ကျောက်မျက်ရတနာတို့၏ တန်ဖိုးတက်စေသောအရာများ အပိုင်း-၂

ကျောက်မျက်ရတနာတို့၏ တန်ဖိုးတက်စေသောအရာများ အပိုင်း-၂ Google

ကျောက်မျက်အများစုတို့သည် အလေးချိန်အရ တန်ဖိုးတက်သကဲ့သို့ ယင်းတန်ဖိုးကို

 

ကာရက် (Carat) ပေါ်တွင် အခြေခံ၍ တွက်ချက်သည်။ ကျောက်မျက်တစ်တုံး ၂၀၀ မီလီဂရမ်ကာရက်ရှိသည်ဆိုကြပါစို့ ထိုကာရက် (Carat) သည် ကျောက်မျက်အလေးချိန်၏ ယူနစ်ဖြစ်သည်။ ရွှေ၏ သန့်စင်မှုကို တိုင်းထွာသော ကရက် (Karat) နှင့် ရောမထွေးစေလိုပါ။

 

အမျိုးမျိုးသော ကျောက်မျက်တို့၏ ကာရက်ပေါ်မူတည်သည့် ဈေးနှုန်းသည် အမျိုးမျိုးအထွေထွေရှိသည်။ တစ်ဒေါ်လာမှ ဒေါ်လာထောင်ပေါင်းများစွာအထိ ရှိနိုင်သည်။ ကျောက်မျက်တို့၏ ကာရက်ပေါ် မူတည်တွက်ချက်သော တန်ဖိုးသည် အောက်ဖော်ပြပါ အချက်များပေါ်တွင် မူတည်သည်။

 

အောက်ဖော်ပြပါ အချက်များသည် ကျောက်မျက်တို့၏ တန်ဖိုးကို အဆုံးအဖြတ်ပေးနိုင်သော အချက်အလက်များ ဖြစ်သည် -

 

ပြုု ပြင်ထားခြင်း Treatment

ပြုပြင်ထားသော ကျောက်များသည် မပြုပြင်ထားသော ကျောက်များထက် အမြဲတမ်း တန်ဖိုးနည်းလေ့ရှိသည်။

 

ထွက်ရှိရာဒေသ Origin

တိတိကျကျပြောရမည်ဆိုပါက သဘာဝအလျောက် ကောင်းမွန်သောကျောက်သည် အလွန်ကောင်းမွန်ပြီး တန်ဖိုးကြီးလေ့ရှိသည်။ ထို့ပြင် ထိုကျောက်တို့၏ ထွက်ရှိရာဒေသပေါ်မူတည်၍ ကျောက်၏တန်ဖိုးလည်း ပြောင်းလဲ သွားလေ့ ရှိသည်။ ဆိုလိုသည်မှာ ထွက်ရှိရာဒေသပေါ်မူတည်၍ ကျောက်တို့၏တန်ဖိုး တက်သွားခြင်းဖြစ်သည်။ ဥပမာ စိန်ဆိုလျှင် အာဖရိက၊ ပတ္တမြားဆိုလျှင် မြန်မာဖြစ် သည်။

 

ဖက်ရှင် Fashion

နီလာပြာကဲ့သို့ ကျောက်မျိုးသည် ဖက်ရှင်ကျလေ့ရှိသဖြင့် တခြားကျောက်များထက် တန်ဖိုးသင့်လေ့ရှိသည်။ အချိန်တိုကာလ အတွင်း ဖက်ရှင်ကျမှုပေါ်မူတည်၍ ကျောက်မျက်တို့၏ တန်ဖိုးလည်း အနည်းအများ ကွာခြားသွားလေ့ရှိ သည်။ ဖက်ရှင်ကျမှုနည်းသော ကျောက်မျက်သည် တန်ဖိုးနည်းလေ့ရှိသည်။

 

အဆင့်ဆင့် လွှဲပြောင်းလာမှု Supply Chain

ကျောက်မျက်ကုန်သွယ်ခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ထိုလုပ်ငန်းထဲတွင် ပါဝင်သော မည်သူမဆို အဆင့်ဆင့် လွှဲပြောင်း လာကြသူများဖြစ်သည်။ ကျောက်မျက်ထွက်ရာ သတ္တုတွင်းမှ ကျောက်မျက်ရောင်းဝယ် ဖောက်ကားရာနေရာသို့ အဆင့်ဆင့် လွှဲပြောင်းလာမှု ရှိသည်။ ကျောက်မျက်များသည် နှစ်ပေါင်းများစွာမှတစ်ဆင့် သုံးစွဲသူထံသို့ ရောက်ရှိလာသည်။ ပွဲစားများနှင့် ဖြန့်ဖြူးရောင်းချသူများသည် ကျောက်မျက်ကို နောက်ဆုံးအပြီးသတ် တန်ဖိုးဖြတ်ကြသည်။ ဆိုလိုသည်မှာ တူညီသောကျောက်မျက် တစ်ခုသည် ထွက်ရှိရာဒေသမှ သုံးစွဲသူထံသို့ အဆင့်ဆင့် လွှဲပြောင်းလာမှုအရ တန်ဖိုးသည်လည်း ပြောင်းလဲဖြစ်ပေါ်လာသည်။

 

ဝယ်လိုအားနှင့်ရောင်းလိုအား Supply and demand

များစွာသောလူတို့သည် ကျောက်မျက်၏ ပုံစံအချို့ကို တပြိုင်နက်ထဲကြိုက်လေ့ရှိကြသည်။ ထိုအခါ ထုတ်လုပ်မှုမှာ အကန့်အသတ်ရှိသဖြင့် ကျောက်မျက်မှာလည်း ရှားသွားပြီး ထိုကျောက်၏ဈေးသည် တန်ဖိုးတက်သွားသည်။ မည်သို့ဆိုစေကာမူ စိန်အတွက်မူ ဤသို့မဟုတ်ပေ။ ကမ္ဘာတစ်ဝှမ်းလုံးရှိ စိန်များ၏တန်ဖိုးကို De Beers အကျိုးတူပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းမှ ထိန်းချုပ်ထားသည်။

 

 

By Sandy ( Gold & Jewellery Buying Guide )

Read times Last modified on Friday, 06 November 2020 12:15
Rate this item
(1 Vote)
Tagged under