖိုးကြီးလက်ဝတ်ရတနာဈေးကွက်နဲ့ပတ်သက်တဲ့ပြင်သစ်ဖက်ရှင်ကုမ္ပဏီရဲ့ ရည်မှန်းချက်တစိတ်တဒေသကိုဖော်ညွှန်းနေတယ်လို့သိရပါသည်။

ထိုစိန်တုံးအလေးချိန်မှာ ၁၇၅၈ ကာရက်ရှိပြီး ပြီးခဲ့တဲ့နှစ်ဧပြီလက Botswana မှာ Lucara Diamond Corp သတ္တုတူးဖော်ရေးကုမ္ပဏီကတွေ့ရှိခဲ့တာဖြစ်ပါသည်။

စိန်ပွင့်မှာ အနက်ရောင်ဖြစ်ပြီး အရွယ်အစားမှာ လက်ဖဝါးတစ်ခုစာရှိကြောင်းသိရသည်။

ထိုကုမ္ပဏီက ယင်းစိန်တုံးကို တောင်အာဖရိကမှာရှားရှားပါးပါးတွေ့ရတဲ့ရတနာလို့ အဓိပ္ပါယ်ရတဲ့ Sewelo ဟုအမည်ပေးခဲ့ပါတယ်။

ထို Sewelo ဟုအမည်တွင်တဲ့စိန်တုံးကြီးကို အရောင်တင်ပြီး အရွယ်အစားပိုသေးတဲ့ ရတနာတွေအနေနဲ့ထုတ်လုပ်ဖို့အတွက် Lucara,

ဘယ်လ်ဂျီယံစိန်ကုမ္ပဏီ HP တို့နဲ့ Louis Vuitton ကုမ္ပဏီတို့အကြားသဘောတူညီမှုရရှိခဲ့တာပဲဖြစ်ပါတယ်။

 

Read times
Rate this item
(0 votes)
Tagged under