ကျောက်စိမ်းဝယ်ယူသူများအတွက်ဆောင်ရန်၊ ရှောင်ရန်များ(၃)

ကျောက်စိမ်းဝယ်ယူသူများအတွက်ဆောင်ရန်၊ ရှောင်ရန်များ(၃) google

ကျောက်စိမ်းဝယ်ယူမည့်သူများသည် အရောင်မှားအဝယ်မှားမဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်များထဲမှာ

 

အပိုင်း(၃)ကိုထပ်မံဖော်ပြပေးလိုက်ပါသည်။ ကျန်ရှိသည့်အချက်များကို အပိုင်းများခွဲ၍ ထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။

 

(၁၄) ပန်းပုအနုပညာလက်ရာပြောင်မြောက်မှုသည် ကျောက်စိမ်းရုပ်ထွင်းရုပ်တုများကို

 

တန်ဖိုးသတ်မှတ်ရာတွင် အရေးကြီးသောအင်္ဂါရပ်တစ်ခုဖြစ်သည်။

 

အရည်အသွေးအလယ်အလတ်မှ အရည်အသွေးနိမ့်သော ကျောက်စိမ်းကိုပန်းပုထုလေ့ရှိပြီး

 

အရွယ်အစားကြီးမားလေ့ရှိပါသည်။ အရည်အသွေးထိပ်တန်းရှိသော ကျောက်စိမ်းကိုသေးငယ်သော

 

လက်ဝတ်ရတနာအထည်ပစ္စည်းများအဖြစ် အရေအတွက်များများထုတ်လုပ်ပါသည်။ အမြတ်အစွန်းလည်း ပိုမိုရရှိပါသည်။

 

(၁၅) ကျောက်စိမ်းရုပ်ထွင်းရုပ်တု၏ အလှအပသည်မြတ်နိုးဖွယ်ရာ၊ နှစ်သက်ဖွယ်ရာဆွဲဆောင်မှုရှိပါက

 

ပန်းပုအနုပညာလက်ရာပြောင်မြောက်သည်ဟု အကဲဖြတ်ရပါမည်။ စဉ်းစားရမည့်အချက်များမှာ

 

အနုစိတ်လက်ရာ အဆင့်အတန်းနှင့်ကောင်းမွန်ခြင်း၊ အသစ်အဆန်းဖြစ်ခြင်း၊ အရောင်အမျိုးမျိုးပါဝင်အောင်ကြံဆ၍

 

ထုတ်လုပ်ထားခြင်း၊ ရုပ်တွင်းရုပ်ထု၏ အချိုးအစားစသည့်တို့ဖြစ်သည်။

 

(၁၆) ရုပ်ထွင်းရုပ်ထုကိုလက်နှိပ်ဓာတ်မီးအလင်းရောင်တွင် အဏုကြည့်ကိရိယာဖြင့်စစ်ဆေးပါ။

 

အက်ရာများနှင့်ကော်ကပ်ထားခြင်းရှိ-မရှိကို ရှာဖွေပ်။ အချို့ရုပ်ထွင်းရုပ်တုများ၏ အစိတ်အပိုင်းသည်

 

ကျိုးပဲ့သွားသဖြင့်ကော်ဖြင့် ပြန်ကပ်ထားတတ်ပါသည်။

 

(၁၇) ရုပ်ထွင်းရုပ်ထု၏အောက်ခြေတွင်ကော် သို့မဟုတ် အထိုင်ထည့်ထားသည်ကိုတွေ့ရပါက ၎င်းးရုပ်ထုသည်

 

ဟန်ချက်မညီသောကြောင့် တည်ငြိမ်စေရန်အတွက် ပြင်ပအကူအညီထည့်ထားသည်ကို သိရပါသည်။

 

(၁၈) ရှေးခေတ်ပန်းအိုးကြီးများသည် အများအားဖြင့်ထူလေ့ရှိသည်။ အားကောင်းသောအလင်းရောင်ကိုအသုံးပြု၍

 

၎င်း၏အထူနှင့် ပန်းပုအနုပညာလက်ရာပြောင်မြောက်မှုကို စစ်ဆေးပါ။

 

