ဝှီးချဲမပါဘဲ မင်္ဂလာဆောင်ခန်းမထဲသို့ အပျော်ရွှင်ဆုံး ဝင်ရောက်လာတဲ့ မသန်စွမ်းသတို့သမီးလေး

ဝှီးချဲမပါဘဲ မင်္ဂလာဆောင်ခန်းမထဲသို့ အပျော်ရွှင်ဆုံး ဝင်ရောက်လာတဲ့ မသန်စွမ်းသတို့သမီးလေး

ဖိလစ်ပိုင်နိုင်ငံ ၊ Cebu မြို့မှာ နေထိုင်လျက် ရှိတဲ့ မွေးကတည်းက ခြေနှစ်ဖက် မပါရှိတဲ့ မသန်စွမ်း မိန်းကလေးဟာ သူမရဲ့မင်္ဂလာပွဲနေ့မှာတော့ ပွဲကျင်းပရာ ဘုရားကျောင်းထဲသို့ ဝှီးချဲ လုံးဝ မစီးဘဲ ကိုယ်တိုင် ဝင်ရောက်လာခဲ့ပါတယ် ။

 

Rosie Babor အမည် ရှိတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က သူမနဲ့ 3နှစ်တာ လက်တွဲခဲ့တဲ့ ချစ်သူ Mario Perez နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး ၊ သူမရဲ့ညာဘက်လက်က တင်ပါးတွေ ဟန်ချက်ညီအောင် ထိန်းငြိပေးရင်း သူမရဲ့ဘယ်ဘက်လက်မှာတော့ ပန်းစည်းကို ကိုင်ပြီး အနီ ရောင်ကော်ဇောပေါ်  ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လာ နေခဲ့တာပါ ။ Babor ကတော့ ‘ ကျွန်မရဲ့ မင်္ဂလာပွဲနေ့မှာ အရာရာတိုင်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံစေချင်ခဲ့တာပါ ၊ အဲဒါကြောင့် ကျွန်မ ဘုရားကျောင်းထဲကို ဝှီးချဲ မစီးဘဲ ကိုယ်တိုင် ဝင်ရောက်လာခဲ့တာပါ ၊ အနည်းငယ် ခက်ခဲခဲ့ပေမဲ့လည်း အဲ့နေ့က အကောင်းဆုံးဖြစ်ခဲ့ပါတယ် ‘ ဆိုပြီးပြောပြခဲ့ပါတယ် ။

 

သူမတို့စုံတွဲရဲ့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲ video ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှ ခဲ့ပြီး နောက်ဆုံး နှစ်ယောက်လုံး ပေါင်းဖက်နိုင်ကြပြီဖြစ်လို့ ဝမ်းသာကြောင်း ရေးသားခဲ့ပါသေးတယ် ။ ကူးစက်ရောဂါအခြေအနေတွေကြောင့် သူမတို့ရဲ့မင်္ဂလာပွဲကို မကြာခဏ ရက်ရွေ့နေခဲ့ရတာဖြစ်ပြီး ၊ အခုချိန်မှာမှ လက်ထပ်ပွဲ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ် ။ Babor နဲ့ Perez တို့ဟာ မင်္ဂလာပွဲကို လူအကန့်အသတ်နဲ့သာ ဖိတ်ကြားခွင့် ရလို့ နှစ်ဖက်မိသားစု နှင့် အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာ ဖိတ်ကြားခွင့်ရခဲ့ကြောင်း သိရှိရပါတယ် ။

 

 

Source: next shark

Read times Last modified on Friday, 16 October 2020 17:11
Rate this item
(0 votes)