လတ်တလော ပြည်တွင်းရွှေဈေးကွက် အခြေအနေ
လတ်တလော ပြည်တွင်းရွှေဈေးကွက် အခြေအနေ
လတ်တလော ကိုဗစ်ကာလအတွင်း ဈေးကွက်စီးပွားရေး ကဏ္ဍတစ်ခုအနေဖြင့်ပါဝင်တဲ့ ရွှေဈေးနှုန်းအပြောင်းအလဲ နှင့် အတက်အကျ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး Myanmar Gold & Jewellery Buying Guide မှ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်း ရွှေဈေးနှုန်းများက ညနေပိတ်ဈေး နှင့် မနက်ဖွင့်ဈေးတွေက အရမ်းကွာဟလာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကမ္ဘာ့ရွှေဈေး (ညနေပိတ်ဈေး) က တစ်အောင်စကို ဒေါ်လာ ၁,၈၆၀ ဒေါ်လာ ၊ ပြည်တွင်းရွှေဈေး (ညနေ့ပိတ်ဈေး) ၁၆ပဲရည် ၁၂,၈၃၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၀၇၅၀၀ ကျပ် ရှိခဲ့ပါတယ်။ 
Gold_3.JPG
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ကမ္ဘာ့ရွှေဈေး (မနက်ဖွင့်ဈေး) က တစ်အောင်စကို ဒေါ်လာ ၁,၈၆၈ ဒေါ်လာနဲ့ စဖွင့်ခဲ့ပြီး နေ့လည် ၁ နာရီ ၅၂ မိနစ်တွင် ၁,၈၇၇ ဒေါ်လာထိ မြင့်တက်ခဲ့ပါတယ်။ ညနေ ၅နာရီ တွင်လည်း ကမ္ဘာ့ရွှေဈေးက ၁,၈၈၁ ဒေါ်လာထိ မြင့်တက်သွားတာကိုတွေ့ရပါတယ်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး (မနက်ဖွင့်ဈေး) က တစ်အောင်စကို ဒေါ်လာ ၁,၈၈၉ ဒေါ်လာနဲ့စဖွင့်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၀ မိနစ်တွင် ၁,၈၈၅ ဒေါ်လာ ဖြစ်ပြီး ၄ ဒေါ်လာ ပြန်ကျခဲ့ပါတယ်။ ညနေ ၅နာရီ ၅မိနစ် အချိန် ကမ္ဘာ့ရွှေပိတ်ဈေးကတော့ ၁,၈၈၈ ဒေါ်လာ ပြန်ဖြစ်ခဲ့ပြီး ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဇူလိုင် ၂၂ မှ ဇူလိုင် ၂၄ ရက်အထိ ကမ္ဘာ့ရွှေဈေးတက်နေပေမဲ့လည်း မြန်မာ့ရွှေဈေးကတော့ (၁၆ပဲရည် ၁၂,၇၈၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၀၂၈၀၀ ကျပ်ထိ) အနည်းငယ်ကျဆင်းနေပါတယ်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး (မနက်ဖွင့်ဈေး) က တစ်အောင်စကို ဒေါ်လာ ၁,၉၀၂ နဲ့ အတက်ဈေးနဲ့ စဖွင့်ခဲ့ပြီး ညနေ ၅နာရီ ၅မိနစ် အချိန် ဒါ်လာ ၁,၉၀၂ နဲ့ ပဲ ဈေးပိတ်ခဲ့ပါတယ်။ မြန်မာ့ရွှေဈေးလဲ (၁၆ပဲရည် ၁၂,၈၀၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၀၄၇၀၀ ကျပ်ထိ) အနည်းငယ်တက်ရိပ်ပြနေပါတယ်။ 
 Gold_2.JPG
ယနေ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် ကမ္ဘာ့ရွှေဈေး (မနက်ဖွင့်ဈေး) က တစ်အောင်စကို ဒေါ်လာ ၁,၉၃၂ ဒေါ်လာ အထိ မြင့်တက်ခဲ့ဲပြီး မြန်မာ့ရွှေဈေးမှာလဲ (၁၆ပဲရည် ၁၂,၈၈၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၁၂၂၀၀ ကျပ်ထိ) တက်ခဲ့ပါတယ်။ နေ့လည် ၁ နာရီ ၃၅ မိနစ်တွင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁,၉၃၉ ဒေါ်လာဖြစ်ပြီး မြန်မာ့ရွှေဈေးမှာလဲ (၁၆ပဲရည် ၁၂,၉၄၀၀၀ ကျပ် နှင့် ၁၅ ပဲရည် ၁၂,၁၇၉၀၀ ကျပ်ထိ) တဖြေးဖြေး မြင့်တက်နေပါတယ်။
Gold_1.JPG
ဒါကြောင့် " ရွှေဈေး မငြိမ်မသက်ဖြစ်နေပြီအတတ်အကျတွေက အရမ်းကွာဟတာကြောင့် ရွှေဝယ်ချင်တဲ့သူတွေ ၊ ရွှေဝယ်စုခြင်းသူတွေအနေနဲ့ကတော့ ဈေးကွက်ကို စောင့်ကြည့်နေတာ အကောင်းဆုံးဖြစ်မယ်လို့ " ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက အကြံပေးပါတယ်။
ရွှေဈေး နောက်ဆုံးပေါက်ဈေးတွေကို Myanmar Gold & Jewellery Buying Guide ရဲ့ Facebook စာမျက်နှာမှာ နေ့စဉ်ဖော်ပြပေးလျက် ရှိတာမို့ ကြည့်ရှုလေ့လာနိုင်ပါတယ်။
အောက်ဖော်ပြပါ link ကိုနှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
>>> Click Here <<<
.......................................................................................................................................
ZawGyi
>>> Click Here <<<
Sandy
Read times Last modified on Thursday, 30 July 2020 14:01
Rate this item
(14 votes)