(၁၉) ဆယ်ဆချဲ့အဏုကြည့်ကိရိယာ၊ လက်နှိပ်ဓာတ်မီးနှင့် အရောင်စစ်ကိရိယာ(Chelsea Color Filter) ကိုအသုံးပြု၍

 

“စီ” ကျောက်စိမ်း (C.Jade) (ဆေးဆိုးကျောက်စိမ်း) ကိုဖော်ထုတ်နိုင်ပါသည်။

 

၎င်းကျောက်စိမ်း၏ အရောင်သည်မျက်နှာပြင်ပေါ်တွင်သာ ပေါ်လောပေါ်သောအနေအထားဖြင့်

 

အများဆုံးတွေ့ရသည်။ အက်ရာများတွင် ဆိုးဆေးများစုပုံနေတတ်ပါသည်။

 

အရောင်ပြန့်နှံ့ခြင်းသည် တိကျသောလားရာဘက်မရှိဘဲ ပင့်ကူအိမ်ပုံစံ၊ အကြောများ သို့မဟုတ်

 

အကွက်များပုံစံဖြင့်တွေ့ရသည်။ အရောင်စပ်ကိရိယာဖြင့် စစ်ဆေးရာတွင် ကျောက်စိမ်းအရောင်သည်

 

အနီရောင် သို့မဟုတ် ပန်းရောင်သို့ ပြောင်းသွားသည်ကိုတွေ့မြင်ရပါက ၎င်းကျောက်စိမ်းသည်ဆေးဆိုးထားသော ကျောက်စိမ်းဖြစ်နိုင်သည်။

 

(၂၀)အချို့သော “စီ” ကျောက်စိမ်းများကိုတစ်ပိုင်းတစ်စသော ဆေးဆိုးထားနိုင်ပါသည်။

 

သဘာဝတိုင်းဖြစ်ပေါ်သော ရေညှိကဲ့သို့အစိမ်းရောင်မျိုးနှင့်ဆင်တူပါသည်။

 

သဘာဝအတိုင်းဖြစ်ပေါ်သောရေညှိကဲ့သို့ အစိမ်းရောင်မျိုးနှင့်ဆင်တူပါသည်။

 

ထိုကျောက်မျိုးတွင်ကျောက်၏မျက်နှာပြင်ပေါ်တွင် ဆိုးဆေးကိုသုတ်လိမ်းထားပါသည်။

 

အချိန်ကြာလာသည်နှင့်အမျှအရောင်မှိန်သွားပါသည်။

 

(၂၁) ကျောက်မျက်ပညာရှင်တစ်ဦး၏ အကြံဥာဏ်ကိုရယူခြင်းသည်

 

တန်ဖိုးကြီးမားသော ဆုံးရှုံးမှုကိုအကောင်းဆုံးကာကွယ်ပေးနိုင်ပါသည်။

 

(၂၂) “ဘီ” ကျောက်စိမ်း(B Jade)၏အနေအထားသည် အသားပျက်စီးသွားသောကြောင့် ၎င်း၏တောက်ပပြောင်လက်မှုနှင့်

 

ပွင့်ရည်သည် “အေ”ကျောက်စိမ်း (A Jade)(သဘာဝ)လောက်မကောင်းပါ။ ကျောက်ကို ဘေးတိုက်အနေအထားတွင်

 

အလင်းပြန်အလင်းဖြင့်ကြည့်သောအခါမျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်ပုံစံကိုတွေ့ရသည်။

 

(၂၃) အရောင်ပြည့်ဝမှုကောင်းလွန်းသော ခရမ်းရောင်ကျောက်စိမ်းကိုအထူးဂရုစိုက်ပါ။

 

”ဘီ”ကျောက်စိမ်း၏အလင်းပေါက်အား အလွန်ကောင်းသောကြောင့် အရောင်မှာပိုမိုပီပြင်၍ ပြည့်ဝလာပါသည်။

 

အရည်အသွေးကောင်းသော ခရမ်းရောင်ကျောက်စိမ်းကိုတွေ့ပါက “ဘီ” နှင့် “စီ”ကျောက်စိမ်းဖြစ်နိုင်ပါသည်။

 

Source: မြန်မာ့ကျောက်စိမ်း

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)